Thursday, 10 October 2019 15:43

 

han_sanitizers_1.jpg

 

 

 

လက်ဆိုတာ ခန္ဓာကိုယ်မှာ အလုပ်အရမ်းများတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်နေရတာဖြစ်လို့ လက်မှာမမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။

အရင်တုန်းကတော့ လက်ကို ဆပ်ပြာနဲ့ရေနဲ့ သေချာပွတ်တိုက် ဆေးခဲ့ကြပေမယ့် ဒီဘက်ခေတ်မှာတော့ ရေမလိုတဲ့ လက်သန့်ဆေးတွေ ပေါ်လာလို့ ဘေစင်နဲ့ရေရှိတဲ့ဆီကို သွားဖို့မလိုတော့ပါဘူး။ 

ဒီတိုင်း လက်သန့်ဆေးကို ပွတ်ပြီးဆေးလိုက်ရုံပါပဲ။ ကောင်းတာနဲ့အတူ ဘေးထွက်ဆိုးကျိုးအနည်းငယ် ကတော့ပါစမြဲပါ။ လေ့လာစမ်းသပ်မှုတွေအရ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေမှာ ပုံမှန် လက်ကို ဆပ်ပြာနဲ့ဆေးတဲ့ သူတွေထက် လက်သန့်ဆေးသုံးတဲ့သူတွေက ပိုပြီး ရောဂါပိုးမွှားပြန့် စေတယ်လို့သိရပါတယ်။ 

Read More>>>ခန္ဓာကိုယ် အလေးချိန် မတက်အာင် အချိုပွဲ တွေကို ဘယ်လို စားကြမလဲ

အဓိကအနေနဲ့ လက်သန့်ဆေးသုံးထားတဲ့အခါ လက်သန့်ဆေးမှာပါဝင်တဲ့ Alcohol နဲ့ တုပ်ကွေးရောဂါဖြစ်နေတဲ့ လူနာဆီကနှာရည်တို့ ထိတွေ့မိတဲ့အခါမှာ ရောဂါပိုးမွှားတွေက ဆပ်ပြာနဲ့ဆေးတာထက် ပျက်စီးဖို့ အချိန်ပိုယူရပါတယ်။ 

နှာရည်မှာ ပါဝင်နေတဲ့ တုပ်ကွေးပိုးကိုလက်နဲ့ ထိတွေ့စေပြီး လက်သန့်ဆေးနဲ့ ဆေးလိုက်တဲ့အခါမှာ ၂ မိနစ်ကြာမှ ပျက်စီးသွားတာကို တွေ့ရပါတယ်။ ဒါက လက်သန့်ဆေး သုံးလိုက်ပေမယ့်လည်း ချက်ချင်းရောဂါပိုးမွှားတွေ သေသွားစေတာမဟုတ်ဘူးလို့ သိနိုင်ပါတယ်။

>>>စူပါမားကတ်နှင့် ဈေးဝယ်စင်တာများ<<<

ဒါပေမယ့် ပိုးမွှားတွေက ခြောက်သွေ့နေတဲ့ အခြေအနေမှာဆိုရင်တော့ လက်သန့်ဆေးက စက္ကန့် ၃၀ အတွင်းသတ်ပစ်လိုက်နိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီးလက်ကိုဆေးရင်တော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေကို မြန်မြန်သေစေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ စမ်းသပ်စစ်ဆေးမှုတွေရဲ့ တွေ့ရှိမှုရလဒ်ကတော့ လက်ကရောဂါပိုးမွှားတွေကို ဆေးကြောသန့်စင်တဲ့နေရာမှာ ဟိုးအရင်ကလို ဆပ်ပြာနဲ့ရေနဲ့ သေချာဆေးတာက အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်တယ်လို့ တွေ့ရှိခဲ့တာပါ။

Credit; Lwin Min


Read 75 times Last modified on Thursday, 10 October 2019 17:49
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.