Thursday, 03 October 2019 11:26

cancer



cl


Read More>>> ပထမဦးဆုံး အမျိုးသမီးတင်းနစ်အားကစားဆု 1 million ရရှိခဲ့တဲ့ Billie Jean King



Read More>>> ဖော်မလင်သုံးစွဲမိရင် ဘာတွေဖြစ်လာနိုင်သလဲ???


Nilar Myot Win 

### Unicode Version ###

အမျိုးသမီးတစ်သိန်းလျှင် ၄ ဦး ဖြစ်နိုင်ခြေရှိတဲ့ သားအိမ်ခေါင်းကင်ဆာ

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဆယ်စုနှစ်တစ်စုအတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကို “ The Lancet Public Health “ အစီရင်ခံစာအရ ပပျောက်အောင် လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ထိုသို့ ပပျောက်အောင် ဆောင်ရွက်နိုင်ခြင်းမှာ အစိုးရ၏ ကာကွယ်ဆေးထိုးခြင်း စီမံကိန်းကြောင့်ဖြစ်ပြီး လာမယ့်ဆယ်စုနှစ်နှစ်ခုတွင် ကလေးသူငယ်များပါ သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၂၀၂၈ ခုနှစ်မှာဆိုရင် သြစတြေးလျနိုင်ငံမှာ အမျိုးသမီးတစ်သိန်းလျှင် ၄ ဦးခန့်သာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေရှိမည်ဟု “ The Lancet Public Health “ အစီရင်ခံစာမှာ ခန်မှန်းထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ၂၀၆၆ ခုနှစ်မှာတော့ တစ်နှစ်လျှင် အမျိုးသမီးတစ်ဦးသာ ဖြစ်နိုင်ခြေရှိမည်ဟု သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်သူများက ပြောထားပါတယ်။

ဒါ့ကြောင့် သြစတြေးလျနိုင်ငံဟာ သားအိမ်ခေါင်းကင်ဆာ ပပျောက်အောင်လုပ်နိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့တယ်လို့ Dr.Karen Canfell ကပြောပါတယ်။

သားအိမ်ခေါင်းကင်ဆာသုတေသနအဖွဲ့အစည်း၏ ဒါရိုက်တာကလည်း “I think this shows the way forward for other countries” လို့ပြောထားပါတယ်။

Nilar Myot Win


Read 107 times Last modified on Saturday, 05 October 2019 11:43
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.