Friday, 29 November 2019 16:12

Pregnant20Women20Airport20Travel_0_1.jpg

 

လေယာဉ်ခရီးက ကျန်းမာသန်စွမ်းတဲ့ ပုံမှန်ကိုယ်ဝန်ဆောင်မိခင်တွေမှာ ထွေထွေထူးထူးစိုးရိမ်စရာ မရှိပါဘူး။ ကိုယ်ရဲ့ကိုယ်ဝန်သက်၊ မိခင်ကလေး၊ ကျန်းမာရေး၊ ခရီးအနီးအဝေး၊ Business Class လား Economy လား စတဲ့အချက်တွေတော့ ထည့်စဉ်းစားရတာပေါ့။ 

 

လေယာဉ်စီးချိန်မှာဖြစ်လေ့ရှိတဲ့ လေယာဉ်မမူးတက်တဲ့မိခင်တွေကတော့ လေယာဉ်မှူးတာကို လေးနာရီထက်ပိုသွားခြင်း အန္တရာ ပြီးဆိုးဝါးစွာ ခံစားရနိုင်ပါတယ်။ လေထုဖိအား ရုတ်တရတ် ပြောင်းလဲမှု လွတ်လပ် ကြောင့် နားအူခြင်း၊ နားပိတ်ခြင်းတွေတော့ ခံစားရနိုင်ပါတယ်။ 

 

မေ့ရင်သွေးလည်းခံစားရနိုင်ပါတယ်။ မေမေကသကြားလုံးစုပ်နေရင် နားပြန်ပွင့်ပေမယ့် မေ့ရင်သွေးကတော့ သကြားလုံးမစုပ်တတ်တော့ တစ်လမ်းလုံးနဲ့စုပ် လျှောက်ခြင်း ခိုင်းသွားပေါ့။ ဒီပြဿနာလေးတွေကတော့ မေမေနဲ့ရင်သွေးကို ဆိုးဆိုးဝါးဝါး မထိခိုက်နိုင်ပါဘူး။ 

 

အများစုစိတ်ပူတဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးလမစေ့ဘဲစောမွေးခြင်း၊ ရေမြွာပေါက်ခြင်းတွေလဲ လေယာဉ်စီးခြင်းကြောင့် မဖြစ်နိုင်ပါဘူး။ ခရီးဝေးသွားရင် ကြာကြာထိုင်ရတော့ ခြေထောက်သွေးကျတတ်ပါတယ်။ 

 

ထိုင်တဲ့အနေအထားမှာ ကလေးနဲ့ သားအိမ်နဲ့က သွေးပျစ်ခြင်း ချေထောက်ကပြန်လာတဲ့ သွေးပြန်ကြောကြီးတွေကို ဖိထားတဲ့အတွက် နှလုံးကို အပြည့်အဝပြန်မရောက်နိုင်တဲ့အတွက်ေ ခေထောက်သွေးကျတာပါ။ Caffeine ခြေသလုံးထဲမှာသွေးအိုင်ရာက သွေးခဲတတ်ပါတယ်။ 

 

ကိုယ်ဝန်ရဲ့သဘာဝကလည်း ကိုယ်ဝန်မရှိတဲ့သူထက်သွေးခဲခြင်းကို အားပေးပါတယ်။ လေယာဉ် အချိန်ကြာမြင့်စွာစီးခြင်းကြောင့် ခြေသလုံးကြွက်သားရှိ သွေးကြောထဲတွင် သွေးခဲခြင်း (Deep Vein Thrombosis ) လို့ခေါ်တဲ့အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်တဲ့ ပြဿနာတစ်ခုကတော့ ရှိပါတယ်။ ခြေသလုံးကြွက်သားရှိ သွေးကြောထဲကေ သွးခဲပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောမှာ သွားပိတ်ရင် ရုတ်တရက် ရင်ဘတ်အောင့်ပြီး အသက်ဆုံးရတတ်ပါတယ်။ 

 

ကံကောင်းစွာ မြန်မာပြည်မှာ အဖြစ်နည်းတဲ့ပြဿနာပါ။ အင်္ဂလန်လို။ အမေရိကား လိုနိုင်ငံမှာတော့ မိခင်သေပျောက်ခြင်းရဲ့ အဓိကအကြောင်း ရင်းပေါ့။ လေယာဉ်စီးချိန် လေးနာရီထက်နဲလျှင် ခြေသလုံးကြွက်သားရှိ သွေးကြောထဲတွင်သွေးခဲခြင်းအတွက်စိတ်ပူစရာမရှိပါဘူး။ 

 

>>>ဆေးရုံများ (ပုဂ္ဂလိက) (68)<<<

လေယာဉ်စီးချိန် လေးနာရီထက်ပိုပြီးကြာမြင့်ပါက အောက်ဖော်ပြပါ နည်းလမ်းများကိုသုံးပြီး သွေးခဲခြင်းအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

 

 ၁။ လွတ်လပ်ပေါ့ပါး သက်သာချောင်ချိသော အဝတ်နှင့်ဖိနပ်များကို ဝတ်ဆင်ပါ။ 

 

၂။ လေယာဉ်ပေါ်တွင် လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးပါ။ (ဥပမာ - လမ်းလျှောက်ခြင်း) 

 

၃။ နာရီဝက်တစ်ခါ ထိုင်လျက်ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများလုပ်ပါ။ ဥပမာ ခြေမျက်စေ့မှခြေဖဝါးကို ကော့လိုက်ကုပ်လိုက်လုပ် ကစားပေးပါ။ ခြေသလုံးကြွက်သားတွေ လှုပ်ရှားမှုနဲ့သွေးတွေကို နလုံးသို့ပြန်တွန်းပို့ပေးမှာပါ။

