Wednesday, 09 October 2019 10:30
Dandruff-Treatment-1_1.jpg
၁။ လက်ဖက်ဆီ
၂။ အုန်းဆီ
Read More>>>အဝတ်လျှော်စက်ထဲမှာ ခိုအောင်းနေတဲ့ ပိုးမွှားပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
၎။ အက်စပရင် ဆေးပြား
>>>Supermarkets & Shopping Centres<<<
Unicode
ဦးရေပြားမှာ ဗောက်ထတဲ့အခါ လူမှာနေရထိုင်ရခက်သလို၊ စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ လူကြားထဲမှာ ခေါင်းခဏခဏကုတ်တဲ့အခါလည်း ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ခေါင်းမှာရှိနေတဲ့ ဗောက်တွေကို အမြန်ဆုံးရှင်းထုတ်ချင်ကြတာအမှန်ပါ။ ဒါပေမဲ့လည်း ဗောက်ပျောက်ခေါင်းလျှော်ရည်တွေက ဗောက်တွေကို အပြီးမချေမှုန်းပေးနိုင်ပါဘူး။ အခုဖော်ပြပေးမယ့် အချက်လေးတွေကတော့ ကိုယ်တိုင်ပြုလုပ်ကြည့်သင့်တဲ့ အိမ်တွင်းဗောက်ပျောက်ကုထုံးလေးတွေပါ။
၁။ လက်ဖက်ဆီ
တိတိပပပြောရရင်တော့ လက်ဖက်ရွက်ကိုပေါင်းခံပြီး ထုတ်ထားတဲ့အဆီကို လက်ဖက်ဆီလို့ဆိုပါတယ်။ ကိုယ်တိုင်လုပ်ဖို့က အဆင့်အလွန်များပါတယ်။ ဒါကြောင့် လုပ်ပြီးသား Tea Tree Oil ကိုဝယ်ပြီး ခေါင်းလျှော်တဲ့အခါတိုင်း အစက် ၄ စက်လောက်ထည့်လျှော်ပေးရမှာဖြစ်ပါတယ်။
၂။ အုန်းဆီ
ဦးရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်ကာ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့နေရာမှာ နာမည်ကြီးတဲ့ အုန်းဆီကတော့ ဆံကေသာအကြောင်းပြောရင် မပါမပြီးပေါ့။ ဆုန်းဆီကို ခေါင်းမလျှော်ခင် အနည်းဆုံး နာရီဝက်အလိုကတည်းက ဦးခေါင်းအနှံ့ သုတ်လိမ်းပေးပါ။ မနက်ခေါင်းလျှော်မယ်ဆို ညကတည်းက လိမ်းထားလို့လည်းရပါတယ်။ ပြီးရင် ပုံမှန်အတိုင်းပဲ ခေါင်းလျှော်ပါ။ ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း အုန်းဆီတစ်စက်၊ နှစ်စက်လောက်ကို လက်ဖဝါးထဲထည့်ပွတ်ပြီး ဆံပင်ပေါ်မှာ လိမ်းပေးနိုင်ပါတယ်။
Read More>>>သင့်ကျန်းမာရေးအတွက် တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်သင့်တဲ့ အိမ်သုံးပစ္စည်းများ
၃။ ရှားစောင်းလက်ပတ်အနှစ်
ရှားစောင်းလက်ပတ်အနှစ်ကို ခေါင်းမလျှော်ခင် ဦးရေပြားအနှံသုတ်လိမ်းပေးပါ။ တစ်နာရီကြာအောင်ထားပြီးမှ ခေါင်းလျှော်ချပါ။ ခေါင်းလျှော်ရည်အပျော့စားကို အသုံးပြုပေးပါ။ တစ်ပတ်ကို ၃ ၄ ခါလောက်လုပ်ပေးပါ။ သိသိသာသာ ဗောက်နည်းလာတာတွေ့ရမှာပါ။
၄။ အက်စပရင် ဆေးပြား
အက်စပရင်ဆေးပြား ၂ ပြားခန့်ကို ကြိတ်ပြီး ပေါင်ဒါအနည်းငယ်နဲ့ရောပါ။ အဲဒီအမှုန့်ကို ခေါင်းလျှော်ရည်ထဲထည့်ပြီး လျှော်ပေးကြည့်ပါ။ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေထက် ပိုစွမ်းတာတွေ့ရမှာပါ။
၅။ စိတ်ဖိစီးမှုကို လျှော့ချပါ
ဦးရေပြားဗောက်ထခြင်းက စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်သက်ဆိုင်တာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေတဲ့နည်းလမ်းတွေကို မကြာမကြာအသုံးပြုပေးရပါမယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာနဲ့ ကုထုံးခံယူမှုတွေပြုလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။
Source; Yangon Life
Read 91 times
Rate :
(1 Vote)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.