Monday, 30 December 2019 14:22

shutterstock-1310591375.jpg

 

မိန်းကလေးတစ်ယောက်အတွက် အလှတရားမှာ လက်သည်းကလည်း မပါမဖြစ် ပါဝင်တဲ့ အလှတစ်ခုပါပဲ။ လက်သည်းလေးတွေ ပန်းရောင်သန်းတဲ့ လှပမှုကို မိန်းကလေးတွေ လိုချင်ကြမှာပါ။ လှပတဲ့ လက်သည်းလေးတွေရရှိအောင် ဘယ်လိုအစားအစာမျိုးကို စားသင့်သလဲ။ ဘယ်လိုနည်းလမ်းတွေက သင့်ကို ပန်းရောင်သန်းတဲ့ လက်သည်းလှလှလေးတွေကို ပိုင်ဆိုင်စေသလဲဆိုတာကို ပြောပြပေးသွားမှာပါနော်။

ဘယ်လိုအစားအစာမျိုးကို ရွေးချယ်စားသောက်သင့်သလဲ 

ကျန်းမာလှပတဲ့ လက်သည်းလေးတွေကို ရရှိစေနိုင်မယ့် အဓိကလိုအပ်ချက်ကတော့ ပရိုတိန်းဓာတ်ပါ။ ပရိုတိန်းဓာတ်ပါဝင်တဲ့ အစားအသောက်ကို များများစားသုံးပေးဖို့လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်အေဓာတ်ကို ဖြည့်တင်းပေးခြင်းဖြင့်လည်း သန်မာတဲ့ လက်သည်းတွေကို ပိုင်ဆိုင်စေနိုင်မှာပါ။ ဗီတာမင်အေပါဝင်တဲ့ အသား၊ ငါး၊ မုန်လာဥကဲ့သို့သော အသီးအရွက်များကို စားသုံးပေးခြင်းဖြင့် ဗီတာမင်အေကို ဖြည့်တင်းနိုင်ပါတယ်။

နောက်ထပ် လက်သည်းကို အားဖြည့်ပေးနိုင်မယ့် အစားအစာကတော့ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အနီရောင်ရှိသော အသားများ (ဥပမာ - အမဲသား၊ သိုးသား)ကို စားသုံးခြင်းဖြင့်လည်း ကျန်းမာတဲ့လက်သည်းအစုံကို ရရှိနိုင်မှာပါ။ Nutrients Journal များရဲ့ ဖော်ပြချက်တွေအရ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့လျှင် အသားကို အနည်းဆုံး 40 Grams စားသင့်တယ်လို့ ဆိုပါတယ်။

Calcium ဟာလည်း လက်သည်းတွေ သန်မာဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ထောပတ်ကဲ့သို့သော ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေဟာလည်း လက်သည်းအတွက် လိုအပ်တဲ့ဓာတ်တွေကို ဖြည့်တင်းပေးမှာပါ။ 

လက်သည်းလေးတွေ ပန်းသွေးရောင်ကြွယ်ပြီး လှစေနိုင်တဲ့ နည်းလမ်းများ

လက်သည်းနီဆိုးတာကြောင့်ဖြစ်ဖြစ်၊ နေ့စဉ်ထိတွေ့နေရတဲ့ အရာတွေကြောင့်ဖြစ်ဖြစ် လက်သည်းလေးတွေ အရောင်ပြောင်းတတ်တာကြောင့် လက်က ကြည့်ရတာ မလှတော့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းဖို့ အိမ်တွင်းကုထုံးလေးကို ပြောပြပေးမယ်နော်။

Read More>>>သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အစားအစာ (၈)မျိုး

