Print this page
Saturday, 05 October 2019 15:06

How-to-Get-Healthy-Nails_1.jpg

 

မိန္းကေလးေတြအေနနဲ႔ Skin care လုပ္ရင္ မ်က္ႏွာတစ္ခုတည္း ဂ႐ုစိုက္ေနလို႔ေတာ့ မရဘူးေနာ္။ ေျခေထာက္ေလးေတြပါ သန႔္ရွင္းေနဖို႔ကလည္း အဓိကက်ပါတယ္။ ဒါေၾကာင့္ ပ်ိဳေမေတြရဲ႕ ေျခသည္း၊ လက္သည္းေလးေတြ အျမဲတမ္း သန္႕႔ရွင္းလွပေနဖုိ႔ ထိန္းသိမ္းနည္းေလးေတြကုိ ေဖာ္ျပပေးလုိက္ပါတယ္။

ပထမဆုံးအေနနဲ႔ ေျခသည္း လက္သည္းေလးေတြ သန႔့္ရွင္းၾကည္လင္ေနရေအာင္ အၿမဲတမ္း သန႔္ရွင္းေရးလုပ္သင့္ပါတယ္။ အရွည္ထားတဲ့လူေတြကလည္း အၿမဲတမ္း အနားေလးေတြ ညႇိျခင္းအားျဖင့္ ေျခသည္းပိုမိုသန္မာလာေအာင္ ဂ႐ုစိုက္သင့္ပါတယ္။ မိုးတြင္းမွာဆို ေျခေခ်ာင္းေလးေတြၾကား သဲဝဲ၊ ေရဝဲမ်ားျဖစ္တတ္ၿပီး နီရဲကာ အရည္ၾကည္ဖုမ်ား ျဖစ္တတ္ပါတယ္။ မႈိေရာဂါနဲ႔ ဘတ္တီးရီးယားပိုးမ်ားဝင္ကာ မႈိေရာဂါစြဲတတ္ေသာေၾကာင့္ ေသခ်ာသန႔္ရွင္းေရးလုပ္ေပးဖို႔လိုအပ္ပါတယ္။

 

Read More>>>ပ်ိဳေမတို႔ မိတ္ကပ္လိမ္းတဲ့ Brush ေလးကို ေဆးေၾကာသန္႔စင္ေတာ့မယ္ဆိုရင္

 

အခုဆို ဆိုရွယ္မီဒီယာေပၚတြင္လဲ scrub အမ်ိဳးအစားစုံလင္စြာရႏိုင္ၿပီး အရည္အေသြးေကာင္းမ်ားစြာလည္း ထြက္ေပၚလာပါၿပီ။ အသားအေရ ႏူးညံ့ဖို႔ဆို scrub ကလည္း အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ ေရမခ်ိဳးခင္ scrub ေလးပြတ္ၿပီး ေရခ်ိဳးျခင္းအားျဖင့္ အေညာင္းအညာလည္း ေျပေပ်ာက္ပါတယ္။ ၿပီးရင္ေတာ့ ဖေနာင့္သားလို ေနရာမ်ိဳးကိုေတာ့ ေခ်းတြန္းေက်ာက္နဲ႔ ေသခ်ာပြတ္တိုက္ေပးျခင္းျဖင့္ အသားမာမ်ား တျဖည္းျဖည္းပါးကာ ကင္းစင္သြားမွာ ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ အစိုဓာတ္ထိန္းခရင္ သို႔မဟုတ္ လိုးရွင္းတစ္မ်ိဳးမ်ိဳးလိမ္းျခင္းမ်ား ျပဳလုပ္သင့္ပါတယ္။

သတိျပဳရမည္မွာ ေျခေထာက္ပဲျဖစ္ျဖစ္၊ ခႏၶာကိုယ္ပဲျဖစ္ျဖစ္ scrub ကို ေန႔တိုင္းသုံးျခင္းမ်ိဳး မလုပ္သင့္ပါဘူး။ အသားအရည္မ်ားပါးလာကာ ေနေလာင္လြယ္ျခင္းမ်ား ျဖစ္တတ္ပါတယ္။ ေျခေထာက္ဆိုတာ ေျမႀကီးနဲ႔ တိုက္႐ိုက္ထိေတြ႕ေနေသာ အစိတ္အပိုင္း ျဖစ္ေသာေၾကာင့္ ပိုမိုထိန္းသိမ္းသင့္ပါတယ္။ လူတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ၾကည့္ေကာင္းေနပါေစ ေျခေထာက္ညစ္ပတ္ေနမယ္ဆို တစ္ဖတ္သားရဲ႕အထင္ေသးမႈကို ခံရမွာျဖစ္ပါတယ္။ ေျခေထာက္ေလးလွေနမွ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ပိုရွိမွာျဖစ္ပါတယ္။

 

