Friday, 04 October 2019 14:07

hh.jpg

ခရမ်းချဉ်သီးတွင် ကျန်းမာရေးကောင်းကျိုးအမျိုးမျိုးရှိနေသည်။ ကင်ဆာနှင့်သွေးတိုးတို့ကို ကာကွယ်တားဆီးနေသည်မှအစ အရေပြား၊ နှလုံးနှင့် မျက်လုံးတို့ရဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးထားသည်အထိ ခရမ်းချဉ်သီးက ကောင်းကျိုးပြုသည်။

 ခရမ်းချဉ်သီးနှင့် ကင်ဆာရောဂါတို့အကြား ဆက်နွယ်မှုများကို ယခင်ကလေ့လာစူးစမ်းခဲ့ရာ Lycopene နှင့် ပတ်သက်နေကြောင်း တွေ့ခဲ့သည်။ ခရမ်းချဉ်သီးထဲမှာ Lycopene ပါဝင်ပြီး ဆီးကြိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကင်ဆာဖြစ်ပွားမည့် အန္တာရာယ်ကို လျှော့ချပေးသည်။

သို့ဖြစ်ရာ Lycopene ကြွယ်ဝသော စားစရာတို့ကို စားခြင်းသည် ကျန်းမာအတွက်ကောင်းမွန်သည် မှန်သော်လည်း အတူပါလာသည့် အခြားအာဟာရဓာတ်ကြောင့် Lycopene ရရှိမှုကို လျော့ကျသွားစေနိုင်သည်။ သို့ဖြစ်ရာ ကင်ဆာကာကွယ်နိုင်စွမ်းကို အပြည့်အဝ မထမ်းဆောင်ပေးနိုင်တော့ချေ။

Read  More>>>ဆီးအကြိတ်ကင်ဆာ ရှိ၊ မရှိ သွေးစစ်ခြင်းဖြင့် ဆန်းစစ်နိုင်

သာဓကတစ်ခုမှာ သံဓာတ်ကြွယ်ဝသော အားဖြည့်အစာကို မှီဝဲပါက Lycopene ရယူခြင်းကို ထက်ဝက်လျော့ကျစေကြောင်း ကြာသေးမီက ပြုခဲ့သော သုတေသနအချို့တွင်တွေ့ရသည်ဟု Molecular Nutrition & Food Research ဂျာနယ်တွင် Ohio State University မှ ပါမောက္ခ Rachel Kope က လေ့လာတွေ့ရှိချက်များကို ဆောင်းပါးရေးသားတင်ပြခဲ့သည်။

“ သူတို့စားတဲ့အစားအစာမှာ သံဓာတ်ပါတာများနေရင် Lycopene ရယူတာ ထက်ဝက်လျော့ကျသွားတာကို ကျွန်တော်တို့ရဲ့ စမ်းသက်မှုတွေမှာ တွေ့ရတယ်” ဟု ၎င်းက ရေးသားသည်။

>>>သစ်သီးအမျိုးမျိုးအရောင်းဆိုင်များ<<<

“ အာဟာရဓာတ်တွေဟာ ရောဂါကာကွယ်ရေးမှာ အရေးပါတဲ့ကဏ္ဍမှာ ဝင်ကစားပေးတာမှန်ပေမယ့် ကျန်းမာရေးအတွက် ကျွန်တော်တို့စားကြတဲ့အခါ ဘယ်ဟာကိုဘယ်လိုစားလဲဆိုတာ အသေးစိတ်တိတိကျကျ သိထားဖို့ အရေးကြီးပါတယ်။ ဒါမှလည်း သိပ္ပံအခြေခံ အကြံပေးချက်တွေကို အားကိုးစရာဖြစ်အောင်ကျွန်တော်တို့ ပြောပြပေးနိုင်မယ်” ဟု ၎င်းက ရေးသားထားသည်။

 

