Wednesday, 04 December 2019 11:37

glow skin

ဒီရက်ပိုင်းမှာ အရင်နေ့တွေထက် ပိုအေးလာတာကို အားလုံး သတိထားမိကြမှာပါ။ အပူချိန်လျော့ကျလာတာနဲ့အမျှ တိုက်တဲ့လေကလည်း အသားအရေကို ခြောက်သွေ့စေပါတယ်။ ရာသီအပြောင်းအလဲမှာ အဝတ်အစားပြောင်းလဲရသလိုပဲ ကိုယ်ရဲ့ အသားအရေဂရုစိုက်ပုံကိုလည်း ပြောင်းလဲရပါမယ်။

 ဒါကြောင့် ပျိုမေတို့အတွက် အသုံးဝင်စေမယ့် ဆောင်းတွင်းမှာ အသားအရေဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလေးတွေကို ပြောပြပေးသွားပါမယ်။

 ၁။ ကိုယ့်ရဲ့ Facial Cleanser ကို အပြောင်းအလဲလုပ်ပါ။

Facial Cleanser

 ဆောင်းတွင်းမှာ အသားအရေက လွယ်လွယ်ကူကူနဲ့ ခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် Facial Cleanser ကို ရေဓာတ်ဖြည့်တဲ့ အာနိသင်ရှိတဲ့ Facial Cleanser ကို ပြောင်းသုံးပေးပါ။ မျက်နှာ ခဏခဏသစ်တတ်တာကိုလည်း လျှော့ပေးပါ။

 

၂။ မျက်နှာကို ချေးချွတ်ပါ။

Scrub

 ဆောင်းတွင်းမှာလည်း မျက်နှာချေးချွတ်တာကို မမေ့ထားသင့်ပါဘူး။ ဒါပေမယ့် ဆောင်းရာသီမှာ ချေးချွတ်ခြင်းက မျက်နှာအသားအရေကို ထိခိုက်နိုင်တာကြောင့် မကြာခဏချေးချွတ်တာကိုတော့ ရှောင်သင့်ပါတယ်။

၃။ နေရောင်ခြည် (UVB) ထိတွေ့ခြင်းကို ရှောင်ပါ။

Sunscreen

ဆောင်းရာသီမှာ နေပူတာလျော့သွားလို့ Sunscreen မလိမ်းတော့ဘူးဆိုပြီး ပစ်မထားသင့်ပါဘူး။ သင့်အနေနဲ့ SPF 30 အဆင့်ရှိတဲ့ Sunscreen တစ်မျိုးမျိုးကို သုံးပေးသင့်ပါတယ်။

၎။ အရင်ကထက် Mask ပိုကပ်ပေးပါ။

Mask

ဆောင်းရောက်လေလေ အသားအရေက ရေဓာတ်ပိုလိုလာလေလေပါပဲ။ Mask ကို ခဏခဏ ကပ်ပေးနိုင်လေ ပိုကောင်းလေပါပဲ။ Mask ကပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ချေးချွတ်ပြီးတဲ့အချိန်ပါပဲ။ ကိုယ့်အသားအရေက Sensitive ဖြစ်တတ်ရင်တော့ သဘာဝပစ္စည်းတွေဖြစ်တဲ့ ရှားစောင်းလတ်ပတ်၊ သခွားသီးတို့ကို အသုံးပြုနိုင်ပါတယ်။

၅။ ရေဓာတ်ဖြည့်ဖို့ အရေးအကြီးဆုံးပါ။

water level

ရေများများသောက်ပေးပါ။ ဆောင်းရာသီမှာ ရေချိုးတာပဲဖြစ်ဖြစ်၊ မျက်နှာသစ်တဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် မပူလွန်း၊မအေးလွန်းတဲ့ ရေမျိုးကို အသုံးပြုသင့်ပါတယ်။ မျက်နှာသစ်၊ ရေချိုးပြီးတဲ့အခါ အသားအရေစိုပြေစေမယ့် Moisturizer ကို ချက်ချင်းလိမ်းပေးပါ။ ရေဓာတ်အမြင့်ဆုံးပါဝင်တဲ့ ဖရဲသီးလိုမျိုး အစားအစာတွေကိုစားပေးခြင်းဖြင့် ရေဓာတ်ဖြည့်ပေးပါ။

၆။ Moisturizer အသုံးပြုဖို့မမေ့ပါနဲ့။

Moisturizer

ဆောင်းတွင်းမှာ အသားခြောက်တဲ့ဒဏ်ကို ပျိုမေတိုင်းခံစားဖူးမှာပါ။ ဒါကြောင့် ရေဓာတ်ဖြည့်ပေးတဲ့ Moisturizer ကို အရင်ကထက် ပိုသတိထားပြီး သုံးပေးဖို့လိုပါတယ်။ ညဘက်တွေမှာ လက်တွေ၊ ခြေထောက်တွေ၊ တံတောင်ဆစ်တွေ၊ ဒူးတွေလို ခြောက်သွေ့တဲ့နေရာတွေကို Moisturizer လိမ်းပေးပါ။ ကိုယ်အသုံးပြုမယ့် Moisturizer ကို ရွေးချယ်တဲ့အခါမှာလည်း ရေနံကို အခြေခံပြီးထုတ်ထားတဲ့ ပါဝင်ပစ္စည်းပါတဲ့ Moisturizer ကို ရှောင်ကျဉ်သင့်ပါတယ်။

Ref: MyStyle, Irrawady, Ondoctor

Nicole


Read 212 times Last modified on Wednesday, 04 December 2019 12:07
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.