Wednesday, 18 December 2019 17:06

stockfresh_367100_mother-feeding-her-baby_sizes-copy_1.jpg

 

ဖြည့်စွက်စာကို ကလေး ၆ လ အရွယ်ရောက်ပြီဆိုတာနဲ့ စတင်ကျွေးလို့ရ ပြီလို့ ဆရာဝန်တွေရဲ့ ညွန်ကြားချက်ကနေတဆင့် သိရပါတယ်။ ဖြည့်စွက်စာကို စကျွေးရာမှာ အစာပမာဏအများကြီး ကျွေးစရာမလိုအပ်ပါဘူး။ ဒါကြောင့် ဘယ်လိုကျွေးရမယ်၊ ဘာတွေကျွေးသင့်တယ်ဆိုတာကို ဖော်ပြ ပေးချင်ပါတယ်။

အသက် ၆လအရွယ်အထိ မိခင်နို့တစ်မျိုးထဲကိုသာ ယဉ်ပါးနေတဲ့ကလေးတွေအတွက် ဖြည့်စွက်စာဟာစိမ်းနေမယ်ဆိုတာ မလွဲပါဘူး။ အဓိကအချက်ကတော့ ဖြည့်စွက်စာကျွေးတဲ့ အခါစိတ်ရှည်ဖို့ လိုအပ်ပါတယ်။

 

ကလေးအသက်၆-လပြည့် ဘာကြောင့်အစာစကျွေးရတာလဲ

 

မွေးစက အသက် ၆-လပြည့်အထိ ကလေးလိုအပ်သော စွမ်းအင်အပြည့်အဝကို မိခင်နို့ကပေးစွမ်းနိုင်လို့ပဲ ဖြစ်ပါတယ်။ မိခင်နို့ဟာ ၆-လ မှ ၁၂-လအထိ ကလေးအတွက် မလုံလောက်တော့ပါဘူး။ လိုအပ်သောစွမ်း အင်တစ်ဝက်ကိုသာ မိခင်နို့ကပေးနိုင်တယ်လို့ သိရပါတယ်။ ကျန်တဲ့လိုအပ် ချက်တစ်ဝက်ကို ဖြည့်ဖို့ ဖြည့်စွက်အစာများ စတင်ကျွေးရမှာဖြစ်ပါတယ်။ 

 

တစ်နှစ်နဲ့ နှစ်နှစ် ကြားကလေးများအတွက်ကတော့ မိခင်နို့ဟာ သူတို့လိုအပ်သောစွမ်းအင် သုံးပုံတစ်ပုံခန့်ကိုသာ ပေးစွမ်းနိုင်ပါတော့တယ်။ ကျန်လိုအပ်ချက်များကို ဖြည့်စွက်အစာများ ကျွေးခြင်းကနေတဆင့် ဖြည့်ရမှာဖြစ်ပါတယ်။ ဖြည့်စွက်စာနှင့်အတူ မိခင်နို့ကိုလည်း ဆက်လက်တိုက်ကျွေးမှသာ ကလေးလိုအပ်သောစွမ်းအင်အပြည့်အဝကို ရရှိမှာလည်းဖြစ်ပါတယ်။ ၆-လပြည့်တဲ့ ကလေးတစ်ယောက်ကို ဘယ်အစာတွေ ဘယ်လိုစကျွေးရမလဲဆိုတာကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာပါ။

 

Read More>>>ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်စေတဲ့ အစားအစားတွေက ဘာတွေလဲ

၆လပြည့်တာနဲ့ဘယ်လိုစကျွေးရလဲ

 

နေ့ရောညပါ ကလေးဆာတိုင်းမိခင်နို့ ဆက်လက်တိုက်ကျွေးလို့ရပါတယ်။ မိခင်နို့ကို ဦးစွာတိုက်ပြီးမှ ဖြည့်စွက်စာကိုကျွေးပါ။ ၆-လပြည့်ပြည့်ချင်း တစ်နေ့ကိုနှစ်ကြိမ် ကျွေးနိုင်ပါတယ်။ တစ်ကြိမ်ကျွေးလျှင် ထမင်းစား ဇွန်း ၃ ဇွန်းခန့်ကျွေးနိုင်ပါတယ်။ နို့စို့နေတဲ့ကလေးကို စကျွေးတဲ့အခါမှာ ဖြည့်စွက်စာကို ခပ်ပျစ်ပျစ်နဲ့စရမှာဖြစ်ပါတယ်။ ကျဲလွန်းလျှင် အာဟာရပါဝင်မှုနည်းသွားနိုင်ပါတယ်။

