Tuesday, 24 December 2019 17:27
face_Mask.jpg
- အုန်းဆီ
- ပျားရည်
ပြုလုပ်နည်း
aloe_vera_Mask.jpg
- စွန်ပလွံသီး ၈ - ၉ ခုခန့်
- သခွားသီး ၂ ချပ်
ပြုလုပ်နည်း
၃။ Baking Soda Face Mask
- Shea Butter ပဲစေ့ခန့်
ပြုလုပ်နည်း
Ref: Pinterest
 # Unicode #
အသားအရေခြောက်သူများအတွက် အိမ်မှာ အလွယ်တကူပြုလုပ်နိုင်သည့် Face Mask များ
မျက်နှာအသားအရေဟာ ခြောက်သွေ့နေမယ်ဆိုရင် ယုံကြည်မှုတွေ ပျောက်ကွယ်ပြီး စိတ်မသက်မသာဖြစ်စေပါတယ်။ အပြင် Spa တွေသွားပြီး Skin Care သွားလုပ်မယ်ဆိုရင် ငွေကြေးကုန်ကျများပြီး အချိန်ကုန်လူပင်ပန်းဖြစ်စေပါတယ်။ ဒါကြောင့် My Mandalay ပရိသတ်ကြီးတွေအတွက် အိမ်မှာ လွယ်လွယ်ကူကူနဲ့ ငွေကြေးအကုန်အကျသက်သာစွာ Skin Care ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။
၁။ အုန်းဆီဖြင့် အသားအရေချောမွေ့အောင် Face Mask ပြုလုပ်မယ်။
Coconut_Oil_Face_Masks.png
အုန်းဆီကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာဖြစ်ပြီး ယနေ့ထိတိုင် အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းအဖြစ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြဆဲပါ။ သူ့ရဲ့ကောင်းကျိုးတွေဟာ ဟင်းချက်တဲ့ဆီ ကစပြီး အလှအပအလယ် ဆေးကုသခြင်းအဆုံး အမျိုးမျိုး အသုံးဝင်ပါတယ်။
အုန်းဆီ Fase Mask ပြုလုပ်ရာတွင် လိုအပ်သော ပါဝင်ပစ္စည်းများ
- အုန်းဆီ
- ပျားရည်
- လတ်ဆတ်သော ရှောက်ရည် (သို့မဟုတ်) သံပရိုသီး
ပြုလုပ်နည်း
အထက်တွင်ဖော်ပြထားသော ပါဝင်ပစ္စည်းများအားလုံးကို ပေါင်းပြီး သမအောင် ရောမွှေပါ။ ထို့နောက် မျက်နှာကို စင်ကြယ်အောင် သစ်ပြီး ဖျော်ထားသော အရည်များကို Brush ဖြင့်ယူကာ မျက်နှာပေါ်သို့ ထူထူသုတ်လိမ်းပေးပြီး ၁၀ မိနစ်ခန့် ထားပါ။ ၁၀ မိနစ်ပြည့်သွားပါက ရေအေးဖြင့် စင်ကြယ်အောင်ဆေးကြောပြီး ခြောက်သွေ့သော မျက်နှာသုတ်ပုဝါဖြင့် သုတ်ပါ။
အုန်းဆီဖြင့် Face Mask ပြုလုပ်ရာတွင် သကြား (သို့မဟုတ်) ငှက်ပျောသီးများဖြင့်လည်း ထိုနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
၂။ ရှားစောင်းလက်ပတ် Face Mask
aloe_vera_Mask.jpgရှေးခေတ်က အမျိုးသမီးတွေ ဆိုရင်လည်း ရှားစောင်းလက်ပတ်ဂျယ်ကို ကိုယ်ခန္ဓာအသားအရေ နဲ့ အသားအရေမှာဖြစ်တတ်တဲ့ အနာရောဂါများ ထိန်းသိမ်းဖို့အတွက် အသုံးပြုခဲ့ကြတယ်။ ဒီနေ့အထိ ရှားစောင်းလက်ပတ်က အသားအရေအတွက် အရမ်းကောင်းမွန်တဲ့ သဘာဝပစ္စည်းတမျိုးလို့ လက်ခံထားကြပါတယ်။ ဒါဟာ ပိုက်ဆံချွေတာနည်း တစ်မျိုးလည်း ဖြစ်ပြီး ဖြူဝင်းသန့်စင်တဲ့ အသားအရေ ရရှိဖို့ ရှားစောင်းလက်ပတ်က မေ့မထားသင့်တဲ့ အရာတစ်မျိုးလည်း ဖြစ်ပါတယ်။
