Tuesday, 03 December 2019 13:41

DsXg5oQX4AE_utH_1.jpg

 

မိန်းကလေးတစ်ယောက်ဖြစ်ရတာက မလွယ်ကူဘူးလို့ ပြောရင်လက်ခံတယ်မဟုတ်လား။ အခုလည်း မိန်းကလေးတိုင်းမှာ ဘယ်တော့မှ ဝယ်ရင်လောက်တယ်လို့မခံစားရတဲ့ နှုတ်ခမ်းနီလေးတွေအကြောင်း ပြောပြမယ်နော်။

ကိုယ်သွားမယ့်နေရာဒေသ၊ အချိန်ပေါ်မူတည်ပြီး နှုတ်ခမ်းနီလေးတွေက ကိုယ့်ရဲ့စတိုလ်နဲ့ mood ကိုပြောင်းပေးနိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာစေပါတယ်။ ဒီပို့စ်လေးမှာတော့ မိန်းကလေးတိုင်းမရှိမဖြစ်ဆောင်ထားသင့်တဲ့ နှုတ်ခမ်းနီအရောင်လေးတွေအကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ အနီရောင်တောက်တောက်

အနီရောင်နှုတ်ခမ်းတစ်စုံထက်ပိုပြီး classic ဆန်တဲ့ နှုတ်ခမ်းနီအရောင် မရှိနိုင်ပါဘူး။ အနီရောင်နှုတ်ခမ်းနီဟာ ဘယ်အသားအရောင်မျိုးနဲ့မဆိုလည်း လိုက်ဖက်ညီပြီး ဆိုးလိုက်တာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိစေတာမို့ မရှိမဖြစ်ဝယ်ထားသင့်တဲ့ နှုတ်ခမ်းနီအရောင်တစ်မျိုးပေါ့။

၂။ ပန်းရောင်နှုတ်ခမ်းနီလေး

မိန်းကလေးတိုင်းနဲ့သင့်တော်တဲ့ နှုတ်ခမ်းနီအရောင်ကို ပြောပါဆိုရင် ပန်းရောင်လို့ တန်းပြောရမှာပါပဲ။ နှုတ်ခမ်းနီအရောင်တွေထဲမှာမှ ပန်းရောင်တောက်တောက်လေးဖြစ်ဖြစ်၊ Gloss ဆန်ဆန်သဘာဝကျကျပန်းရောင်လေးပဲဖြစ်ဖြစ် ဆိုးလိုက်တာနဲ့ ကိုယ့်အသားပေါ်မှာ လှပတဲ့ နှုတ်ခမ်းလေးတစ်စုံကို ပိုင်ဆိုင်နိုင်မှာ အမှန်ပါပဲ။ ပေါ့ပေါ့ပါးပါး ထသွားထလာသွားရမယ့်နေရာမျိုးတွေ၊ ကိုယ်ချစ်ရတဲ့သူနဲ့ ဒိတ်တဲ့အခါမျိုးတွေမှာ ပန်းရောင်နှုတ်ခမ်းနီလေးက အသင့်တော်ဆုံးဖြစ်နေစေမှာပါ။

Read More>>>ဂီတဘုရင်မ ငါးပါးမှ အမိုက်စားသီချင်းတွေနဲ့ဖျော်ဖြေသွားမယ့် မန္တလာမြေမှဂီတပွဲတော်

၃။ အညိုရောင်ဆန်ဆန်နှုတ်ခမ်းလေး

ကိုယ့်ကို ရုပ်ရှင်ဆန်ဆန်၊ သဘာဝကျကျ လှပနေစေမယ့် ကိုယ့်အသားအရောင်နဲ့ သိပ်မကွာလှတဲ့ အညိုရောင် ဒါမှမဟုတ် အသားရောင်ဆန်ဆန် နှုတ်ခမ်းနီလေးတွေကလည်း ဆိုးထားတာမသိသာစေပဲ လှပနေစေမှာပါ။ အသားရောင်ဆိုရင်အသားနဲ့တစ်ထပ်တည်းဖြစ်သွားမှာပေါ့။ ဘာမှမဆိုးထားလို့ အရောင်မရှိတဲ့ နှုတ်ခမ်းအရောင်ကသာ မျက်နှာကို မွဲခြောက်ခြောက်ဖြစ်စေတာပါ။ အသားရောင်(အညိုဖျော့ဖျော့)လေးဆိုးထားတဲ့ နှုတ်ခမ်းသားလေးနဲ့ဆိုရင် ကိုယ်လိမ်းထားတဲ့ မိတ်ကပ်ကိုလည်း သဘာဝအတိုင်းပေါ်လွင်စေတာမို့ ရှိထားသင့်ပါတယ်နော်။

၎။ Peach ကာလာ

အရောင်ဖျော့တော့တော့တွေထဲကမှ ရွေးချယ်စရာအရမ်းခက်နေတယ်ဆိုရင် ပန်းရောင်မကျ၊ လိမ္မော်ရောင်မကျအရောင်လေးဖြစ်တဲ့ မက်မွန်သီးအရောင်လေးကိုသာ ရွေးချယ်လိုက်ပါ။ အခုနောက်ပိုင်းခေတ်စားလာတဲ့ ကိုရီးယားမလေးတွေဆိုးတဲ့ အရောင်လေးတွေထဲကမှ လူကြိုက်အများဆုံးအရောင်လေးဖြစ်ပြီး မိန်းကလေးဆန်ဆန် သဘာဝကျကျလေးနဲ့လှပနေစေမှာပါ။ နေ့စဉ်ဆိုးဖို့အတွက်လည်း အဆင်ပြေစေတာမို့ ရွေးချယ်ဝယ်ယူထားသင့်ပါတယ်။

>>>အလှပြင်ဆိုင်များ (1372)<<<

ဒါဆိုရင် မိန်းကလေးတိုင်းမရှိမဖြစ်ရှိထားသင့်တဲ့ နှုတ်ခမ်းနီအရောင်လေးတွေအကြောင်းကို သိပြီးပြီဆိုတော့ ကိုယ့်ဆီမှာ ရှိထားတဲ့ နှုတ်ခမ်းနီအရောင်လေးတွေနဲ့ ကိုက်မကိုက်ပြန်စစ်ကြည့်ဖို့ မမေ့နဲ့နော်။

အားလုံးပဲ စွဲမက်ဖွယ် နှုတ်ခမ်းလှလှလေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source; Hla 365


Read 74 times Last modified on Tuesday, 03 December 2019 13:56
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.