Tuesday, 29 October 2019 15:20

3-3_1.jpg

 

မိန်းကလေးတော်တော်များများ မျက်ကွင်းညိုမှာကို ကြောက်ကြပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ညိုနေတဲ့မျက်ကွင်းတွေကြောင့် စိတ်ညစ်စရာကောင်းလှပါတယ်။

ဒီအတွက် မျက်ကွင်းညိုတာ ပျောက်ကင်းနိုင်မယ့်  ဘေးထွက်ဆိုးကျိုးတွေလည်းမရှိတဲ့ သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

( ၁ )  ခရမ်းချဉ်သီး

 

မဲပြီးညိုညစ်နေတဲ့ အသားအရေတွေကို ပြန်ဝင်းလာအောင်လုပ်ပေးတဲ့နေရာမှာ ခရမ်းချဉ်သီးက ဆရာတစ်ဆူပါ။ အရောင်ချွတ်တဲ့ အာနိသင်ရှိတာကြောင့် မျက်လုံးအောက်ပိုင်းမှာ ဖြစ်နေတဲ မျက်ကွင်းညိုတာ မျက်ကွင်းမဲတာတွေကို သူကသက်သာစေမှာ အသေအချာပါ။

 

လုပ်ရမယ့် နည်းကတော့ ခရမ်းချဉ်သီး ပါးပါးလေးလှီးပြီး မျက်လုံးမှာကပ်လို့ရသလို ခရမ်းချဉ်သီးအရည် လက်ဖက်ရည်စွန်း တစ်ဇွန်းနဲ့ သံပရာရည် လက်ဖက်ရည်စွန်း တစ်ဝက်ကိုရောပြီး မျက်လုံးအောက်မှာ လိမ်းပေးလို့ရပါတယ်။ မိနစ်အနည်းငယ်လောက်ထားပြီး ရေပြန်ဆေးချပါ။ ဒီနည်းကို တစ်ပတ် ၂ ကြိမ်လောက် လုပ်ပေးပါ။

 

 

( ၂ ) နွားနို့

 

နွားနို့မှာပါဝင်တဲ့ Lactic acid က မျက်ကွင်းညိုတဲ့ ပြဿနာတွေနဲ့ မျက်လုံးအောက်ဖောင်းတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနို်င်မှာပါ။

 

လုပ်ရမယ့်နည်းကတော့ တိုနာသုံးဂွမ်းဖတ်လေးတွေမှာ နွားနို့အေးလေးကို စွတ်ပြီး မျက်လုံးပေါ် ၁၅ မိနစ်လောက်ကပ်ပေးပါ။ ပြီးရင်ရေပြန်ဆေးချပါ။

 

( ၃ ) အုန်းဆီ

 

အုန်းဆီမှာပါဝင်တဲ့ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ပျက်စီးနေတဲ့ မျက်လုံးအောက်က အသားအရေကို ပြန်အားဖြည့်ပေးနိုင်မှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အာနိသင်ရှိစေတဲ့အတွက် မျက်လုံးအိတ်ဖောင်းခြင်းကိုလည်း သက်သာစေမှာပါ။

 

လုပ်ရမယ့်နည်းကတော့ အိပ်ခါနီး မျက်လုံးအောက်မှာ သဘာဝအုန်းဆီလေးလိမ်းပြီး မနက်ကျမှ မျက်နှာပြန်သစ်ပါ။

 

 

( ၄ ) အာလူး

 

အာလူးမှာရှိတဲ့ အရောင်ချွတ်ခြင်း အစွမ်းအာနိသင်က မျက်ကွင်းညိုတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ အသေအချာပါ။

 

လုပ်ရမယ့်နည်းက လွယ်လွယ်ပေးပါ။ အာလူးလေးတွေကို ပါးပါးလှီးပြီး မျက်လုံးအောက်ပိုင်းမှာ ကပ်ထားပေးလိုက်ရုံပါပဲ။

 

( ၅ )  သခွားသီး

 

