Friday, 08 November 2019 12:59

5.gif

လူအများစုကတော့ ဖုန်းပြောတဲ့အခါ ဖုန်းကိုင်တဲ့လက် အသုံးပြုတဲ့ဘက်ခြမ်းနဲ့ပဲ လွယ်လွယ်ကူကူ ဖုန်းပြောလိုက်လေ့ရှိပါတယ်။

လေ့လာမှုတွေအရ ဖုန်းကနေထွက်တဲ့ ရေဒီယိုဓာတ်ရောင်ခြည်တွေက ဦးနှောက်အပေါ် သက်ရောက်မှုရှိပြီး ရေရှည်မှာ ဦးနှောက်ထိခိုက်နိုင်တာကြောင့် ဘယ်ဘက်နားရွက်ကိုအသုံးပြုပြီး ဖုန်းပြောသင့်တယ်လို့ ဆိုလာပါတယ် ။

စစ်တမ်းတွေအရ ၆၈ ရာခိုင်နှုန်းသော လူတွေဟာ ဖုန်းပြောတဲ့အခါ ညာဘက်နားရွက်ကို အသုံးပြုကြပြီး ၂၅ ရာခိုင်နှုန်းသော လူတွေကတော့ ဘယ်ဘက်နားရွက်ကို အသုံးပြုကြပါတယ်။ ၇ ရာခိုင်နှုန်းသော လူတွေကတော့ ဖုန်းပြောတဲ့အခါ ဘယ်ဘက်ရော ညာဘက်ခြမ်း နားရွက်ကိုပါ အသုံးပြုကြတယ်လို့ ဆိုပါတယ်။

ဦးနှောက်ကင်ဆာ အပါအဝင် Brain Tumors ရောဂါတွေဟာ ဖုန်းကနေထွက်တဲ့ ရေဒီယိုဓာတ်ရောင်ခြည်တွေနဲ့ ဆက်စပ်နေတာကြောင့် မပေါ့ဆသင့်တဲ့ ပြဿနာတခု ဖြစ်ပါတယ်။

Read More>>> သွားကိုက်ခြင်းကို အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းများ

ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်မှု၊ အသုံးနိုင်ဆုံးဘက်ခြမ်းနဲ့ ဖုန်းနားထောင်တဲ့အပိုင်းဟာ ဆက်စပ်နေတာကြောင့် မိမိဟာ Left Brain Thinker လား Right Brain Thinker လား ဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။

အလုပ်တခုကို စနစ်တကျ တိကျသေချာစွာ လုပ်ချင်တယ်၊ ကိစ္စတခုခုကို လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာတတ်သူတွေဟာ Left Brain သမားတွေဖြစ်ကြပြီး တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းပြီး အနုပညာမျက်စိ ရှိသူတွေ ကတော့ Right Brain သမားတွေ ဖြစ်ကြပါတယ် ။

သင်ဟာ Right Brain Thinker သမားဆိုရင်တော့ ဖုန်းကို ဘယ်ဘက်နားရွက်နဲ့ နားထောင်သင့်ပြီး Left Brain Thinker သမားဆိုရင်တော့ ညာဘက်နားရွက်နဲ့ ဖုန်းနားထောင်သင့်ပါတယ်။

Read More>>> ခြေချင်းဝတ်လည်ပြီး နာကျင်ရောင်ကိုင်းနေတာတွေကို ကုသနည်း

၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်များအရ မိမိအသုံးပြုတဲ့ ဖုန်းအမျိုးအစားရဲ့ လုပ်ဆောင်မှုကောင်းတဲ့ ဘက်ခြမ်းနဲ့ နားထောင်ခြင်းဟာ ဓာတ်ရောင်ခြည်သင့်ပြီး ဦးနှောက်ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

i phone, Samsung, HTC ဖုန်းတွေဟာ ညာဘက်ခြမ်းလုပ်ဆောင်မှု ပိုမိုကောင်းမွန်ကြပြီး LG နဲ့ Xiaomi ဖုန်းတွေကတော့ ဘယ်ဘက်ခြမ်းလုပ်ဆောင်မှု ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။

ဖုန်းနားထောင်ခြင်းကြောင့် ဦးနှောက် ထိခိုက် ပျက်စီးမှု မရှိဖို့အတွက် ဖုန်းကို အချိန်ကြာကြာ နားနဲ့ကပ်ပြီး ပြောခြင်းကို ရှောင်ကြဉ်သင့်ပြီး ဖုန်းအချိန်ကြာကြာ ပြောဖို့လိုအပ်တဲ့အခါမျိုးမှာဆိုရင်လည်း နားကြပ်အသုံးပြုပြီး နားထောင်တာမျိုးကို ပြုလုပ်သင့်ပါတယ်။

Source: irrwady


Read 73 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.