(ဒါကြောင့် ညဘက်ကို စောစောအိပ်လို့ပြောတာပေါ့) ဒီလိုအချိန်မျိုးမှာ ကိုယ့်အတွက်တကယ်ထိရောက်မယ့် Skincare မျိုးလိမ်းပေးရင် အသားအရေအတွက် အရမ်းကောင်းတာမို့ Night Cream လို့ခေါ်တဲ့ ညလိမ်းခရင်မ်လေးတွေက အင်မတန်မှအရေးကြီးပါတယ်။ ဆိုတော့ကား မိမိအသားအရည်နဲ့ လိုက်ဖက်တဲ့ Night Cream ကို ဘယ်လိုရွေးချယ်မလဲ...
ရိုးရိုး Night Cream (ရိုးရိုးညလိမ်းခရင်မ်)
ဒါကတော့ ငပျော်တကင်း (ငပျင်း) လေးတွေအတွက်ပါနော်။ ဒီလိုခရင်မ်ထဲမှာဆိုရင် အသားအရေထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ တိုနာ၊ နို့ရည်၊ ရေဓာတ်ဖြည့်ခရင် စသည်ဖြင့် ပုံမှန်လိမ်းနေကျ စကွင်းကဲတွေပါဝင်ပြီး တစ်မျိုးတည်းနဲ့ အာနိသင်ပေါင်းစုံကို တစ်ပြိုင်နက်တည်း ရနိုင်ပါတယ်။ ဒါပေမယ့် အစုံသုပ်တို့ရဲ့ထုံးစံအတိုင်း အုတ်ရောရောကျောက်ရောရောနဲ့ အရမ်းထိရောက်မှာမျိုးမဟုတ်တာမို့ အခုမှ စကင်းစကဲမယ့် ဆယ်ကျော်သက်လေးတွေအတွက်လောက်ပဲ အဆင်ပြေပါလိမ့်မယ်။
Read More>>>ညိုမဲနေတဲ့မျက်ကွင်းတွေကို ဘေးထွက်ဆိုးကျိုးမရှိပဲ သဘာဝတိုင်းကုသနည်း
Sleeping Pack or Sleeping Mask (Sheet Mask ကဲ့သို့အစွမ်းထက်သော ညလိမ်းခရင်မ်)
သူလေးကတော့ နည်းနည်းလေးစိမ်းမယ်ထင်တယ်။ ဒီညလိမ်းခရင်မ်လေးက သက်ဆိုင်ရာအာနိသင် (ဥပမာ ရေဓာတ်ဖြည့်ချင်တာမျိုး၊ Anti-Aging လို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း (သို့) အိုမင်းရင့်ရော်ခြင်းကိုကုသပေးခြင်း) စတာတွေကို အမြင့်ဆုံးပေးစွမ်းနိုင်တာဖြစ်ပါတယ်။ (ဥပမာ ယောင်းက Moisturizing Sleeping Pack ကို ညဘက်လိမ်းအိပ်မယ်ဆိုရင် မနက်ရောက်တဲ့အခါ ရေဓာတ်အပြည့်နဲ့ လန်းဆန်းနေတဲ့မျက်နှာလေးကို တွေ့ရမှာပါ။) ဒီခရင်မ်လေးကတော့ ရိုးရိုးလိုမျိုး လုပ်ဆောင်ချက်အများကြီးမပါပေမဲ့ တစ်ခုတည်းကိုပဲ ထိရောက်မှုအကောင်းဆုံးရအောင် လုပ်ဆောင်ပေးနိုင်တာမို့ ကိုယ့် Skin အကြောင်းကောင်းကောင်းသိပြီး လိုအပ်တာကို တိတိကျကျဖြည့်ချင်တဲ့ သူတွေအတွက် ဒါလေးကသင့်တော်ပါတယ်။
Nourishing Cream (လိုအပ်တဲ့အာဟာရဓာတ်ကိုပြန်ဖြည့်တင်းပေးနိုင်တဲ့ ညလိမ်းခရင်မ်)
အပေါ်မှာပြောခဲ့သလိုပဲ ညဘက်မှာမှ ဆဲလ်တွေရဲ့လုပ်ဆောင်ချက်က အမြင့်ဆုံးတက်တာမို့ ဒီလိုအချိန်မျိုးမှာ အာဟာရဓာတ်များများပါတဲ့ ခရင်မ်မျိုးလိမ်းပေးတာက ကိုယ့်အသားအရေရဲ့လုပ်ဆောင်ချက်ကို အားပေးတာနဲ့အတူတူပါပဲ။ ဒါကြောင့် ဒီလိုမျိုးခရင်မ်ကတော့ အသားအရမ်းခြောက်ပြီး ကြမ်းတမ်းနေတဲ့ ယောင်းလေးတွေ၊ မျက်နှာက မွဲခြောက်ခြောက်ဖြစ်နေတဲ့ ယောင်းလေးတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။ (အသားခြောက်သူတွေနဲ့သင့်တော်တယ်ဆိုပေမဲ့ ညဘက်လိမ်းမှာမို့ အဆီပြန်သမားတွေလည်း လိမ်းပေးလို့ရပါတယ်နော်။)
>>>စူပါမားကတ်နှင့် ဈေးဝယ်စင်တာများ (36)<<<
ဒါလေးတွေကတော့ ယေဘုယျအားဖြင့် ဈေးကွက်ထဲမှာ အတွေ့များတဲ့ Night Cream လေးတွေပေါ့။ ပုံမှန်သုံးနေကျ တိုနာ၊ နို့ရည်၊ ရေဓာတ်ဖြည့်ခရင်မ် လိမ်းလည်းအဆင်ပြေတယ်ဆိုပေမဲ့ အသားအရေကို တစ်ဆင့်မြှင့်ပြီးထိန်းသိမ်းချင်တဲ့သူတွေ၊ သက်လတ်ပိုင်းတွေကတော့ ဒီလိုမျိုးခရင်မ်လေးတွေကို သုံးပေးသင့်ပါတယ်နော်။ ဒါမှလည်း အရွယ်တင်နုပျိုပြီး အမြဲလှနေနိုင်မှာပေါ့။
Source; Hnin Ei Oo (For Her Myanmar)