 

ဘာတွေကျွေးရမလဲ

 

ဆန်ပြုတ်နှင့်စကျွေးကြည့်ပါ။ အသားဓာတ်ပါစေရန် ဆန်ပြုတ်ထဲမှာ ငါး သို့မဟုတ် အသားကိုပြုတ်ပြီးေ ခြေထည့်ပါ။ ပဲနီလေး အနည်းငယ်ခန့်ထည့် ပြုတ်နိုင်ပါတယ်။ အဆီဓာတ်အတွက် ဆီနည်းနည်းထည့်ပြုတ်ပါ။ အာလူး၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥ၊ ရွှေဖရုံသီးနှင့် အရွက်အသီး စသည်များလည်း ထည့်ပြုတ်နိုင်ပါတယ်။ စကျွေးစတွင်ထမင်းစားဇွန်း၂-၃ဇွန်းခန့်သာကျွေးပါ။ 

 

နို့ကိုစုပ်ပြီး သောက်နေရာမှ ခပ်ပျစ်ပျစ်အစာကို စကျွေးတဲ့အခါ မမြိုချတတ်သေးတဲ့အတွက်။ အစာများပြန်ပြန်ထွက်လာတတ်ပါတယ်။ မကြိုက်လို့ထွေး ထုတ်တာလို့ ထင်တတ်ကြပါတယ်။ မဟုတ်ပါဘူး။ ပြန်ပြန်ထည့်ပေးပါ။ စိတ်ရှည်ရှည်နဲ့ကျွေးပါ။ တဖြည်းဖြည်းစားတတ်လာပါလိမ့်မယ်။ ဆန်ပြုတ်ကို တစ်နေ့ကို ၂ ကြိမ်ကျွေးနိုင်ပါတယ်။ မကျက်တကျက်ပြုတ်ထားတဲ့ ကြက်ဥကိုလည်း နည်းနည်းချင်းကျွေးပေးပါ။

 

နေ့လယ်ခင်းများမှာ ငှက်ပျောသီးမှည့်၊ သင်္ဘောသီးမှည့်၊ လိမ္မော်သီး စတာတွေကိုလည်း နည်းနည်းစကျွေးကြည့်ပါ။ အသီးအရွက်များနှင့် ယဉ်ပါးထားမှ ကြီးလာလျှင် အသီးအရွက်များစားတတ်၊ ကြိုက်တတ်ပါမယ်။

 

ကလေးအသက်၆-၉လအတွင်းကလေးတွေကိုတော့ဖြည့်စွက်စာကို တစ်ကြိမ်ကျွေးရင် ၂၅ဝ မီလီလီတာဆန့် ပန်းကန်လုံးတစ်ဝက် ကျွေးနိုင်ပါတယ်။ ကလေးအသက် ၆-၉ လအတွင်း ခြေထားသောအာလူးပြုတ်၊ ဆန်ပြတ်ပျစ်ပျစ်ကဲ့သို့ ကျွေးနိုင်ပါတယ်။ တစ်ကြိမ်ကျွေးတိုင်း အစာအုပ်စု အားလုံးပါဝင်အောင် ကျွေးရမှာဖြစ်တယ်လို့သိရပါတယ်။

 

>>>ကလေးအာဟာရ (4)<<<

ဘာတွေမကျွေးရဘူးလဲ

 

အချိုရည်၊ ဘီစကစ်မုန့်ချိုများ မတိုက်ကျွေးသင့်ပါ။

 

ဘယ်လိုကျွေးရမလဲ

 

ကလေးစားချင်အောင် စိတ်ပါလက်ပါတက်ကြွစွာကျွေးပေးပါ၊ ချော့ မြူကျွေးပါ။ သန့်ရှင်းမှု ကလေးအတွက် အစာမပြင်ဆင်မီ မိမိလက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးဖို့ လိုပါတယ်။ မိမိလက်နှင့်ကလေးလက်ကို အစာမကျွေးမီ စင်ကြယ်အောင်ဆေးပါ။ သန့်ရှင်းသောပန်းကန်၊ ခွတို့နဲ့ အစာကျွေးပါ။ ရေ၊ အရည်တိုက်ပါ။ ကလေးစားမယ့်အစာများကို သန့်ရှင်းလုံခြုံသောနေရာတွင် သိမ်းဆည်းပါ။

 

 

ကြည်သာငြိမ်းချမ်း


Read 183 times Last modified on Wednesday, 18 December 2019 17:43
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.