Saturday, 26 October 2019 14:09

 child-height-chart-3-770x513_1.jpg

အသက်ကြီးလာရင် ဝတာက ပိန်အောင်လုပ်လို့ရပေမယ့်၊ အရပ်ပုနေရင်တော့ ရှည်အောင် လုပ်လို့မရပါ။

အသက်အတိုင်းအတာ အကန့်အသက်တွေရှိပြန်တဲ့အတွက် ကလေးငယ်ဘဝနဲ့ ဆယ်ကျော်သက်အရွယ် ကတည်းက အစားအစာကို စနစ်တကျကျွေးပေးပြီး သက်ဆိုင်ရာ လေ့ကျင့်ခန်း ကို လုပ်ပေးမယ်ဆိုရင် အရပ်ရှည်လာနိုင်ပါတယ်။

 

စာတမ်း အမျိုးမျိုး ထွက်လာပါတယ်။ အရပ်က ဘယ်အသက်အရွယ်အထိ ရှည် နိုင်သလဲ ဆိုပြီး၊ တချို့ သုတေသန တွေ မှာတော့ အသက် ၂၅ အထိ ရှည် တယ်လို့ ရေးထားသလို တချို့မှာ တော့ ၁၈ နှစ် အထိ ဆိုပြီး ဖော်ပြထားပါတယ်။ သေချာတာကတော့ ဆယ်ကျော်သက် အရွယ်မှာတော့ အရပ်ရှည်လာအောင်လုပ်တာ အကောင်းဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး ဖြစ်ပါတယ်။

 

Read More>>>စမတ်ဖုန်းတစ်လုံးအတွက် မရှိမဖြစ်အရေးပါတဲ့ Display အကြောင်း

ဒါဆို အရပ်ရှည်အောင် အထောက်အကူပြုနိုင်ဖို့အတွက် ဘာတွေစားသုံးသင့်သလဲ….

 

၁။အသားဓါတ်

 

 အသားဓါတ်ကတော့ အရေး အကြီးဆုံး ဓါတ်တစ်မျိုး ဖြစ်ပါတယ်။ ဆယ်ကျော်သက်ကလေးတွေ အနေနဲ့ဆို တစ်နေ့လုံးစာ အသားကို (၁၀) ကျပ်သား ကနေ (၁၅) ကျပ်သား အထိစားသင့်ပါတယ်။

 

၂။  Vitamin C

 

ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာများကတော့ ငရုတ်ပွ အနီ/အစိမ်း၊ စတော်ဘယ်ရီ၊ လိမ္မော်၊ သံပုရာ၊ ခရမ်းချဉ်သီး၊ ပန်းပွင့်စိမ်း၊ ဇီးဖြူသီး၊ ကိုက်လန်၊ မာလကာသီး၊ ဂရိတ်ဖရုသီး တို့ဖြစ်ပါတယ်။

 

>>>စားသောက်ဆိုင်များ (2136)<<<

၃။ Vitamin D

 

ဗီတာမင် ဒီ ကတော့ နေရောင်ခြည်ကနေ အဓိကရပါတယ်။ အခုနောက်ပိုင်း နို့တွေ ဆီရီယယ်တွေမှာလည်း ဗီတာမင်ဒီ ထပ်ဖြည့်ထားတာတွေကိုလည်း တွေ့ရပါတယ်။

 

၎။ Calcium 

 

ဒါကတော့ လူတိုင်းစိတ်ဝင်စားတဲ့ အရပ်ရှည်စေမယ့် သတ္တုပစ္စည်းတစ်မျိုးပါ။ နွားနို့၊ အရိုးပါစားလို့ရတဲ့ ငါးအသေးလေးများ၊ ဒိန်ချဉ်၊ ကိုက်လန်၊ ကန်ဇွန်း၊ ပန်းပွင့်စိမ်း၊ ငါးသေတ္တာ စတာတွေကတော့ ကယ်ဆီယမ် ဓါတ်ကြွယ်ဝကြပါတယ်။

 

၅။  နို့နဲ့ နို့ထွက်ပစ္စည်းများ 

 

နို့နှင့် နို့ထွက် ပစ္စည်း များ ကိုလည်းစားပေးသင့်ပါတယ်။ တချို့ နွားနို့ မကြိုက်တဲ့ သူတွေ၊ နွားနို့နှင့် မတည့် တဲ့ သူတွေ အနေနဲ့ ကတော့ ပဲနို့တို့ ဒိန်ချဉ် တို့ သောက်ပေးလို့ရပါတယ်။

 

 

Credit: ဒေါက်တာ ညီညီကျော်

 


Read 343 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.