Wednesday, 02 October 2019 13:57

cauliflower-and-broccoli_2.jpg

ေဂၚဖီပန္းဟာ ျမန္မာႏိုင္ငံမွာ လူအစားမ်ားတဲ့ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳး ျဖစ္ပါတယ္။ ရာသီမေ႐ြး ဝယ္လုိ႔ရသလို ေဈးကလည္း လူတိုင္းနီးပါး လက္လွမ္းမွီပါတယ္။

ေဂၚဖီပန္းကို အရပ္ထဲမွာ ပန္းေဂၚဖီလို႔လည္း ေခၚၾကပါတယ္။ အညာေဒသမွာေတာ့ ပန္းမုန္လာ၊ မုန္လာပန္းလို႔ ေခၚၾကပါတယ္။ အဂၤလိပ္နာမည္ကေတာ့ Cauliflower ျဖစ္ၿပီး ႐ုကၡေဗဒ နာမည္ကေတာ့ c ျဖစ္ပါတယ္။

ေဂၚဖီထုပ္၊ ကိုက္လန္၊ ဘ႐ိုကိုလီတို႔နဲ႔ မ်ိဳးရင္းတူပါတယ္။ ေဂၚဖီပန္းကို ဒီအတိုင္းေၾကာ္စားတာ၊ တျခားအ႐ြက္ေတြနဲ႔ ေရာေၾကာ္တာ၊ ၾကက္ဥ သို႔မဟုတ္ အသားတစ္မ်ိဳးမ်ိဳးနဲ႔ ေၾကာ္စားတာ၊ ဟင္းခ်ိဳထဲ ထည့္ခ်က္တာ၊ ေဂၚဖီပန္းသနပ္အေနနဲ႔ လုပ္စားတာ စသျဖင့္ အမ်ိဳးမ်ိဳးလုပ္စားႏိုင္ပါတယ္။

အညာေဒသေတြမွာဆိုရင္ လက္ဖက္သုပ္ထဲကို ေဂၚဖီပန္း ထည့္သုပ္စားတာမ်ိဳးလည္း ရွိပါတယ္။ ေဂၚဖီပန္းဟာ ေဈးေပါေပမယ့္ က်န္းမာေရးကို အင္မတန္ အေထာက္အကူျပဳတဲ့ ဟင္းသီးဟင္း႐ြက္ျဖစ္ပါတယ္။

ေဂၚဖီပန္းစားျခင္းျဖင့္ ရႏိုင္တဲ့က်န္းမာေရးေကာင္းက်ိဳးေတြကို သိသေလာက္ေရးသားတင္ျပရရင္ေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ သင့္အတြက္လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၳဳဓါတ္အားလုံးကို ေပးစြမ္းႏိုင္ျခင္း။

ေဂၚဖီပန္းဟာ ကယ္လိုရီဓါတ္တအားနည္းၿပီး ဗီတာမင္နဲ႔ သတၳဳဓါတ္ေတြ တအားႂကြယ္ဝပါတယ္။ ဘယ္ေလာက္ေတာင္ႂကြယ္ဝလဲဆိုရင္ သင္လိုအပ္ေနတဲ့ ဗီတာမင္နဲ႔ သတၳဳဓါတ္ အားလုံးေဂၚဖီပန္းစားျခင္းျဖင့္ ရရွိႏိုင္ပါတယ္။

ေလ့လာမႈေတြအရ ေဂၚဖီပန္း ၁၂၈ ဂရမ္မွာ ကယ္လိုရီ ၂၅ ကယ္လိုရီသာပါၿပီး ဗီတာမင္စီ၊ ဗီတာမင္ေက၊ ဗီတာမင္ဘီဆစ္၊ ေဖာလိတ္၊ ပန္သိုတင္းနစ္အက္စစ္၊ ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္၊ ေဖာ့စေဖာရပ္စ္ စတဲ့ ကိုယ္ခႏၶာကို ေကာင္းက်ိဳးေပးႏိုင္မယ့္ ဗီတာမင္နဲ႔ သတၳဳဓါတ္ေတြႂကြယ္ဝမ်ားျပားစြာ ပါဝင္ေနပါတယ္။

Read More>>>ေဖာ္မလင္သံုးစြဲမိရင္ ဘာေတြျဖစ္လာနိုင္သလဲ???

