Monday, 30 December 2019 15:52

 

 

meniscus_1.jpg

 

Meniscus ဆိုတာဟာ ဒူးအရိုးနုက ပေါင်ရိုးနှင့် ညို့သကျည်းရိုးတို့ဆုံရာ (ဒူးခေါင်းအဆစ်) နေရာမှာ ပွတ်တိုက်မှုဒဏ်နည်းပါးဖို့ ကူရှင်လို ကာကွယ်ပေးထားတဲ့ အရိုးနုဖြစ်ပါတယ်။ Meniscus မှာ အတွင်း meniscus နဲ့ အပြင် meniscus ဆိုပြီးတော့ ၂ခုရှိပါတယ်။

ဒူးအရိုးနုဆုတ်ပြဲရခြင်းရဲ့ ယေဘုယျအကြောင်းအရင်း (၂) ခုကတော့

(၁) အားကစားလုပ်ရာရင်း ထိခိုက်ဒဏ်ရာပြီး ဒူးအရိုးနုဆုတ်ပြဲခြင်း

(၂) အသက်အရွယ်ကြီးလို့ ဒူးအရိုးနုယိုယွင်းလာဖြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒူးအရိုးနုဆုတ်ပြဲခြင်းကြောင့် ခံစားရတဲ့ အဓိကရောဂါလက္ခဏာတွေကတော့

- ဒူးဆစ်နာကျင်ကိုက်ခဲခြင်း

- ဒူးဆစ်ရောင်ခြင်း

- ဒူးအကွေးအဆန့်မလွယ်ခြင်း

- လမ်းလျှောက်ရာတွင် ဒူးဆစ်အား အပြည့်အဝမလှုပ်ရှားနိုင်ခြင်းတို့ ဖြစ်ပါတယ်။

Read More>>>ပန်းသွေးရောင်သန်းပြီး လှပတဲ့ လက်သည်းလေးတွေ ရရှိစေနိုင်တဲ့ နည်းလမ်းများ

ဒူးအရိုးနုဆုတ်ပြဲခြင်း ကိုဘယ်လိုသိရှိနိုင်မလဲ?

- ဆရာဝန်မှ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခြင်း

- သံလိုက်ဓာတ်မှန် MRI scan ရိုက်ခြင်း

- သေးငယ်သောမှန်ပြောင်းဖြင့် ဒူးဆစ်အတွင်း စမ်းသပ်စစ်ဆေးခြင်း တို့ဖြင့် သိရှိနိုင်ပါတယ်။

ဒူးအရိုးနုဆုတ်ပြဲခြင်း ကိုဘယ်လိုကုသမလဲ?

- ပြင်းထန်သော လှုပ်ရှားမှု မပြုလုပ်ဘဲ ဒူးဆစ်အား အနားပေးခြင်း

- နာကျင်ရောင်ရမ်းနေသော နေရာအား ရေခဲဝတ်ကပ်ပေးခြင်း

- သေးငယ်သောမှန်ပြောင်းဖြင့် ဒူးဆစ်အတွင်း အရိုးနုဆုတ်ပြဲခြင်းအား ကုသခြင်း

- လိုအပ်ပါက ဒူးဆစ်အစားထိုးခွဲစိတ်ခြင်း

ဒူးအရိုးနုဆုတ်ပြဲခြင်းဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး စောစီးစွာကုသပါက သက်သာပျောက်ကင်းနိုင်ပါတယ်။ တကယ်လို မိမိတွင် ဒူးဆစ်နဲ့ပက်သက်ပြီး ထိခိုက်ဒဏ်ရာရရှိခြင်း၊ နာကျင်ရောင်ရမ်းခြင်း၊ လမ်းလျှောက်ရာတွင် ဒူးဆစ်နာကျင်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားနေရပါက အရိုးအဆစ်အထူးကုဆရာဝန်နဲ့ စနစ်တကျတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Ref; Mandalar Hospital


Read 1019 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.