Saturday, 30 November 2019 15:23

Woman taking pills

ပဋိဇီဝဆေးသည် ဗက်တီးရီးယားပိုးမွှားများကြောင့် ဖြစ်သောရောဂါများကို ကုသနိုင်သောဆေးဖြစ်ပြီး တစ်နည်းအားဖြင့် ပိုးသတ်ဆေးဖြစ်ပါသည်။

ပဋိဇီဝဆေးယဉ်ပါးခြင်းသည် ပဋိဇီဝဆေးများကို ဗက်တီးရီးယားပိုးများက ခံနိုင်ရည်ရှိလာခြင်းဖြစ်ပြီး ပဋိဇီဝဆေးယဉ်ပါးခြင်းကြောင့် ကူးစက်ရောဂါများကို ကုသနိုင်စွမ်း လျော့နည်းလာသည်။ တစ်နည်းအားဖြင့် ဆေးမတိုးတော့ခြင်း ဖြစ်ပါသည်။

ပဋိဇီဝဆေးများကို တလွဲသုံးစွဲခြင်းကြောင့်

၁။ လူတို့ကို ဆေးယဉ်ပါးမှုအန္တရာယ် အချိန်တိုအတွင်း ကျရောက်စေနိုင်သည်။
၂။ ဆေးယဉ်ပါးမှုဖြစ်ပွားပါက ကုသရန်နှင့် ပျောက်ကင်းရန် ခက်ခဲသည်။
၃။ ဆေးယဉ်ပါးမှုသည် လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။

ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်စေရန် သိထားသင့်သည့် အချက်များ

၁။ အနာသိလျှင် ဆေးရှိသည်ဆိုသကဲ့သို့ နေမကောင်းဖြစ်လျှင် ပဋိဇီဝဆေးကို လိုအပ်မှသာ သောက်သုံးပါ။
၂။ နာမကျန်းဖြစ်ခဲ့ပါက ဘက်တီးရီးယားပိုးကို စစ်ဆေးပြီး တိကျသည့်ပဋိဇီဝဆေးကို သောက်ပါ။
၃။ ပဋိဇီဝဆေးဝါးများကို သုံးစွဲမည်ဆိုပါက နားလည်တတ်ကျွမ်းသော ကျန်းမာရေးစောင့်ရှောက်သူများနှင့် မဖြစ်မနေတိုင်ပင်ပါ။
၎။ ဆေးပတ်လည်အောင်သောက်ပါ။
၅။ သက်သာပြီဟု ယူဆပြီး ဆေးသောက်ခြင်းကို ရပ်မပစ်ပါနှင့်။
၆။ မိမိကျန်ရှိနေသည့် ဆေးကို သိမ်းထားပြီး တခြားသူများ နာမကျန်းဖြစ်သောအခါ ဆေးသောက်ရန် မျှဝေခြင်း မပြုပါနှင့်။
၇။ ကျန်ရှိနေသည့်ဆေးဝါးများကို ဆက်လက်သိမ်းထားခြင်းမလုပ်ရန် အကောင်းဆုံးဖြစ်သည်။
၈။ ဆရာဝန်ထံပြသမှုမခံယူဘဲ မိမိဘာသာ ပဋိဇီဝဆေးကို မသောက်သုံးသင့်ပါ။
၉။ ဋိဇီဝဆေးများ၌ ဘေးထွက်ဆိုးကျိုး Side Effect ရှိသည်ကို သတိပြုပါ။
၁၀။ ဝယ်ယူလာသည့် သား၊ ငါးများကို ရေဖြင့်ပြောင်စင်အောင်ဆေးကြောပြီး ဘက်တီးရီးယားပိုးများသည် အပူချိန်မြင့်မြင့်တွင် အသက်မရှင်နိုင်သည့်အတွက် ကျက်အောင် ကြော်လှော်ချက်ပြုတ်ပါ။

Read More>>> လေယာဉ်နဲ့ ခရီးသွားရင် မေမေနဲ့ ဗိုက်ထဲကရင်သွေးလေးအတွက် ဘာတွေဖြစ်နိုင်သလဲ

Source: YD


Read 128 times Last modified on Saturday, 30 November 2019 15:44
Rate :
(8 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.