Saturday, 07 December 2019 15:12

work-2005640_1280-300x200.jpg

ဗီတာမင်-D ကအရိုးနဲ့ ကြွက်သားကျန်းမာရေးအတွက် အရေးကြီးပါတယ်။

ဗီတာမင်-D ချို့တဲ့ရင် ခန္ဓာကိုယ်ကျန်းမာရေးအပေါ် သက်ရောက်မှုအများကြီးရှိပါတယ်။ ဗီတာမင်-Dချို့တဲ့ရင် အောက်ပါလက္ခဏာတွေပြတတ်ပါတယ်။

Read More>>> လာသမျှ မျက်စိဝေဒနာသည်တိုင်းကို ထီးဆောင်း မျက်စိဆေးရုံမှ အခမဲ့ ကုသပေး

(၁) အဆက်မပြတ်ဆိုသလို ဖျားနေရင်

ဗီတာမင်-Dက ကိုယ်ခံအားလုပ်ငန်းဆောင်တာကို သက်ရောက်မှုရှိတာကြောင့် ဗီတာမင်-Dချို့တဲ့ရင် မကြာခဏ နာမကျန်းဖြစ်တတ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၂) မောပန်းနွမ်းနယ်နေရင်

ဗီတာမင်-D ကကိုယ်ခံအားစနစ်ထဲမှာပါတာကြောင့် အိပ်-နိုး စက်ဝန်းအပေါ် သက်ရောက်မှုရှိပါတယ်။ ဗီတာမင်-D ချို့တဲ့ရင် မောပန်းနွမ်းနယ်နေနိုင်ပါတယ်။

(၃) အရိုးသိပ်သည်းဆ လျော့နည်းနေရင်

ဗီတာမင်-D ကအရိုးတွေကနေ ကယ်လ်ဆီယမ်စုပ်ယူမှုမှာ ကူညီတာကြောင့် အရိုးတွေကို သန်စွမ်းကြံ့ခိုင်စေပါတယ်။

Read More>>> ဖုန်းပြောတဲ့အခါ ဦးနှောက်ထိခိုက်မှု မရှိစေဖို့ ဘယ်နားရွက်ကို အသုံးပြုသင့်လဲ

(၄) ခါးနာနေရင်

ဗီတာမင်-D ကအသက်ကြီးလို့ဖြစ်တဲ့ ကြွက်သားနဲ့ အရိုးထုထည်ဆုံးရှုံးမှုနှင့် ဆက်စပ်နေတာကြောင့် ဗီတာမင်-D ချို့တဲ့ရင် ခါးနာတတ်ပါတယ်။

(၅) စိတ်ဓာတ်ကျနေရင်

ဗီတာမင်-D ကစိတ်ကျရောဂါ ဖြစ်နှုန်း မြင့်တက်မှုနဲ့ ဆက်စပ်နေပါတယ်။

(၆) ကြွက်သားတွေ အမြဲနာနေရင်

ဗီတာမင်-D ချို့တဲ့ရင် ကြွက်သားမှာ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့စေနိုင်တာကြောင့် လုပ်ငန်းဆောင်တာ ကောင်းကောင်းမလုပ်နိုင်ဘဲ နာကျင်ရတာပါ။

(၇) ဆံပင်ကျွတ်များနေရင်

အမျိုးသမီးတွေမှာ ဗီတာမင်-D ချို့တဲ့တာက ဆံပင်ကျွတ်နှုန်းများတာနဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။

Read More>>> ဆီးချိုရောဂါ ကုသနိုင်မယ့် အသီးကို ဖိလစ်ပိုင် အထက်တန်းကျောင်းသူက ရှာဖွေတွေ့ရှိ

Nilar Myot Win


Read 167 times Last modified on Saturday, 07 December 2019 15:22
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.