Zawgyi Code


ခရမ္းခ်ဥ္သီးတြင္ က်န္းမာေရးေကာင္းက်ိဳးအမ်ိဳးမ်ိဳးရွိေနသည္။ ကင္ဆာႏွင့္ေသြးတိုးတို႔ကို ကာကြယ္တားဆီးေနသည္မွအစ အေရျပား၊ ႏွလုံးႏွင့္ မ်က္လုံးတို႔ရဲ႕ က်န္းမာေရးကို ထိန္းသိမ္းေပးထားသည္အထိ ခရမ္းခ်ဥ္သီးက ေကာင္းက်ိဳးျပဳသည္။

ခရမ္းခ်ဥ္သီးႏွင့္ ကင္ဆာေရာဂါတို႔အၾကား ဆက္ႏြယ္မႈမ်ားကို ယခင္ကေလ့လာစူးစမ္းခဲ့ရာ Lycopene ႏွင့္ပတ္သက္ေနေၾကာင္း ေတြ႕ခဲ့သည္။ ခရမ္းခ်ဥ္သီးထဲမွာ Lycopene ပါဝင္ၿပီး ဆီးႀကိတ္ကင္ဆာ၊ အဆုတ္ကင္ဆာ၊ အူမကင္ဆာျဖစ္ပြားမည့္ အႏၲာရာယ္ကို ေလွ်ာ့ခ်ေပးသည္။

သို႔ျဖစ္ရာ Lycopene ႂကြယ္ဝေသာ စားစရာတို႔ကို စားျခင္းသည္ က်န္းမာအတြက္ေကာင္းမြန္သည္ မွန္ေသာ္လည္း အတူပါလာသည့္ အျခားအာဟာရဓာတ္ေၾကာင့္ Lycopene ရရွိမႈကို ေလ်ာ့က်သြားေစႏိုင္သည္။ သို႔ျဖစ္ရာ ကင္ဆာကာကြယ္ႏိုင္စြမ္းကို အျပည့္အဝ မထမ္းေဆာင္ေပးႏိုင္ေတာ့ေခ်။

သာဓကတစ္ခုမွာ သံဓာတ္ႂကြယ္ဝေသာ အားျဖည့္အစာကို မွီဝဲပါက Lycopene ရယူျခင္းကို ထက္ဝက္ေလ်ာ့က်ေစေၾကာင္း ၾကာေသးမီက ျပဳခဲ့ေသာ သုေတသနအခ်ိဳ႕တြင္ေတြ႕ရသည္ဟု Molecular Nutrition & Food Research ဂ်ာနယ္တြင္ Ohio State University မွ ပါေမာကၡ Rachel Kope က ေလ့လာေတြ႕ရွိခ်က္မ်ားကို ေဆာင္းပါးေရးသားတင္ျပခဲ့သည္။

“ သူတို႔စားတဲ့အစားအစာမွာ သံဓာတ္ပါတာမ်ားေနရင္ Lycopene ရယူတာ ထက္ဝက္ေလ်ာ့က်သြားတာကို ကြၽန္ေတာ္တို႔ရဲ႕ စမ္းသက္မႈေတြမွာ ေတြ႕ရတယ္” ဟု ၎က ေရးသားသည္။

“အာဟာရဓာတ္ေတြဟာ ေရာဂါကာကြယ္ေရးမွာ အေရးပါတဲ့က႑မွာ ဝင္ကစားေပးတာမွန္ေပမယ့္ က်န္းမာေရးအတြက္ ကြၽန္ေတာ္တို႔စားၾကတဲ့အခါ ဘယ္ဟာကိုဘယ္လိုစားလဲဆိုတာ အေသးစိတ္တိတိက်က် သိထားဖို႔ အေရးႀကီးပါတယ္။ ဒါမွလည္း သိပၸံအေျခခံ အႀကံေပးခ်က္ေတြကို အားကိုးစရာျဖစ္ေအာင္ကြၽန္ေတာ္တို႔ ေျပာျပေပးႏိုင္မယ္” ဟု ၎က ေရးသားထားသည္။

 

My Mandalay


Read 69 times Last modified on Monday, 07 October 2019 10:58
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.