Saturday, 28 December 2019 16:08

company-party_1.jpg

Happy New Year မှာ အပျော်လွန်ပြီး သောက်တာများသွားလို့ မနက် အိပ်ရာနိုးလာတဲ့အခါ အရက်နာကျနေတယ်ဆိုရင် ခံရခက်လွန်းပါတယ်။ မနက်နိုးလာတာနဲ့ ခေါင်းကိုက်လာတယ် ၊ မူးလာတယ် ။ ဒီလိုတွေဖြစ်လာရင် အစားစားဖို့တောင် ခက်ခဲလာမှာပါ။ ညဘက် အရက်သောက်ပြီး မနက်နိုးလာရင် အရက်နာကျပြီး ဒီလိုတွေမဖြစ်ရအောင် အခုဖော်ပြမယ့် နည်းလမ်းတွေက ကူညီပေးနိုင်ပါတယ်။

 

(၁) ရေသောက်ပေးပါ။

 

ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက် ရေသောက်ပေးဖို့လိုပါတယ်။ ရေများများသောက်ပေးလေ ခန္ဓာကိုယ်ထဲက အဆိပ်ဖြစ်စေတဲ့အရာတွေကို သန့်စင်နိုင်လေဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ညဘက်အရက်သောက်နေချိန်မှာ ရေကို များများသောက်ပေးသင့်ပါတယ်။ (အရက် ၁ ခွက်သာက်ပြီးတိုင်း ရေ ၁ ခွက်သောက်သင့်ပါတယ်။ အပျော်လွန်ပြီး ရေသောက်ဖို့မေ့သွားတာမျိုး မဖြစ်ပါစေနဲ့။ အရောမပါဘဲနဲ့ အရက်ချည်းပဲလည်း မသောက်ပါနဲ့။)

(၂) မနက်စာ စားပါ။

ညကအရမ်းများသွားပြီး နောက်တစ်နေ့နိုးလာချိန်မှာ ခေါင်းကမကြည်မလင်ဖြစ်နေခဲ့ရင်တောင် မနက်စာကို လုံးဝမစားဘဲနေတာမျိုး မလုပ်ပါနဲ့။ အစားအစာတွေမှာပါတဲ့ Electrolytes တွေက ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လိုရီတွေကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အရက်နာကျနေတဲ့အခါ ကြေလွယ်တဲ့အစားအစာကို စားသုံးမိဖို့တော့ လိုအပ်ပါတယ်။ ပေါင်မုန့်မီးကင်၊ ခရက်ကာတို့ စားသုံးပေးပါ။ ဒီအစားအစာတွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်။

(၃) သံပုရာရည်သောက်ပေးပါ။

သံပရာရည်က အရက်နာကျ သက်သာစေဖို့အတွက် အကောင်းဆုံးဆေးပါ။ သံပရာရည်ကို သောက်လိုက်ရင် မူးဝေတာတွေအပြင် ကြွက်သားနာတာတွေကိုပါ ပျောက်စေနိုင်ပါတယ်။ သံပရာသီးက ခန္ဓာကိုယ်အတွင်းမှာ ရှိသင့်တဲ့ သွေးချိုအဆင့်ကို ထိန်းပေးပါတယ်။

(၄) ဂျင်းပြုတ်ရည် သောက်ပါ။

ပုံမှန်ဆိုရင် ချင်းပြုတ်ရည်ကို နေမကောင်းဖြစ်ချိန်မှသာ သောက်ဖို့ စဉ်းစားမိကြတာဖြစ်ပေမယ့်လည်း ချင်းက အရက်နာကျတာကြောင့် မအီမသာဖြစ်တာနဲ့အော့အန်တာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ အရက်သောက်တာများသွားတဲ့အခါ ရေနွေးပူပူထဲကို ချင်းတစ်ပြားလောက်ထည့်သောက်တာမျိုးဖြစ်ဖြစ်၊ ချင်းကိုပါးပါးလေးလွှာပြီး ဝါးစားတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။

(၅) ဌက်ပျောသီးစားပေးပါ။

 

ငှက်ပျောသီးထဲမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အယ်လ်ကိုဟောဓာတ်ကို လျော့ချပေးနိုင်ပါတယ်။  ဒါကြောင့် ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ပါတဲ့ အသီးတွေစားသုံးပေးပါ။ အငန်ဓါတ်ပါတဲ့ မုန့်ကြွပ်လေးတွေ စားသုံးပေးလို့လည်းရပါတယ်။ အငန်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံးမှုမရှိအောင် တားဆီးပေးနိုင်ပါတယ်။

Read More>>>လူငယ်တွေအကြိုက် စွန့်စားခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် "Spies In Disguise"

(၆) အကိုက်အခဲပျောက်ဆေး သောက်ပါ။

တချို့ကတော့ အရက်နာကျရင် ကိုက်ခဲပျောက်ဆေးတစ်လုံးလောက်ကို ကော်ဖီနဲ့မျှောချပြီး နေလို့ထိုင်လို့ ကောင်းအောင်ကြိုးစားကြတယ်။ အဲဒါက တကယ်လည်းအလုပ်ဖြစ်ပါတယ်။ အရမ်းတွေခေါင်းကိုက်နေလို့ဆိုပြီး ဆေးအများကြီးတော့မသောက်လိုက်နဲ့နော်။ တစ်လုံးဆိုရင်ပဲ လုံလောက်ပါပြီ။

(၇) ဓာတ်ဆားရည်သောက်ပေးပါ။

ဓာတ်ဆားသောက်ခြင်းဖြင့် ရေဓာတ်ကို ပြန်ဖြည့်စေသည့်အပြင် ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းကြောင့် ဆုံးရှုံးသွားသော ဓာတ်ဆားဓာတ် များကို ပြန်ဖြည့် ပေးစေနိုင်သော ကြောင့်ဖြစ်ပါတယ်။

My Mandalay


Read 203 times Last modified on Saturday, 28 December 2019 16:14
Rate :
(3 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.