အႀကံေလးေပးခ်င္တာက Wet tissue ေလးေတြ ေဆာင္ေစခ်င္ပါတယ္။ တစ္ေနကုန္ လႈပ္ရွားသြားလာေနခ်ိန္ ေျခေထာက္တြင္ ဖုန္မႈန႔္၊ သဲမႈန႔္မ်ား ကပ္ၿပီး မြဲေျခာက္ေျခာက္ျဖစ္ကာ အသားအေရ ပ်က္စီးတတ္ပါတယ္။ ဒါ့ေၾကာင့္ Wet tissue ေလးနဲ႔ အလြယ္တကူ ျပန္သန႔္စင္ဖို႔ အႀကံေပးခ်င္ပါတယ္။ ဘာမွ ခက္ခဲတဲ့အရာေတြ မဟုတ္တဲ့အတြက္ စနစ္တက် လိုက္နာျခင္းျဖင့္ က်န္းမာလွပတဲ့ ေျခေခ်ာင္းေလးေတြ ပိုင္ဆိုင္ႏိုင္ပါေစေနာ္။

 

 

>>>အလွျပင္လုပ္ငန္းမ်ား<<<

 

Unicode

 

မိန်းကလေးတွေအနေနဲ့ Skin care လုပ်ရင် မျက်နှာတစ်ခုတည်း ဂရုစိုက်နေလို့တော့ မရဘူးနော်။ ခြေထောက်လေးတွေပါ သန့်ရှင်းနေဖို့ကလည်း အဓိကကျပါတယ်။ ဒါကြောင့် ပျိုမေတွေရဲ့ ခြေသည်း၊ လက်သည်းလေးတွေ အမြဲတမ်း သန့့်ရှင်းလှပနေဖို့ ထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ခြေသည်း လက်သည်းလေးတွေ သန့်ရှင်းကြည်လင်နေရအောင် အမြဲတမ်း သန့်ရှင်းရေးလုပ်သင့်ပါတယ်။ အရှည်ထားတဲ့လူတွေကလည်း အမြဲတမ်း အနားလေးတွေ ညှိခြင်းအားဖြင့် ခြေသည်းပိုမိုသန်မာလာအောင် ဂရုစိုက်သင့်ပါတယ်။ မိုးတွင်းမှာဆို ခြေချောင်းလေးတွေကြား သဲဝဲ၊ ရေဝဲများဖြစ်တတ်ပြီး နီရဲကာ အရည်ကြည်ဖုများ ဖြစ်တတ်ပါတယ်။ မှိုရောဂါနဲ့ ဘတ်တီးရီးယားပိုးများဝင်ကာ မှိုရောဂါစွဲတတ်သောကြောင့် သေချာသန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်ပါတယ်။

အခုဆို ဆိုရှယ်မီဒီယာပေါ်တွင်လဲ scrub အမျိုးအစားစုံလင်စွာရနိုင်ပြီး အရည်အသွေးကောင်းများစွာလည်း ထွက်ပေါ်လာပါပြီ။ အသားအရေ နူးညံ့ဖို့ဆို scrub ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ရေမချိုးခင် scrub လေးပွတ်ပြီး ရေချိုးခြင်းအားဖြင့် အညောင်းအညာလည်း ပြေပျောက်ပါတယ်။ ပြီးရင်တော့ ဖနောင့်သားလို နေရာမျိုးကိုတော့ ချေးတွန်းကျောက်နဲ့ သေချာပွတ်တိုက်ပေးခြင်းဖြင့် အသားမာများ တဖြည်းဖြည်းပါးကာ ကင်းစင်သွားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အစိုဓာတ်ထိန်းခရင် သို့မဟုတ် လိုးရှင်းတစ်မျိုးမျိုးလိမ်းခြင်းများ ပြုလုပ်သင့်ပါတယ်။

သတိပြုရမည်မှာ ခြေထောက်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ပဲဖြစ်ဖြစ် scrub ကို နေ့တိုင်းသုံးခြင်းမျိုး မလုပ်သင့်ပါဘူး။ အသားအရည်များပါးလာကာ နေလောင်လွယ်ခြင်းများ ဖြစ်တတ်ပါတယ်။ ခြေထောက်ဆိုတာ မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့နေသော အစိတ်အပိုင်း ဖြစ်သောကြောင့် ပိုမိုထိန်းသိမ်းသင့်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ ခြေထောက်ညစ်ပတ်နေမယ်ဆို တစ်ဖတ်သားရဲ့အထင်သေးမှုကို ခံရမှာဖြစ်ပါတယ်။ ခြေထောက်လေးလှနေမှ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိမှာဖြစ်ပါတယ်။

အကြံလေးပေးချင်တာက Wet tissue လေးတွေ ဆောင်စေချင်ပါတယ်။ တစ်နေကုန် လှုပ်ရှားသွားလာနေချိန် ခြေထောက်တွင် ဖုန်မှုန့်၊ သဲမှုန့်များ ကပ်ပြီး မွဲခြောက်ခြောက်ဖြစ်ကာ အသားအရေ ပျက်စီးတတ်ပါတယ်။ ဒါ့ကြောင့် Wet tissue လေးနဲ့ အလွယ်တကူ ပြန်သန့်စင်ဖို့ အကြံပေးချင်ပါတယ်။ ဘာမှ ခက်ခဲတဲ့အရာတွေ မဟုတ်တဲ့အတွက် စနစ်တကျ လိုက်နာခြင်းဖြင့် ကျန်းမာလှပတဲ့ ခြေချောင်းလေးတွေ ပိုင်ဆိုင်နိုင်ပါစေနော်။

Source; KST

 


Read 95 times Last modified on Saturday, 05 October 2019 15:19
Rate :
(1 Vote)

Related items