၂။ အမွ်င္ဓါတ္ႂကြယ္ဝစြာ ေပးစြမ္းႏိုင္ျခင္း။

အမွ်င္ဓါတ္ဟာ ခႏၶာကိုယ္က်န္းမာဖို႔အေရးႀကီးတဲ့ ဓါတ္တစ္မ်ိဳးျဖစ္ပါတယ္။ အမွ်င္ဓါတ္ဟာ အူလမ္းေၾကာင္းရွိ အက်ိဳးျပဳဘက္တီးရီးယားေတြကို ပြားမ်ားေစၿပီး အစာေျခစနစ္ကိုအေထာက္အကူျပဳကာ အူလမ္းေၾကာင္းေရာင္ရမ္းမႈျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးပါတယ္။

ဝမ္းခ်ဳပ္ျခင္းကင္းေစၿပီး ဝမ္းမွန္ေစကာ အူမႀကီးကင္ဆာျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။ ဗိုက္ျပည့္ေစၿပီး ခႏၶာကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အမွ်င္ဓါတ္ဟာ ခႏၶာကိုယ္ရွိဆဲလ္ေတြ အင္ဆူလင္ဓါတ္ကို သုံးႏိုင္ေအာင္လို႔ ကူညီေပးၿပီး ဆီးခ်ိဳကို ထိန္းညႇိရာမွာ အေထာက္အကူျပဳပါတယ္။

၃။ အန္တီေအာက္ဆီးဒန႔္ဓါတ္ေတြ ႂကြယ္ဝစြာ ေပးစြမ္းႏိုင္ျခင္း။

အန္တီေအာက္ဆီးဒန႔္ (Antioxidant) ဆိုသည္မွာ ခႏၶာကိုယ္ကို တိုက္ခိုက္ဖ်က္ဆီးၿပီး ေရာဂါမ်ားျဖစ္ေစသည့္ ဖရီးရယ္ဒီကယ္ (free radicals) မ်ားကို တြန္းလွန္ေျခဖ်က္ေပးႏိုင္ေသာ သဘာဝပစၥည္းမ်ားျဖစ္ပါတယ္။

ဓါတ္တိုးဆန႔္က်င္ပစၥည္းမ်ားဟုလည္း ေခၚဆိုၾကသည္။ အ႐ြယ္တင္ႏုပ်ိဴေစကာ ကင္ဆာေရာဂါေတြျဖစ္ပြားႏိုင္ေျခကို ေလွ်ာ့ခ်ေပးပါတယ္။ ဖရီးရက္ဒီကယ္နဲ႔ ေျပာင္းျပန္ပါ။ အန္တီေအာက္ဆီးဒန႔္က ခႏၶာကိုယ္ကို အက်ိဴးျပဳပါတယ္။ ေနာက္ၿပီး ဖရီးရက္ဒီကယ္ေၾကာင့္ျဖစ္တဲ့ ဆဲလ္ေတြပ်က္စီးျခင္းကိုပါ ေလွ်ာ့ခ်ေပးပါတယ္။

>>>သစ္ေတာစိုက္ပ်ိဳးေရးလုပ္ငန္းမ်ား<<<

၄။ ကိုလင္းဓါတ္ ႂကြယ္ဝစြာ ေပးစြမ္းႏိုင္ျခင္း။

ကိုလင္းဓါတ္ဟာ ဦးေႏွာက္ဖြံ႕ၿဖိဳးဖို႔နဲ႔ အာ႐ုံေၾကာေတြ အားေကာင္းဖို႔အတြက္ အေထာက္အကူေပးတဲ့ဓါတ္ ျဖစ္ပါတယ္။ ဒါ့အျပင္ ကိုလင္းဓါတ္ဟာ အသည္းမွာမေကာင္းတဲ့ အဆီဓါတ္ေတြ လာစုေနျခင္းကို ေလ်ာ့နည္းေအာင္လုပ္ေပးႏိုင္တဲ့ အစြမ္းလည္း ရွိပါတယ္။ 

ကိုလင္းဓါတ္လုံေလာက္ေအာင္မရတဲ့သူေတြဟာ အယ္လ္ဇိုင္းမားေရာဂါ၊ ႏွလုံးေရာဂါ၊ အသည္းေရာဂါေတြ ျဖစ္ႏိုင္ေျခမ်ားပါတယ္။ ကိုလင္းဓါတ္ႂကြယ္ဝစြာ ပါဝင္တဲ့အစားစာေတြဟာ သိပ္မ်ားမ်ားစားစားမရွိပါဘူး။ အဲ့ထဲမွာမွ ပန္းေဂၚဖီဟာ ကိုလင္းဓါတ္ႂကြယ္ဝစြာပါတဲ့ ဟင္းသီးဟင္း႐ြက္ျဖစ္ပါတယ္။

