Friday, 01 November 2019 16:58

DFdg_1.jpg

 

ပြေးခြင်း၊ မတ်တပ်ရပ်ခြင်းနဲ့ ကိုယ်ကာယလေ့ကျင်ခန်းတွေကြောင့် ဒေါက်မြင့်ဝတ်ပြီး ခြေခေါက်ခြင်းတွေကြောင့် ခြေချင်းဝတ်လည်တတ်ပါတယ်။

ခြေချင်းဝတ်လည်လို့ရလာတဲ့ဒဏ်ကို ပျောက်ဖို့ တစ်လနီးပါးအချိန်ပေးရပါတယ်။ ခြေချင်းဝတ်လည်သွားရင် လမ်းပြန်လျှောက်နိုင်ဖို့အတွက် ဒီနည်းလေးကို လုပ်ပေးကြည့်လိုက်ပါ။

 

RICE နည်းလမ်း

 

RICE ရဲ့ အရှည်ကောက်တွေကတော့ Rest (အနားယူပါ) ၊ Ice (ရေခဲကပ်ပါ) ၊ Compression (ခြေစည်းဝတ်ထားပါ) ၊ Elevation (ခြေကိုမြှင့်တင်ပေးပါ) ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ RICE နည်းလမ်းကတော့ ခြေချင်းဝတ်လည်ရင် ပထမဆုံးကုသရမယ့်နည်းလမ်းပဲဖြစ်ပါတယ်။ ဒါမှ နာကျင်မှုနဲ့ရောင်ရမ်းတာတွေ သက်သာစေမှာပါ။

 

 အနားယူပါ

 

ပထမအဆင့်မှာ ခြေချင်းဝတ်နာနေသေးတာဖြစ်လို့ အနားယူနိုင်သလောက် အနားယူပေးပါ။ ခြေချင်းဝတ်လည်ပြီးပြီချင်း ပထမ (၂) ရက်အထိ ဘယ်မှာမသွားဘဲ ငြိမ်ငြိမ်လေး အနားယူပေးပါ။ ခြေထောက်ကို အနားပေးလိုက်တာက ရောင်ကိုင်းတာတွေကို သက်သာစေပါတယ်။

 

Read More>>>ဇနီးမောင်နှံတွေ တရားရုံးမှာ မင်္ဂလာလက်မှတ်ရေးထိုးဖို့ ဘာတွေလိုအပ်လဲ

ရေခဲကပ်ပါ

 

ရေခဲကပ်ပေးတာကတော့ ခြေချင်းဝတ်ရောင်ကိုင်း၊ နာကျင်တာတွေကို သက်သာသွားစေပါတယ်။ လက်သုတ်ပ၀ါအသန့်ထဲကို ရေခဲတုံး (၈-၁၀) တုံးထည့်ပေးပြီး (၁၅-၂၀) မိနစ်လောက်နားနားပြီး ကပ်ပေးပါ။ ဖြစ်ဖြစ်ချင်း ပထမ(၂) ရက်မှာ (၂-၃) နာရီခြားတစ်ခါ ကပ်ပေးပါ။

 

ခြေစည်းဝတ်ထားပါ

 

ဒီအဆင့်မှာတော့ ခြေချင်းဝတ်ကို ခြေစည်းပေးရပါမယ်။ ခြေချင်းဝတ်နာရင် စည်းရတဲ့ ခြေစည်းကို အသုံးပြုနိုင်ပါတယ်။ သွေးလည်ပတ်မှုကိုပိတ်သွားစေနိုင်တာကြောင့် အရမ်းတင်းကြပ်နေတာမျိုးကိုလည်းရှောင်ပါ။ ဒီခြေစည်းဝတ်ပေးထားတာက သင့်ခြေချင်းဝတ်ကို လမ်းလျှောက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။  ဆေးပူလေးလိမ်းပြီးစီးပေးရင်တော့ ပိုကောင်းတာပေါ့နော်။

 

>>>ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ (36)<<<

ခြေချင်းဝတ်ကိုမြှင့်တင်ပေးပါ

 

ဒီအဆင့်မှာတော့ ခြေချင်းဝတ်ကို နှလုံးထက်မြင့်တဲ့အမြင့်မှာ မြောက်တင်ပေးထားပါ။ ခြေချင်းဝတ်အောက်မှာ ခေါင်းအုံးခံထားပေးပြီး နှလုံးအထက် အမြင့်မှာ တင်ပေးထားပါ။ ဒါဆိုရင် ခြေထောက် နာကျင်ပြီး ရောင်ကိုင်းတာတွေကို သက်သာစေပါတယ်။

 

Credit ; Anty May

 

 


Read 195 times Last modified on Friday, 01 November 2019 17:35
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.