Friday, 04 October 2019 17:23

heart attack

ႏွလုံးေရာဂါႏွင့္ ႏွလုံးေသြးေၾကာေရာဂါမ်ား လူတိုင္းမွာ ျဖစ္ပြားနိုင္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ကမ႓ာ့ႏွလံုးက်န္းမာေရးေန႔မွာ ေျပာၾကားထားပါတယ္။

ႏွလုံးဟာ ခႏၶာကိုယ္အတြက္ အလြန္အေရးႀကီးတဲ့ ကိုယ္အဂၤါအစိတ္အပိုင္းတစ္ခုျဖစ္သလို ႏွလံုးကို ေကာင္းမြန္းျခင္းရွိမွသာလွ်င္ ခႏၶာကိုယ္အတြင္းရွိ အဆိပ္ေတာက္ ႏွင့္ အညစ္အေၾကးမ်ားကို သန္႔စင္ေပးႏိုင္မွာျဖစ္ပါတယ္။

ႏွလုံးႏွင့္ ႏွလုံးေသြးေၾကာေရာဂါအပါအဝင္ မကူးစက္တတ္ေသာ ေရာဂါမ်ား ျဖစ္ပြားမွုသည္ မ်ားျပားလာလ်က္ရွိၿပီး လူတိုင္းတြင္ ျဖစ္နိုင္ေျခရွိသျဖင့္ ေရာဂါမျဖစ္ပြားေစရန္ ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္သင့္ပါတယ္။

Read More>>> ဆီးအႀကိတ္ကင္ဆာ ရွိ၊ မရွိ ေသြးစစ္ျခင္းျဖင့္ ဆန္းစစ္ႏုိင္

ေဆးလိပ္ေသာက္ျခင္း၊ အရက္အလြန္အကၽြံေသာက္သုံးျခင္း၊ ကိုယ္လက္လွုပ္ရွားမွုနည္းပါးျခင္း၊ အဝလြန္ျခင္း၊ အဆီႏွင့္ အငန္မ်ားလြန္ကဲစြာစားသုံးျခင္းကလည္း ႏွလံုးေရာဂါျဖစ္ေစနိုင္ပါတယ္။

ဒါ့တင္သာမကေသးပဲ ေသြးတိုးေရာဂါျဖစ္ပြားျခင္းႏွင့္ ဆီးခ်ိဳေရာဂါမ်ား ျဖစ္ပြားျခင္းတို႔ကလည္း နွလံုးေရာဂါျဖစ္ပြားေစနိုင္ပါတယ္။

ကမ႓ာ့က်န္းမာေရးအဖြဲ႔၏ ခန္႔မွန္းခ်က္မ်ားအရ ကမ႓ာတစ္ဝန္းတြင္ ေသြးတိုးေရာဂါျဖစ္ပြားသူေပါင္း (၁.၁) ဘီလီယံခန္႔ရွိပါတယ္။

Read More>>> အမ်ိဳးသမီးတစ္သိန္းလွ်င္ ၄ ဦး ျဖစ္နိုင္ေျခရွိတဲ႔ သားအိမ္ေခါင္းကင္ဆာ

ဒါ့အျပင္ ၂၀၁၇ ခုႏွစ္ စာရင္းဇယားမ်ားအရ ကမ႓ာတစ္ဝန္းတြင္ ႏွလံုးႏွင့္ ႏွလံုးေသြးေၾကာေရာဂါမ်ားေၾကာင့္ ႏွစ္စဥ္ လူဦးေရ (၁၇.၉) သန္း ေသဆံုးလ်က္ရွိပါတယ္။

Nilar Myot Win

### Unicode Version ###

လူတိုင်းမှာဖြစ်ပွားနိုင်ခြေရှိသော နှလုံးရောဂါ

နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါများ လူတိုင်းမှာ ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့နှလုံးကျန်းမာရေးနေ့မှာ ပြောကြားထားပါတယ်။

နှလုံးဟာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သလို နှလုံးကို ကောင်းမွန်းခြင်းရှိမှသာလျှင် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်တောက် နှင့် အညစ်အကြေးများကို သန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။

နှလုံးနှင့် နှလုံးသွေးကြောရောဂါအပါအဝင် မကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှုသည် များပြားလာလျက်ရှိပြီး လူတိုင်းတွင် ဖြစ်နိုင်ခြေရှိသဖြင့် ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါတယ်။

ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ အဝလွန်ခြင်း၊ အဆီနှင့် အငန်များလွန်ကဲစွာစားသုံးခြင်းကလည်း နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။

ဒါ့တင်သာမကသေးပဲ သွေးတိုးရောဂါဖြစ်ပွားခြင်းနှင့် ဆီးချိုရောဂါများ ဖြစ်ပွားခြင်းတို့ကလည်း နှလုံးရောဂါဖြစ်ပွားစေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်များအရ ကမ္ဘာတစ်ဝန်းတွင် သွေးတိုးရောဂါဖြစ်ပွားသူပေါင်း (၁.၁) ဘီလီယံခန့်ရှိပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် စာရင်းဇယားများအရ ကမ္ဘာတစ်ဝန်းတွင် နှလုံးနှင့် နှလုံးသွေးကြောရောဂါများကြောင့် နှစ်စဉ် လူဦးရေ (၁၇.၉) သန်း သေဆုံးလျက်ရှိပါတယ်။

Nilar Myot Win


Read 190 times Last modified on Saturday, 05 October 2019 11:41
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.