မျက်လုံးနဲ့ ပတ်သက်လာရင် မျက်လုံးအေးစေဖို့၊ ညောင်းနေတဲ့ မျက်လုံးတွေ အကြောပြေစေဖို့၊ မျက်ကွင်းညိုခြင်းကိုြေ့ဖရှင်းဖို့နဲ့ မျက်လုံးတစ်ဝိုက် ရေဓာတ်ပြန်ဖြည့်ပေးတဲ့နေရာမှာ သခွားသီးလောက် ဆရာကျတဲ့သူမရှိပါဘူး။

 

လုပ်ရမယ့် နည်းကတော့ သခွားသီး ပါးပါးလေးတွေလှီးပြီး ရေခဲသေတ္တာထဲ နာရီဝက်လောက်ထည့်ထားပြီး။ ပြီးရင် မျက်လုံးပေါ် ၁၅ မိနစ်လောက် ကပ်ပေးပါ။ အေးတဲ့အထိအတွေ့ကြောင့် မျက်လုံးဖောင်းတာ၊ ညောင်းနေတာတွေ သက်သာစေမယ့်အပြင် ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးဦးမှာပါ။

 

( ၆ ) သုံးပြီးသား လက်ဖက်စိမ်းအိတ်

 

လက်ဖက်ခြောက်အိတ်လေးတွေက မျက်လုံးအောက်ပိုင်းက မျက်အိတ်ဖောင်း နေတာ၊ မျက်ကွင်းညိုနေတာတွေအတွက် အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ အရာတွေပါ။

 

လက်ဖက်ရည်ဖျော်ပြီးကျန်ခဲ့တဲ့ လက်ဖက်ခြောက်အိတ်လေးတွေကို ဘူးသန့်သန့်လေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထည့်ထားပါ။ မိနစ် ၂၀ လောက်ကြာတဲ့အချိန်ကျရင် အိတ်လေးတွေကိုပြန်ထုတ်ပြီး ကျန်နေတဲ့ အရည်တွေကို ညှစ်ချပါ။ ပြီးရင် လက်ဖက်ခြောက်အိတ်လေးကို မျက်လုံးပေါ် နာရီဝက်လောက်တင်ထားပါ။

 

ဒါတွေကတော့ အကုန်အကျလည်းသက်သာ၊ လုပ်ရတာလည်းလွယ်ကူ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိတဲ့ မျက်ကွင်းညိုတာကို သက်သာစေတဲ့ နည်းလေးတွေပါ။

 

Source; Hello Doctor

 

 


Read 139 times
Rate :
(1 Vote)

Related items

  • တရုတ်မလေးနဲ့တူတဲ့ Makeup Look ရအောင် ပြင်ဆင်ဖို့ အချက်(၇)ချက်

    Chinese-Girls-vs-Korean-Girls-Chinese-1024x683_1.jpg

     

    တရုတ်နှစ်သစ်ကူးတွေကလဲ စနေပြီဆိုတော့ ပွဲတော်တွေသွားတဲ့အခါ ဒါမှမဟုတ် သူငယ်ချင်းတွေနှစ်သစ်ကူးကို သွားတဲ့အခါ ကိုယ့်ပုံစံလေးကလဲ တရုတ်မလေးနဲ့တူနေအောင် ပြင်ဆင်သွားချင်ပါလား။ တရုတ်မလေးနဲ့တူတဲ့ Makeup look ရအောင် လိုအပ်တဲ့အဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

  • နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ WHO မှထုတ်ပြန်ထားသည့် နည်းလမ်းများ

    china

    တရုတ်နိုင်ငံ၊ ဝူဟန်မြို့ တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်/ထွက်ပေါက်များကို အထူးကြပ်မတ်ကြည့်ရှုဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

  • အရိုးအကြောနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးမည်

    Alotawpyae

    မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် မိတ္ထီလာနှင့် အနယ်နယ်အရပ်ရပ်မှ အရိုးအကြောနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များအား ထိုင်းနိုင်ငံ ပီရာဗိတ်ဆေးရုံကြီးမှ ဆရာဝန်ကြီးနှစ်ဦးက သုံးရက်တိုင် အခမဲ့စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.