Wednesday, 16 October 2019 16:29

E

E-စီးကရက်ဆိုသည်မှာ လျှပ်စစ်ပစ္စည်းကိရိယာတစ်ခုဖြစ်ပြီး ၎င်းအတွင်းသို့ ဆေးရည်တစ်မျိုးမျိုးကို ထည့်သွင်းအပူပေးရာမှတဆင့် လေထဲသို့ ဆေးလိပ်ငွေ့ကဲ့သို့သော အငွေ့များထုတ်လွှတ်ပေးနိုင်သော ဆေးလိပ်/ စီးကရက်ကဲ့သို့ အသုံးပြုသောက်သုံးသည့် ပစ္စည်းဖြစ်ပါသည်။

E-စီးကရက် ပုံစံအမျိုးမျိုး

E-စီးကရက်သည် ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ရှိပါသည်။ (ဥပမာ - USB Flash Drive ပုံစံ) အတွင်းဘက်တွင် ပြန်လည်အားဖြည့်သွင်းနိုင်သော ဘက်ထရီ (သို့မဟုတ်) ဓာတ်ခဲ၊ အပူပေးပစ္စည်းနှင့် ဆေးရည်ထည့်သော နေရာတို့ ပါရှိပါသည်။

Read More>>> ဖော်မလင်သုံးစွဲမိရင် ဘာတွေဖြစ်လာနိုင်သလဲ???

E-စီးကရက်အငွေ့တွင် ပါဝင်သော အန္တရာယ်ရှိပစ္စည်းများ

၁။ နီကိုတင်း၊
၂။ အငွေ့ပျံလွယ်သော အော်ဂဲနစ်ဒြပ်ပေါင်းများ၊
၃။ ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများ၊
၎။ သာမန်မျက်စိဖြင့် မမြင်နိုင်သော အမှုန်များ၊
၅။ နီကယ်၊ သံဖြူ ၊ ခဲသား စသည့် သတ္တုပစ္စည်းများ၊
၆။ အဆုတ်ကို ဆိုရွားစွာ ထိခိုက်စေနိုင်သည့် ရနံ့အရသာပေးသော ဓာတုပစ္စည်းများ ပါဝင်သည်။

Es

E-စီးကရက်၏ ဘေးထွက်ဆိုးကျိုးများ

စီးကရက်အပါအဝင် အခြားဆေးလိပ်၊ ဆေးရွက်ကြီးထုတ်ကုန် ပစ္စည်းများကဲ့သို့ပင် သုံးစွဲသူကို စွဲလမ်းစေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာပါဝင်ပါသည်။

နောက်ဆက်တွဲဆိုးကျိုးများအနေနှင့် (အထူးသဖြင့် လူငယ်များတွင်)-

-ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊
-အာရုံစူးစိုက်နိုင်မှု ကျဆင်းလာခြင်း၊
-သင်ယူနိုင်စွမ်းရည် နည်းပါးလာခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။

E-စီးကရက်ငွေ့တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ရေရှည်တွင် အဆုတ်ကို ထိခိုက်ပျက်စီးစေသကဲ့သို့ နောက်ဆက်တွဲအနေဖြင့် ကင်ဆာရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ပါသည်။

Read More>>> လက်သန့်ဆေးတွေ မကြာခဏအသုံးပြုခြင်းဟာ ကျန်းမာရေးကိုထိခိုက်လာနိုင်လား

E-စီးကရက်အတွင်းရှိ ဘက်ထရီချွတ်ယွင်းပြီး ပေါက်ကွဲခြင်းမှ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိနိုင်ပါသည်။

E-စီးကရက်အရည် (Vape) ကို မတော်တဆသောက်မိခြင်း၊ တိုက်ရိုက်ရှူမိခြင်း၊ မျက်စိထဲ ဝင်ရောက်ခြင်းနှင့် အရေပြားပေါ်ထိခြင်းတို့ကြောင့် အန္တရာယ်ဖြစ်စေပြီး ကလေးငယ်များတွင် အသက်ဆုံးရှုံးသည် အထိဖြစ်စေနိုင်ပါသည်။

E-စီးကရက်သောက်သုံးသူများထံမှ ထွက်လာသော အငွေ့များသည် ပတ်ဝန်းကျင်မှ လူအများကို ရှူရှိုက်မိစေပြီး အန္တရာယ်ဖြစ်စေပါသည်။

E-စီးကရက်ဆေးရည်အမျိုးမျိုး ထည့်သွင်းအသုံးပြုခြင်းအပြင် ဆေးခြောက်နှင့် အခြားမူးယစ်စေတတ်သော အရာများကိုပါ ထည့်သွင်းအသုံးပြုနိုင်သဖြင့် မူးယစ်ဆေးဝါး စွဲလမ်းမှုနှင့် နောက်ဆက်တွဲ ပြဿနာများကိုပါ ဖြစ်ပွားစေနိုင်ပါသည်။

စီးကရက် အပါအဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်ကုန်ကဲ့သို့ ပစ္စည်းများသည် ကျန်းမာရေးကို အလွန်ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသဖြင့် E-စီးကရက်သုံးစွဲခြင်းမှ လုံးဝ(လုံးဝ)ရှောင်ကြဉ်ကြပါရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါသည်။

eT

Source: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Nilar Myot Win


Read 199 times Last modified on Wednesday, 16 October 2019 17:08
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.