သံလွင်ဆီ

အာဟာရဖြည့်ပေးတဲ့ အဆီတစ်မျိုးဖြစ်သော သံလွင်ဆီဟာ လက်သည်းတွေကို တောက်ပစေဖို့အပြင် အစိုဓာတ်ကို ထိန်းသိမ်းပေးဖို့အတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ လက်သည်းလေးတွေကို သေချာလေး သန့်စင်လိုက်ပြီး အပူပေးထားတဲ့ သံလွင်ဆီခပ်နွေးနွေးလေးကို ဇလုံတစ်ခုထဲထည့်ကာ လက်သည်းလေးတွေ မြုပ်တဲ့အထိစိမ်ထားလိုက်ပါ။ ၁၅ မိနစ်လောက်စိမ်းပြီးရင် တဘက်စလေးသုံးပြီး လက်သည်းတစ်ချောင်းချင်းစီကို သေချာလေးတိုက်ပေးပါ။

သံပုရည်

အရောင်ပြောင်းနေတဲ့ လက်သည်းလေးတွေအတွက် အထူးသင့်တော်တဲ့ အကောင်းဆုံးသော လက်သည်းသန့်ဆေးရည်တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို မုန့်ဖုတ်ဆော်ဒါ အနည်းငယ်၊ ရေအနည်းငယ်တို့နဲ့ရောစပ်ပြီး ဇလုံတစ်ခုထဲမှာ မွှေလိုက်ပါ။ ထို့နောက် လက်သည်းတွေပေါ်မှာ ၁၀ မိနစ်လောက်လူးထားပြီး သွားပွတ်တံလေးနဲ့ တိုက်ပေးပါ။ ပြီးရင်တော့ လက်ချောင်းလေးတွေကို သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ ပင်လယ်ဆားအနည်းငယ်နဲ့ ရေနွေးတို့ ရောစပ်ထားတဲ့ ရေထဲကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် စိမ်ပေးပါ။

Rose Water 

အသားအရေအတွက်တင်မဟုတ်ဘဲ လက်သည်းခြေသည်းလေးတွေအတွက်ပါ အထောက်အကူပြုပေးတဲ့ Rose Water ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်ရုံသာမက အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် လက်သည်းလေးတွေကို သန့်စင်ပြီးတိုင်း Roes Water လေးကို သေချာလူးပေးပါ။

သခွားသီး 

 

လက်သည်းတွေအတွက် သင့်တော်တဲ့ သဘာဝပစ္စည်းတစ်ခုဖြစ်သော သခွားသီးကို ပါးပါးလေးလှီးပြီး လက်သည်းလေးတွေပေါ်မှာ ကပ်ထား၍သော်လည်းကောင်း၊ အရည်စွတ်ပေး၍သော်လည်းကောင်းပြုလုပ်ပေးပါ။ နှစ်ပတ်လောက်ထိ နေ့စဉ်လုပ်ပေးပါက သိသာတဲ့ ရလဒ်ကို ရရှိစေနိုင်မှာပါ။

 

ထောပတ်သီး

 

လက်သည်းတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုဖြစ်တဲ့ ထောပတ်သီးဟာ လက်သည်းတွေ ကြွပ်ဆတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးသလို လက်သည်းရဲ့ အရောင်အသွေးတောက်ပမှုအတွက် အားဖြည့်ပေးပါတယ်။ လက်သည်းခြောက်သွေ့မှုကင်းပြီး ပန်းသွေးရောင်သန်းစေဖို့ လက်သည်းအပေါ်မှာ လိမ်းပေးနိုင်သလို စားပေးလို့လည်းရနိုင်ပါတယ်။

ဗီတာမင် E 

လက်သည်းတွေ ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဓာတ်တစ်ခုဖြစ်တဲ့ ဗီတာမင် E ဟာလည်း လက်သည်းတွေကို သွေးလည်ပတ်မှုကောင်းစေပြီး လက်သည်းတွေကို အောက်ဆီဂျင်ရရှိစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် E ကို သန့်စင်ထားတဲ့ လက်သည်းလေးတွေပေါ်မှာ ညအိပ်ရာမဝင်ခင် ပုံမှန်လူးပေးခြင်းဖြင့် ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

My Mandalay


Read 260 times
Rate :
(3 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.