Friday, 27 December 2019 15:36

researchersn_1.jpg

 

အဆုတ်က အသက်ရှင်ဖို့အောက်စီဂျင်ကို ဖြန့်ဝေတဲ့နေရာမှာ အရေးပါပါတယ်။ တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုလည်း စွန့်ထုတ်ပေးပါတယ်။ အဆုတ်က အသက်ရှူဖို့တင်မကဘဲ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ မကောင်းတဲ့အရာတွေ ဖယ်ရှားဖို့ လုပ်ဆောင်ပေးပါတယ်။

ဒါကြောင့် အဆုတ်ကျန်းမာရေးအတွက် နေ့စဉ်ပုံမှန် စားပေးသင့်တဲ့ အစားအစာများ(၃)မျိုးကတော့...

 

၁။ မုန်လာဥနီ

 

မုန်လာဥနီမှာတော့ ဗီတာမင် A,C နဲ့ E တို့ ကြွယ်ဝစွာပါဝင်ပြီး ပျက်စီးနေတဲ့ ဆဲလ်နဲ့တစ်ရှူးတွေကို ပြန်လည် ပြုပြင်နိုင်စွမ်းရှိပါတယ်။ မုန်လာဥ အစိမ်းစားရင် အဆုတ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 

Read More>>>သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်၍ ကိုယ်ဝန်ဆောင်မိခင်များ ရှောင်ရှားသင့်သည့်အချက်များ

  

၂။ Green Tea

 

Green Tea တွေက ခန္ဓာကိုယ်အလေးချိန်ကို လျော့ချပေးရုံသာမက အဆုတ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ Green Tea ဟာ စွမ်းအားမြင့်တဲ့ Antioxidants ဓာတ်တွေနဲ့ ရောင်ရမ်းတာကို သက်သာစေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ကိုယ်တွင်းအင်္ဂါရဲ့ ကျန်းမာရေးကိုလည်း ကူညီကာကွယ်ပေးပါတယ်။ Green Tea တစ်ပတ်ကို သုံးကြိမ်ခန့် သောက်သုံးပေးသင့်ပါတယ်။

 

၃။ တရုတ်နံနံ

 

တရုတ်နံနံက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ တစ်ရှူးတွေထဲမှာကျန်ရှိနေတဲ့ အရည်တွေကို ဖယ်ရှားနိုင်စွမ်းရှိပြီး ရောင်ရမ်းတာတွေကို ကာကွယ်ပေးပါတယ်။ တရုတ်နံနံကို ရေနွေးကြမ်းနဲ့ သို့မဟုတ် ဖျော်ရည်အဖြစ် သောက်သုံးသင့်ပါတယ်။ သို့မဟုတ် အသုတ်၊ ဟင်းချိုတွေထဲထည့်သောက်ပေးပါ။

 

>>>Healthcare Services<<<

Source: foodindustrydirectory

 


Read 404 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.