Friday, 18 October 2019 11:02

s l1600

ပလတ်စတစ်သည် ဈေးနှုန်းသက်သာခြင်း၊ တာရှည်ခံခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်းတို့ကြောင့် အစားအသောက်များ ထုပ်ပိုးသယ်ဆောင်ရာတွင် များပြားစွာ အသုံးပြုနေကြပါသည်။

ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသော အစားအသောက် (ရေ၊ အချိုရည်..စသည်) တို့ကို ပူပြင်းသော နေရာ (သို့) ပူပြင်းသော နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သောနေရာတွင် ကြာရှည်စွာ ထားသိုပါက ပလတ်စတစ်အတွင်း မှ ဓါတုပစ္စည်းများစိမ့်ထွက်ပြီး အစားအသောက်တွင် ရောနှော၍ ညစ်ညမ်းမှုဖြစ်စေနိုင်သောကြောင့် အစားအသောက်များ၏ မူလသဘာဝ ဂုဏ်သတ္တိများ၊ အာဟာရဓါတ်များ၏ ဂုဏ်သတ္တိပြောင်းလဲခြင်းများ ရှိလာနိုင်သည်။

အစားအသောက်ထုပ်ပိုးရာတွင် သုံးစွဲရန်မသင့်သော ပလတ်စတစ်အမျိုးအစားကို သုံးစွဲပါက ညစ်ညမ်းမှုပမာဏ ပိုမိုများပြားနိုင်ပါသည်။

Read More>>> E-စီးကရက်သောက်သုံးခြင်းဖြင့် ရရှိနိုင်သော ဘေးထွက်ဆိုးကျိုးများ

အဆိုပါ ညစ်ညမ်းပစ္စည်းများသည် အစားအသောက်မှတစ်ဆင့် လူ့ကိုယ်ခန္ဓာအတွင်း ဝင်ရောက်ကာ ဟော်မုန်းဓါတ်များ ပြောင်းလဲစေခြင်း၊ အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ အဆုတ်ရောဂါများနှင့် ကင်ဆာကဲ့သို့ရောဂါများ ဖြစ်စေနိုင်ပါသည်။

အစားအသောက်ထုပ်ပိုး ဖြန့်ဖြူးရောင်းချရာ၌ အစားအသောက်ထုပ်ပိုးရာတွင် အသုံးပြုသော ပလတ်စတစ်အဆင့်အတန်း (Food grade plastic) ကိုသာအသုံးပြုရပါမည်။

ပလတ်စတစ်ထုတ်လုပ်မှုအဖွဲ့အစည်း(Society of Plastic Industry) မှ Plastic ID အမှတ်စဉ် (၁) မှ (၇)အထိ သတ်မှတ်ထားပါသည်။

ယင်းသတ်မှတ်ချက်အတွင်းမှ အမှတ်စဉ်(၂)- HDPE (High Density Polyethylene)၊ အမှတ်စဉ်(၄) - LDPE (Low Density Polyethylene) နှင့် အမှတ်စဉ်(၅)- PP (Polypropylene) သုံးမျိုးကိုသာ အစားအသောက် သိုလှောင်သိမ်းဆည်းရန်နှင့် အကြိမ်ကြိမ် ပြန်လည်အသုံးပြုရန် စိတ်ချရသော အစားအသောက်ထုပ်ပိုးရာတွင် အသုံးပြုသော ပလတ်စတစ်အဆင့်အတန်း (Food grade plastic) အဖြစ်သတ်မှတ်ထားပါသည်။

Read More>>> မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးမည်

အသုံးပြုပလတ်စတစ်အမျိုးအစားကို ပလတ်စတစ်ဘူးခွံ၏ တစ်နေရာတွင် (ဥပမာ-ပုလင်းအောက်ခြေ) တွင်ဖော်ပြထားပါသည်။

သို့ဖြစ်ပါ၍ အစားအသောက်ထုတ်လုပ်သူများအနေဖြင့် အစားအသောက်ထုပ်ပိုးရာတွင် အသုံးပြုသော ပလတ်စတစ်အဆင့်အတန်း (Food grade plastic) ကိုသာ အသုံးပြုထုတ်လုပ်၊ ထုပ်ပိုး၊ ဖြန့်ဖြူးပြီး ရောင်းချသူများအနေဖြင့် အစားအသောက်များကို သတ်မှတ်ထားသော အပူချိန်၌သာ သိုလှောင်ဖြန့်ဖြူးရောင်းချကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောကြားထားသည်။

စားသုံးသူများအနေဖြင့်လည်း ပလတ်စတစ်ဖြင့် ထုတ်ပိုးထားသော အစားအသောက်များ ဝယ်ယူရာ၌ အစားအသောက်ထုပ်ပိုးရာတွင် အသုံးပြုသော ပလတ်စတစ်အဆင့်အတန်း (Food grade plastic) ဟုတ်မဟုတ် ထုပ်ပိုးပစ္စည်းအား စစ်ဆေးဝယ်ယူ သုံးစွဲကြပါရန်နှင့် သိုလှောင်သိမ်းဆည်းရာတွင် အပူချိန်မြင့်မားသောနေရာတွင် သိမ်းဆည်းခြင်းမပြုကြရန်လည်း ပြောကြားထားသည်။

lT

pL


Source: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


Read 169 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.