ရှားစောင်းလက်ပတ် Face Mask ပြုလုပ်ရာတွင် လိုအပ်သော ပါဝင်ပစ္စည်းများ
- ဒိန်ခဲ လက်ဖက်ရည်ဇွန်းနဲပ ၂ ဇွန်း
- ရှားစောင်းလက်ပတ်ဂျယ် လက်ဖက်ရည်ဇွန်းနဲ့ ၂ ဇွန်း
- စွန်ပလွံသီး ၈ - ၉ ခုခန့်
- သံပုရာရည် (သို့) ရှောက်ရည် လက်ဖက်ရည်ဇွန်းနဲပ ၁ ဇွန်း
- သခွားသီး ၂ ချပ်
ပြုလုပ်နည်း
အရင်ဆုံး စွန်ပလွံသီး အစေ့တွေကို ဖယ်ရှားလိုက်ပါ။ သခွားသီးမှ လွဲ၍ ကျန်သော ပါဝင်ပစ္စည်းများ အားလုံးကို Blender (ကျိတ်စက်) ထဲသို့ ထည့်၍ ကျိတ်ပြီး ရေခဲသေတ္တာထဲသို့ မိနစ်သုံးဆယ်ခန့် ထားပါ။ ပြီးနောက် ဖျော်ရည်များကို မျက်နှာနှင့် လည်ပင်းတဝိုက်သုတ်လိမ်းပြီး မျက်လုံးတွင် သခွားသီးကပ်ထားပါ။ မိနစ် ၂၀ ခန့် ထားပြီး ရေနွေးနွေး(သို့) ရေအေးဖြင့် မျက်နှာသစ်ပါလိုက်ပါ။ မျက်နှာသစ်ပြီးပါက Moisturizer တစ်ခုခုကို လိမ်းထားပါ။
၃။ Baking Soda Face Mask
Baking_Soda_Face_Mask.jpg
Soda Mask က ကိုယ့်အသားအရည်ရဲ့ PH levels တွေကိုထိန်းညှိပေးပါတယ်။ နောက်ပြီးတော့ ဝက်ခြံကြောင့်ဖြစ်ပေါ်တဲ့ အမည်းစက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဝက်ခြံတွေကိုလည်းလျှော့ကျစေပါတယ်။ အရေးအကြောင်းဖြစ်ပေါ်ခြင်းကိုလည်း ပျောက်ကင်းစေပြီး အသားအရေကိုတည်ငြိမ်စေပါတယ်။ Soda Mask က ချွေးပေါက်ကျယ်ခြင်းကိုသက်သာစေပါတယ်။ Soda Maskကို အပတ်တိုင်းပြုလုပ်ပေးရင် အသားအရေကြင်လင်လာပါမယ်။ နောက်ပြီးတော့ ကျန်းမာသန်စွမ်းသော အသားအရေကိုပိုင်ဆိုင်လာပါလိမ့်မယ်။
Baking Soda Face Mask ပြုလုပ်ရာတွင် လိုအပ်သော ပါဝင်ပစ္စည်းများ
- မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းနဲ့ တဝက်
- ရေ လက်ဖက်ရည်ဇွန်းနဲ့ ၁ ဇွန်း
- Shea Butter ပဲစေ့ခန့်
ပြုလုပ်နည်း
ရေနှင့် မုန့်ဖုတ်ဆိုဒါကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ထို့နောက် မျက်နှာကို ရေနွေးနွေးလေးဖြင့် စင်ကြယ်အောင် ဆေးကြောပါ။ ရောမွှေထားသော ဆိုဒါကိုယူပြီး မျက်နှာပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် ပွတ်လိမ်းပေးပါ။ ၅ - ၁၀ မိနစ်ခန့်ထားပြီး မျက်နှာကို ရေကြက်သီးနွေးဖြင့် ဆေးကြောပါ။ ခြောက်သွေသွားပါက မျက်နှာအသားအရေချောမွေ့သွားအာင် Shea Butter ကို အသုံးပြုပေးပါ။
Ref: Pinterest
Khin Soe Paing (My Mandalay)d
Read 290 times Last modified on Tuesday, 24 December 2019 17:29
Rate :
(5 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.