Thursday, 24 October 2019 11:55

Athletic-strong-man-doing-pushups-outdoor_1.jpg

 

တစ်ချို့ အားကစားတွေဟာ Equipment မလိုဘဲ နေရာမရွေး ကစားနိုင်ပါတယ်။ ဒီလို အားကစားနည်းတွေထဲမှာ Push Ups လို့ ခေါ်တဲ့ ဒိုက်ထိုးကစားနည်းလည်း ပါပါတယ်။ ဒိုက်ထိုးကစားနည်းဟာ လွယ်ကူသလောက် အကျိုးများတဲ့ Workout ဖြစ်ပါတယ်။

 

(၁) ဟော်မုန်းကျန်းမာရေး ကောင်းမွန်စေခြင်း

 

ဒိုက်ကစားလို့ ရတဲ့ အကျိုးကျေးဇူးတွေထဲမှာ နောက်ထပ်ထူးခြားတာက HGH လို့ ခေါ်တဲ့ Human Growth Hormone တွေပါ တိုးပွားစေပါတယ်။ HGH ဟာ ကလေးငယ်နဲ့ အရွယ်ရောက်စ လူငယ်တွေမှာ အများဆုံး ကြီးထွားပြီး ခန္ဓာကိုယ်ဖွဲ့ စည်းမှုကို ထိန်းညှိပေးသလို ကြွက်သား၊ အရိုးနဲ့ ကိုယ်တွင်း အရည်တွေအပြင် ဇီဝကမ္ပလုပ်ဆောင်ချက်ပါ မှန်ကန်စေပါတယ်။

 

Read More>>>ပြည်ပခရီးသွားမယ်ဆိုရင် ဘယ်လိုအရာတွေ ပြင်ဆင်သွားသင့်လဲ…?

(၂) ကိုယ်နေဟန်ထား မှန်ကန်စေခြင်း

 

လက်ပြင်ကုန်းနေတယ်ဆိုရင် ဒိုက်ပုံမှန် ထိုးသင့်ပါတယ်။ ကွန်ပျူတာရှေ့ မှာ တစ်နေ့ လုံး ထိုင်နေရတဲ့သူတွေအတွက် Push Up လုပ်ပေးခြင်းဟာ တကယ့်ကို ထိရောက်လွယ်ကူတဲ့ ကျန်းမာရေးအလေ့အထပါ။ နည်းစနစ်မှန်မှန် ဒိုက်ထိုးမယ်ဆိုရင် ခါးနာတာ ၊ လက်ပြင်ကိုင်းတာနဲ့ ပုခုံးဖွဲ့ စည်းပုံတွေပါ အများကြီး ကောင်းမွန်တိုးတက်လာမှာ ဖြစ်ပါတယ်။

 

(၃) ကြွက်သားအားလုံး ကြံ့ခိုင်သန်မာစေခြင်း

 

ဒိုက်ထိုးကစားနည်းဟာ ပုခုံး၊ ကျော၊ လက်မောင်းနဲ့ လက်ပြင်စတဲ့ ကြွက်သားအုပ်စုအားလုံးကို လှုံ့ ဆော်ပေးပါတယ်။ အရေးပါတဲ့ ကြွက်သားအားလုံးကို အလုပ်ပေးတာဖြစ်လို့ ကြွက်သားကြံ့ခိုင်မှု မြင့်မားစေပါတယ်။ 

>>>ဖျော်ဖြေရေးဝန်ဆောင်မှု လုပ်ငန်းများ (3)<<<

(၄) နှလုံးကျန်းမာရေး အားပေးခြင်း

 

တစ်နေ့ ကို အကြိမ်ပေါင်း ၄၀ နဲ့ အထက် ဒိုက်ထိုးလေ့ရှိသူတွေဟာ ဒိုက်ကစားမှု မရှိတဲ့သူတွေထက် နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်ဖို့ ၉၆% ပိုနည်းစေတယ်လို့ JAMA Network Open ဆေးဂျာနယ်က ဖော်ပြထားပါတယ်။ ဒိုက်ထိုးတယ်ဆိုတာ ကြွက်သားတွေကို အလုပ်ပေးရုံတင်မဟုတ်ဘဲ နှလုံးကို အောက်ဆီဂျင်ပေးပို့ မှုပါ ပိုမို မြန်ဆန်စေပါတယ်။ နှလုံးအလုပ်လုပ်မှုမှန်ကန်ခြင်းအပြင် ကိုယ်ခန္ဓာမှာ သိုလှောင်ထားတဲ့ မလိုအပ်တဲ့ အဆီတွေပါ လျှော့ချပေးနိုင်ပါတယ်။

 

Source; kwee

 


Read 385 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.