 

 ၄။ သွေးပျစ်ခြင်း ကသွေးခဲခြင်းကို အားပေးတဲ့အတွက် သွေးမပျစ်အောင်လေယာဉ်ပေါ်မှာပေးသမျှ အရည်များများသောက်ပေးပါ။ အရက်နှင့် Caffeine ပါဝင်သော အရည်များသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။ 

 

၅။ ခြေထောက်မှာ သွေးခဲခြင်းကိုကာကွယ်တဲ့ ချေစွပ် (Elastic

Compression Stocking) ဝတ်ဆင်ပါ။

 

၆။ ဖြစ်နိုင်ချေများပါကေ သွးကျဲဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ။ ထိုးပါ။

 

 

ဘယ်လိုကိုယ်ဝန်ဆောင်မိခင်တွေကို လေယာဉ်မစီးသင့်ဘူးလို့ အကြံပေးလိုပါသလဲ။

 

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လေယာဉ်မစီးသင့်တဲ့အခြေအနေ တွေအများကြီးရှိပါတယ်။ ဒါတွေကတော့ 

 

၁။ အချင်းအောက်ရောက်ပြီး သွေးဆင်းခြင်း

 

၂။ ကိုယ်ဝန်ဆိပ်တက်ခြင်း

 

 ၃။ သွေးရောဂါရှိခြင်း (Sickle Cell Disease) 

 

၎။ အလွန်အမင်း သွေးအားနဲခြင်း (Severe Anaemia) 

 

၅။ လတ်တလောခွဲစိတ်ခံထားရခြင်း (ဥပမာ - အူအတက်ခွဲထားခြင်း) 

 

၆။ အရိုးကျိုးခြင်း 

 

၇။ နှလုံးနဲ့ အဆုတ်မကောင်းတဲ့အတွက် လေယာဉ်စီးရန်ခက်ခဲခြင်းနဲ့ 

 

၈။ မွေးနိုင်ခြေရှိသောအခြေအနေတွေ ဖြစ်ပါတယ်။ 

 

Read More>>>လည်ချောင်းနာခြင်းကို သက်သာစေနိုင်တဲ့ သဘာဝနည်းလမ်းများ

 

ကိုယ်ဝန်ဘယ်နှစ်လအထိလေယာဉ်စီးလို့စိတ်ချရပါသလဲ။

 

ဒါကတော့ လေကြောင်းလိုင်းတစ်ခုနဲ့တစ်ခု သတ်မှတ်ချက်ချခြင်း မတူပါဘူး။ ယေဘုယျအားဖြင့်တော့ ပုံမှန်ကျန်းမာသန်စွမ်းတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ ကိုယ်ဝန်သက် ၃၇ ပတ်အထိ လေယာဉ် စီးလို့ရပါတယ်။ ကိုယ်ဝန်သက် ၃၇ ပတ် ကျော်သွားရင်တော့ အချိန် မရွေးဗိုက်နာလာနိုင်တဲ့အတွက် လေယာဉ်စီးဖို့ အဆင်မပြေတော့ပါဘူး။

 

 

လေယာဉ်ခါးပါတ်ပတ်ဖို့လိုအပ်ပါသလား။

 

လိုပါတယ်။ ပုံမှန်လူတွေလိုပဲ ခါးပါတ်ပတ်ရမှာ ဖြစ်ပါတယ်။

 

လေယာဉ်နဲ့ခရီးသွားရင် ဘာတွေမဖြစ်မနေ အရေးတကြီးယူဆောင်သွားသင့်လဲ

 

အရေးတကြီးယူဆောင်သင့်တဲ့ အရာတွေကတော့ ကိုယ်ဝန်ဆောင်မှတ်တမ်း၊ သောက်လက်စဆေးဝါးများ၊ ဆေးထောက်ခံစာနဲ့ Travel Insurance Document တွေပဲ ဖြစ်ပါတယ်။

 

 အမွှာကိုယ်ဝန်ဆောင်တဲ့ မိခင်တွေအတွက်ကတော့ လေကြောင်းလိုင်း တွေသတ်မှတ်ချက်က ကိုယ်ဝန်သက် ၃၂ ပတ် အထိ လက်ခံပါတယ်။ အမွှာကိုယ်ဝန်တွေမှာ ကလေးအချိန်မတိုင်မီလမစေ့ဘဲ မွေးဖွားတတ်တဲ့ အတွက်ကိုယ်ဝန်သက် ၃၂ ပတ်ကျော်ရင်လက်မခံကြတော့ပါဘူး။

 

ကဲ မေမေတို့ လေယာဉ်စီးလို့ ခရီးနှင်နိုင်ပြီပေါ့နော်။ မသွားခင် ကိုယ့်ကျန်းမာရေးကိုတော့ ဆရာဝန်နဲ့စစ်ဆေးပြီး လေယာဉ်ခရီးသွားဖို့ သင့်တော်ကြောင်း စာလေးယူသွားနော်။ ကိုယ်ဝန်ရှိကြောင်း လေလိုင်းကိုလည်း အသိပေးဦးနော်။ ဗိုက်ပေါ်နေပြီဆိုရင် သိနိုင်ပေမယ့် လနုသေးရင် မသိဘူးပေါ့။ သိမှလည်းလေယာဉ်မယ်ကေ စာင့်ရှောက်နိုင်မှာပေါ့။ 

 

ဒေါက်တာ နန်းမြသူဇာအောင်

 


Read 104 times Last modified on Saturday, 30 November 2019 13:50
Rate :
(6 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.