Thursday, 03 October 2019 17:13
T7-blood-tests-f_1.jpg
Read More >>>အမျိုးသမီးတစ်သိန်းလျှင် ၄ ဦး ဖြစ်နိုင်ခြေရှိတဲ့ သားအိမ်ခေါင်းကင်ဆာ
>>>ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ<<<
Unicode 
ကိုယ်ခန္ဓာထဲ သွေးများ လှည့်လည်စီဆင်းနေရာတွင် Tumor Cell များ ရှာဖွေကြည့်ခြင်းဖြင့် ဆီးကြိတ်ကင်ဆာ ရောဂါဆန်းစစ်ရှာဖွေခြင်းကို ယခုအခါ ပိုသေချာအောင် လုပ်နိုင်ခဲ့ပြီဖြစ်ပြီး ဘိုင်အိုစီ လုပ်နေဖို့လုပ်တော့မည် မဟုတ်ချေ။
Prostate Specific Antigen ( PSA) နှင့် ပေါင်းစပ်ထားသော ဆေးစစ်နည်းသစ်တွင် ဆီးကြိတ် ကရော့စတိတ်ကင်ဆာ ဖြစ်ပွားဖွယ်ရှိသည်ဟု အဖြေထွက်သည်တို့တွင် ၉၀ ရာခိုင်နှုန်းကျော် မှန်ကန်မှုရှိကြောင်း တေ့ရသည်ဟု ဆိုသည်။ သို့ဖြစ်ရာ ဆီးကြိတ်ကင်ဆာရောဂါ ဆန်းစစ်သည့်နည်းလမ်းတွင် ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မည်။
လှည့်ပတ်နေသော Tumor Cell များသည် ကင်ဆာဆဲလ်များ ဖြစ်ပြီး မှုရင်း Tumor မှ ထွက်ခွာလာသော ဆဲလ်များဖြစ်သည်။ ထိုဆဲလ်တို့သည် သွေးစီးကြောင်းထဲ လိုက်ပါလာကြသည်။ ထိုသို့ သွေးစီးကြောင်းထဲ Tumor Cell များ ရောက်ရှိပါက ကိုယ်ခန္ဓာဧ။် တခြားနေရာများသို့် ကင်ဆာပြန့်ပွားမည် ဖြစ်သည်။
Prostate Specific Antigen ( PSA) သည် ဆီးကြိတ်မှ ထုတ်သည့် ပရိုတင်းဖြစ်သည်။ ဆီးကြိတ်တွင် ကင်ဆာဖြစ်ပွားသည့်အခါ ဆီးကြိတ်သည် ပရိုတင်းများကို ယခင်ကထက် ပိုထုတ်လုပ်ပြီး သွေးထဲသို့ လွှင့်ထုတ်သည်။ သို့ဖြစ်ရာ သွေးထဲတွင် (PSA) ရေချိန် ပိုမြင့်မားနေသည်။
ဒါဟာ ဆီးကြိတ်ကင်ဆာ ဖြစ်ပွားနေသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ သို့သော် ထိုအချက်တစ်ချက်တည်းဖြင့် အတည်ပြုရန် မသင့်တော်ချေ။ အကြောင်းမှာ ဆီးကြိတ်မှာ ကင်ဆာကြောင့်မဟုတ်ပဲ ဂလင်းရောင်ရမ်းနေရင်လည်း (PSA) ရေချိန် သွေးထဲမှာ မြင့်တက်စေမည်။
သို့ဖြစ်ရာ ဆီးကြိတ်တွင် ကင်ဆာ ရှိနေနိုင်သည်ဟု သံသယထားရှိပြီး ဘိုင်အိုစီပြုထုပ်ကာ အတည်ပြုချက်လုပ်ဆာင်ရသည်။ ဘိုင်အိုစီလုပ်သည့်အခါ ခွဲစိတ်ပြီး ဆီးအကြိတ်မှ တစ်ရှုးနမှုနာကို ရယူရသည်။ ရလာသည့် တစ်ရှုးနမှုနာကို ဆန်းစစ်ကြည့်ရသည်။
သို့ဖြစ်ရာ လူနာသည် သံသယရှိခြင်းကြောင့် ခွဲစိတ်ခံလိုက်ရပြီး ဖြစ်သည်။ ထိုသို့ ခွဲစိတ်ရာတွင် သွေးထက်လွန်ခြင်းနှင့် ပိုးဝင်ခြင်းများ ဖြစ်ပွားနိုင်သည့် အန္တာရာယ်များလည်း ရှိနေသည်ကို စွန့်စားရခြင်းဖြစ်သည်။
ထိုသို့ ဆီးကြိတ်ကို ဘိုင်အိုစီလုပ်ပြီးသောအခါ ကင်ဆာရှိကြောင်းအတည်ပြု ပြီးသောအခါတွင်လည်း Tumor သည် Aggressive မဖြစ်သည်က ပိုများသည်။ သို့ဖြစ်ရာ သေဆုံးအောင် ပြုမည်မဟုတ်ပေ။
သို့ဖြစ်ရာဆီးကြိတ်တွင် ကင်ဆာရောဂါ စစ်ဆေးရန် PSA စစ်ဆေးပြီးသည့်နောက် ဘိုင်အိုစီ လုပ်ကိုင်ပြီး ကင်ဆာရှိကြောင်း အတည်ပြုသော်ငြားလည်း အသက်မစိုးရိမ်ရသည့် အဖြစ်များ အများအပြားရှိနေသည်။ မလိုအပ်ပဲ ခွဲစိတ်ကုသမှုခံခြင်း၊ စရိတ်စကများခြင်းတို့သည် လူနာအပေါ်ကျရောက်သည်။
အခန့််မသင့်ပါက ရောဂါပိုးဝင်အုံးမည် ဖြစ်သည်။ ထိုသို့သော အကြောင်းများကြောင့် ယခုတွေ့ရှိထားသော Tumor Cell များ လှည့်ပတ်သွားနေခြင်းကို စစ်ဆေးသည့် နည်းလမ်းသစ်ဖြင့် ဆီးကြိတ်ကင်ဆာရောဂါ ရှာဖွေခြင်းကို သုံးကြလိမ့်မည်ဖြစ်သည်။
My Mandalay
Read 76 times Last modified on Thursday, 03 October 2019 17:30
Rate :
(1 Vote)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.