၅။ Sulforaphane ဓါတ္ႂကြယ္ဝစြာ ေပးစြမ္းႏိုင္ျခင္း။

ေဂၚဖီပန္းမွာ အန္တီေအာက္ဆီးဒန႔္ဓါတ္တစ္မ်ိဳး ျဖစ္တဲ့ Sulforaphane ဓါတ္ႂကြယ္ဝစြာ ပါရွိပါတယ္။ ထိုဓါတ္ဟာ ႏွလုံးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ဆီးက်ိတ္ကင္ဆာေရာဂါေတြကို ကာကြယ္တားဆီးေပးႏိုင္စြမ္းရွိပါတယ္။ 

ဒါေတြကေတာ့ သိသေလာက္ ပန္းေဂၚဖီစားျခင္းျဖင့္ ရရွိႏိုင္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြျဖစ္ပါတယ္။

Credit; Dr သီတာႏြယ္(အမရပူရ)

 

Unicode 

 

ဂေါ်ဖီပန်းဟာ မြန်မာနိုင်ငံမှာ လူအစားများတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ ရာသီမရွေး ဝယ်လို့ရသလို ဈေးကလည်း လူတိုင်းနီးပါး လက်လှမ်းမှီပါတယ်။

ဂေါ်ဖီပန်းကို အရပ်ထဲမှာ ပန်းဂေါ်ဖီလို့လည်း ခေါ်ကြပါတယ်။ အညာဒေသမှာတော့ ပန်းမုန်လာ၊ မုန်လာပန်းလို့ ခေါ်ကြပါတယ်။ အင်္ဂလိပ်နာမည်ကတော့ Cauliflower ဖြစ်ပြီး ရုက္ခဗေဒ နာမည်ကတော့ c ဖြစ်ပါတယ်။

ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ဘရိုကိုလီတို့နဲ့ မျိုးရင်းတူပါတယ်။ ဂေါ်ဖီပန်းကို ဒီအတိုင်းကြော်စားတာ၊ တခြားအရွက်တွေနဲ့ ရောကြော်တာ၊ ကြက်ဥ သို့မဟုတ် အသားတစ်မျိုးမျိုးနဲ့ ကြော်စားတာ၊ ဟင်းချိုထဲ ထည့်ချက်တာ၊ ဂေါ်ဖီပန်းသနပ်အနေနဲ့ လုပ်စားတာ စသဖြင့် အမျိုးမျိုးလုပ်စားနိုင်ပါတယ်။

အညာဒေသတွေမှာဆိုရင် လက်ဖက်သုပ်ထဲကို ဂေါ်ဖီပန်း ထည့်သုပ်စားတာမျိုးလည်း ရှိပါတယ်။ ဂေါ်ဖီပန်းဟာ ဈေးပေါပေမယ့် ကျန်းမာရေးကို အင်မတန် အထောက်အကူပြုတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။

ဂေါ်ဖီပန်းစားခြင်းဖြင့် ရနိုင်တဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိသလောက်ရေးသားတင်ပြရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ သင့်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်အားလုံးကို ပေးစွမ်းနိုင်ခြင်း။

ဂေါ်ဖီပန်းဟာ ကယ်လိုရီဓါတ်တအားနည်းပြီး ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ တအားကြွယ်ဝပါတယ်။ ဘယ်လောက်တောင်ကြွယ်ဝလဲဆိုရင် သင်လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ် အားလုံးဂေါ်ဖီပန်းစားခြင်းဖြင့် ရရှိနိုင်ပါတယ်။

လေ့လာမှုတွေအရ ဂေါ်ဖီပန်း ၁၂၈ ဂရမ်မှာ ကယ်လိုရီ ၂၅ ကယ်လိုရီသာပါပြီး ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီဆစ်၊ ဖောလိတ်၊ ပန်သိုတင်းနစ်အက်စစ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်စ် စတဲ့ ကိုယ်ခန္ဓာကို ကောင်းကျိုးပေးနိုင်မယ့် ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကြွယ်ဝများပြားစွာ ပါဝင်နေပါတယ်။

Read More>>>ဖော်မလင်သုံးစွဲမိရင် ဘာတွေဖြစ်လာနိုင်သလဲ???

