Friday, 06 December 2019 16:56

1b_1.jpg

 

အစားအစာဆိုတာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဖြစ်ပေမယ့် ဗိုက်ထဲမှာ အစာလုံးဝမရှိတဲ့အချိန် မစားသင့်တဲ့ အစားအစာဆိုတာ ရှိပါတယ်။

ဗိုက်ထဲ အစာမရှိဘဲ စားမိတဲ့ အစားအစာတချို့ကြောင့် ကျန်းမာရေးကို ထိခိုက်တတ်တာတွေရှိပါတယ်။ ဗိုက်ထဲမှာ အစာမရှိဘဲ မစားသင့်တဲ့အစားအစာတွေက ဘာတွေလဲ။

 

(၁) အစာမရှိဘဲ အကိုက်အခဲပျောက်ဆေးမသောက်သင့်ပါ။

 

ပါရာစီတမော့လို အကိုက်အခဲပျောက်ဆေးတွေကို ဗိုက်ထဲမှာ အစာမရှိဘဲ မသောက်သင့်ပါ။ အစာမရှိဘဲ ဆေးသောက်မိပါက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတတ်ပါတယ်။ ဥပမာ- အစာအိမ်သွေးယိုစိမ့်မှုတွေဖြစ်တတ်ပါတယ်။ 

 

(၂) အစာမရှိဘဲ ကော်ဖီမ သောက်သင့်ပါ။

 

ဗိုက်ထဲမှာ အစားအစာမရှိဘဲ  ကော်ဖီသောက်ခြင်းဟာ နှလုံးကို ထိခိုက်စေတတ်သလို၊ အစာကြေဖျက်မှုကိုပါ ထိခိုက်စေတတ်ပါတယ်။ တကယ်လို့ မနက်ကို ကော်ဖီသောက်တဲ့အကျင့်ကို မဖျောက်နိုင်ဘူးဆိုရင် ကော်ဖီထဲမှာ နို့နည်းနည်းထည့်ပြီး သောက်ပေးခြင်းဖြင့် သက်ရောက်မှုနည်းစေနိုင်ပါတယ်။ 

 

>>>စားသောက်ကုန်နည်းပညာ သင်တန်းများ (14)<<<

(၃) အစာမရှိဘဲ အရက်မသောက်သင့်ပါ။

 

အစာမရှိဘဲ အရက်သောက်ခြင်းဟာ အသည်း၊ ကျောက်ကပ် နဲ့ နှလုံးကို ထိခိုက်စေတတ်ပါတယ်။ အစာမရှိဘဲ အရက်သောက်တတ်သူတွေအနေနဲ့ အရက်မသောက်မီ အစာနည်းနည်းစားပေးသင့်ပါတယ်။

 

(၄) ပီကေဝါးခြင်း။

 

အစာမရှိဘဲ ပီကေဝါးခြင်းဟာလည်း အူချဉ်နာ ဖြစ်တတ်ပါတယ်။ ဗိုက်ထဲမှာ အစာရှိရင်တောင် ပီကေကို ၁၀ မိနစ်အထက်အကြာ ဝါးခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ 

 

(၅) အစာမရှိဘဲ အိပ်ယာဝင်ခြင်း။

 

ဗိုက်ဟောင်းလောင်းနဲ့အိပ်စက်ခြင်းဟာ ကြက်အိပ်ကြက်နိုးဖြစ်စေပြီး စောစောစီးစီးနိုးခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။  ဒီအတွက်ကြောင့် ပိုမိုဆာလောင်မွတ်သိပ်မှုကို ဖြစ်စေပြီး ညစာ မစားတဲ့ နေ့ တွေဆို နောက်နေ့မနက်မှာ အစာကို ပိုမို စားသုံးဖြစ်ခြင်းဖြစ်ပါတယ်။

 

 

(၆) အပြင်းအထန် လေ့ကျင့်ခန်းလုပ်ခြင်း။

 

ခန္ဓာကိုယ် အလေးချိန်များနေချိန်၊ ဝနေချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ကယ်လိုရီ ပိုမို ကုန်ခမ်းစေတယ်လို့ အချို့က ထင်မှတ်နေကြပါတယ်။ တကယ်တော့ ဒါဟာ အဆီကို ကျစေတာမဟုတ်ပဲ ကြွက်သားတွေကိုသာ ဆုံးရှူံး သွားစေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ စွမ်းအင်မရှိတဲ့အတွက်  လေ့ကျင့်ခန်းပြုလုပ်မှုကိုလည်း လျော့နည်းသွားစေပါတယ်။

 

Read More>>>လာမယ့်တစ်ပတ်အတွင်း မန္တလေးမြို့မှာ ဘယ်လိုပွတော်တွေကျင်းပသွားဖို့ရှိလဲ

(၇) ဗိုက်ဟောင်းလောင်းနဲ့ ဈေးဝယ်ထွက်ခြင်း။

 

ဆာလောင်မွတ်သိပ်ခြင်းဟာ ကျွန်တော်တို့ကို လိုအပ်တာထက် ပိုမို အစားအစာကို ဝယ်စေပါတယ်။ အစာအိမ်ထဲ အစာမရှိချိန်မှာ စားစရာတွေကို အဆင့်သင့်ပြင်ဆင်ပြီး မရောင်းတဲ့ စတိုးဆိုင်တွေလို ဆိုင်တွေမှာတောင် အစားအစာကို ပိုပို ဝင်စေချင်စိတ်ဖြစ်ပေါ် စေပါတယ်။ ဒါ့ကြောင့် စားစရာဝယ်ယူတော့မယ်ဆိုရင် မိမိ ဘယ်လောက်အတိုင်းအတာအထိ စားသုံးနိုင်မှာကို ကြိုတင်တွက်ဆပြီးမှ သေချာဝယ်ယူ စားသုံးသင့်ပါတယ်။

 

(၈) ရှောက်ရည်၊ လိမ္မော်ရည် သောက်ခြင်း။

 

ရှောက်သီး၊ လိမ္မော်သီးတို့မှာ ပါဝင်တဲ့ အက်စစ်ဓာတ်နဲ့ အမျှင်လေးတွေဟာ အစာမရှိတဲ့အချိန် အစာအိမ်ကို ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ သင့်မှာ အစာအိမ် ရောင်ရမ်းနာ ဒါမှမဟုတ် ထိုကဲ့သို့သော ရောဂါမျိုးရှိ နေရင်  အလွန်ပဲ အန္တရာယ်များပါတယ်။

 

(၉) စကားများခြင်း၊ ငြင်းခုံခြင်း။

 

သုတေသနပြုလုပ်ချက်အရ ဆာလောင်နေချိန်မှာ လူတွေဟာ စိတ်ထိန်းနိုင်မှု အားနည်းသွားတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့ ကိုယ်ခန္ဓာမှာ စွမ်းအင်လိုအပ်ပြီး ဗိုက်ထဲ အစာမရှိဖြစ်နေရင် စိတ်တို ဒေါသပိုလို့ဖြစ်လွယ်ကြပါတယ်။ 

 

Credit; Yangon Life

 

 


Read 586 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.