Monday, 09 December 2019 14:25

FB_IMG_1569487344748.jpg

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိပါတယ်။

ယင်းသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါးသည် အနောက်တိုင်းဆေးရောနှောပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်ပါသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးအပ်ပါတယ်။

အများပြည်သူတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တိုက်တွန်းထားပါတယ်။

Read More>>> လူတိုင်းသိထားသင့်တဲ့ တို့ဆေး (ခေါ်) Ketamine အကြောင်းသိကောင်းစရာ

တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

download.jpeg

 

-1-300x169.jpg

-3-300x182.jpg

-4.jpg

Ref: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


Read 445 times Last modified on Monday, 09 December 2019 14:52
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.