၂။ အမျှင်ဓါတ်ကြွယ်ဝစွာ ပေးစွမ်းနိုင်ခြင်း။

အမျှင်ဓါတ်ဟာ ခန္ဓာကိုယ်ကျန်းမာဖို့အရေးကြီးတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ အမျှင်ဓါတ်ဟာ အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားတွေကို ပွားများစေပြီး အစာခြေစနစ်ကိုအထောက်အကူပြုကာ အူလမ်းကြောင်းရောင်ရမ်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဝမ်းချုပ်ခြင်းကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဗိုက်ပြည့်စေပြီး ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်ဟာ ခန္ဓာကိုယ်ရှိဆဲလ်တွေ အင်ဆူလင်ဓါတ်ကို သုံးနိုင်အောင်လို့ ကူညီပေးပြီး ဆီးချိုကို ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။

၃။ အန်တီအောက်ဆီးဒန့်ဓါတ်တွေ ကြွယ်ဝစွာ ပေးစွမ်းနိုင်ခြင်း။

အန်တီအောက်ဆီးဒန့် (Antioxidant) ဆိုသည်မှာ ခန္ဓာကိုယ်ကို တိုက်ခိုက်ဖျက်ဆီးပြီး ရောဂါများဖြစ်စေသည့် ဖရီးရယ်ဒီကယ် (free radicals) များကို တွန်းလှန်ခြေဖျက်ပေးနိုင်သော သဘာဝပစ္စည်းများဖြစ်ပါတယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများဟုလည်း ခေါ်ဆိုကြသည်။ အရွယ်တင်နုပျိူစေကာ ကင်ဆာရောဂါတွေဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။ ဖရီးရက်ဒီကယ်နဲ့ ပြောင်းပြန်ပါ။ အန်တီအောက်ဆီးဒန့်က ခန္ဓာကိုယ်ကို အကျိူးပြုပါတယ်။ နောက်ပြီး ဖရီးရက်ဒီကယ်ကြောင့်ဖြစ်တဲ့ ဆဲလ်တွေပျက်စီးခြင်းကိုပါ လျှော့ချပေးပါတယ်။

>>>သစ်တောစိုက်ပျိုးရေးလုပ်ငန်းများ<<<

၄။ ကိုလင်းဓါတ် ကြွယ်ဝစွာ ပေးစွမ်းနိုင်ခြင်း။

ကိုလင်းဓါတ်ဟာ ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ အာရုံကြောတွေ အားကောင်းဖို့အတွက် အထောက်အကူပေးတဲ့ဓါတ် ဖြစ်ပါတယ်။ ဒါ့အပြင် ကိုလင်းဓါတ်ဟာ အသည်းမှာမကောင်းတဲ့ အဆီဓါတ်တွေ လာစုနေခြင်းကို လျော့နည်းအောင်လုပ်ပေးနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။

ကိုလင်းဓါတ်လုံလောက်အောင်မရတဲ့သူတွေဟာ အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါတွေ ဖြစ်နိုင်ခြေများပါတယ်။ ကိုလင်းဓါတ်ကြွယ်ဝစွာ ပါဝင်တဲ့အစားစာတွေဟာ သိပ်များများစားစားမရှိပါဘူး။ အဲ့ထဲမှာမှ ပန်းဂေါ်ဖီဟာ ကိုလင်းဓါတ်ကြွယ်ဝစွာပါတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။

၅။ Sulforaphane ဓါတ်ကြွယ်ဝစွာ ပေးစွမ်းနိုင်ခြင်း။

ဂေါ်ဖီပန်းမှာ အန်တီအောက်ဆီးဒန့်ဓါတ်တစ်မျိုး ဖြစ်တဲ့ Sulforaphane ဓါတ်ကြွယ်ဝစွာ ပါရှိပါတယ်။ ထိုဓါတ်ဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဆီးကျိတ်ကင်ဆာရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်စွမ်းရှိပါတယ်။

ဒါတွေကတော့ သိသလောက် ပန်းဂေါ်ဖီစားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေဖြစ်ပါတယ်။

 

Credit; Dr သီတာနွယ်(အမရပူရ)

 

 

 


Read 63 times Last modified on Wednesday, 02 October 2019 15:33
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.