Thursday, 10 October 2019 10:18

mother

ကလေးငယ်များ မွေးဖွားချိန်တွင် ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းစေဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်များကို အားတိုးဆေးများ အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောထားပါတယ်။

"အခုပုလင်းရေ ၂ သိန်း ၄ သောင်းကို တိုင်းနဲ့ပြည်နယ်အကုန်ဖြန့် လိုက်ပြီ ဆက်ပြီးရမယ်ဆက်ပေးမယ်အကုန် ဖြန့်မယ်ကိုယ်ဝန်ဆောင် မိန်းမ တစ်ယောက်ကို တစ်ပုလင်းပေးမယ် တစ်ပုလင်းကိုအလုံးရေ ၁၈၀ ပါတယ်၊ ခြောက်လ သောက်ရမယ် ကျွန်တော်တို့ရဲ့ ကျေးလက်ကျန်းမားရေးဌာနတို့ မြို့နယ်ဆေးရုံတွေမှာ ကိုယ်ဝန်လာအပ်တဲ့အချိန်မှာ ကျွန်တော်တို့ပေးလိုက်မယ်" ဟု ၄င်းက ထပ်မံပြောကြားထားပါတယ်။

Read More>>> လူတိုင်းမှာဖြစ်ပွားနိုင်ခြေရှိသော နှလုံးရောဂါ

၎င်းအားတိုးဆေးကို နိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှ လှူဒါန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်မိခင်တစ်သန်းခန့်ကို ဖြန့်ဝေပေးနိုင်ရန် ခြောက်လခန့် အချိန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရပါတယ်။

ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် မိခင်များနှင့်ကလေးများ အာဟာရချို့တဲ့မှု ခံစားနေရဆဲဖြစ်ပြီး အသက် ၅ နှစ်အောက်ကလေးငယ်များသည် ကာလတာရှည်အာဟာရချို့တဲ့မှုကြောင့် ပုညှက်မှုများ ရှိနေသကဲ့သို့ မူကြို အရွယ်ကလေးငယ်များသည်လည်း လတ်တလောအာဟာရချို့တဲ့မှုများကြောင့် ပိန်လှီမှု နှုန်းသည် ၆.၇ ရာခိုင်နှုန်းထိရှိလာကြောင်း သိရပါတယ်။

Read More>>> အမျိုးသမီးတစ်သိန်းလျှင် ၄ ဦး ဖြစ်နိုင်ခြေရှိတဲ့ သားအိမ်ခေါင်းကင်ဆာ

Source:Myanmar Times


Read 20 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.