Tuesday, 01 October 2019 17:55

အခုခေတ် မိန်းကလေးတွေ မိတ်ကပ်လိမ်းတဲ့အချိန်မှာ အရင်တုန်းတွေကလို ဖော့တွေကို သုံးတာထက် မိတ်ကပ်လိမ်းတဲ့ Brush အမျိုးစုံကို ရွေးချယ် အသုံးပြုလာတတ်ပါတယ်။

ဒီတော့ မိတ်ကပ်သုံး Brush လေးတွေကို အမြဲသန့်စင်နေအောင် ထားဖို့တော့လိုပါလိမ့်မယ်။ မိတ်ကပ် Brush လေးတွေ ညစ်ပတ်နေမယ် ဆိုရင်တော့ မျက်နှာမှာ ဝက်ခြံတွေ ပေါက်လာတတ်တဲ့အတွက် Brush တွေကို ပုံမှန် တစ်လတစ်ကြိမ် အနည်းဆုံးတော့ ပြန်လည် သန့်စင်ပေးရမှာပါ။  အခု ပြောပြပေးချင်တာကတော့ Brush တွေကို အသစ်အတိုင်းပြန်ဖြစ်အောင် Brush မှာ ကပ်ညှိနေတဲ့ မိတ်ကပ်အကြွင်းအကျန်တွေကို အကုန်ပြောင်စင်အောင် သန့်စင်ပေးနိုင်မယ့်နည်းပဲ ဖြစ်ပါတယ်။

• Brush တွေကို သန့်စင်တော့မယ်ဆိုရင် ချက်ချင်းကြီး ဆပ်ပြာသုံး ဆေးကြောလိုက်တာမျိုးကို မပြုလုပ်ပါနဲ့။ အရင်ဆုံး Brush တွေကို ရေနွေးနွေးလေးမှာ ၁၀ မိနစ်လောက် စိမ်ထားပေးပါ။ ဒီလို ပြုလုပ်ပေးတာကတော့ အချိန် အတော်ကြာကပ်နေတဲ့ အရာလေးတွေကို ရေနူးသွားစေတဲ့အတွက် ဆေးကြောတဲ့အချိန်မှာ ပြောင်စင်အောင် ဆေးကြောဖို့ အထောက်အကူ ပြုနိုင်လို့ပါ။ မျက်နှာသုံး Brush ဖြစ်တဲ့အတွက် ဆပ်ပြာရည်နဲ့ စိမ်လိုက်ရင် ခဏလေးနဲ့ ပျက်စီးသွားနိုင်တဲ့အတွက် ရိုးရိုးရေနဲ့ပဲ ပြုလုပ်ပေးပါ။

Read More>>>မျက်နှာပေါ်ကအရေးကြောင်းတွေကို သက်သာစေမယ့် ဆောင်ရန်၊ ရှောင်ရန်အချက်များ

• ရေနွေးနဲ့ စိမ်ပြီးသွားတဲ့အချိန်မှာ Brush တွေကို ခေါင်းလျှော်ရည် အနည်းငယ်နဲ့ သံလွင်ဆီ အနည်းငယ်ကို ရောပြီး သန့်စင်ပေးပါ။ ဆပ်ပြာဆိုတဲ့နေရာမှာလည်း အဝတ်လျှော် ဆပ်ပြာကို မသုံးရပါဘူး။ ခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာနဲ့ ကလေးရေချိုး ဆပ်ပြာတွေကို အသုံးပြုပေးပါ။ မဟုတ်ရင်လည်း မျက်နှာသစ်ဆေးကို အသုံးပြုပေးနိုင်ပါတယ်။

• ဆပ်ပြာနဲ့ ဆေးပြီးတဲ့အချိန်မှာ Brush တွေကို တစ်ရှုးနဲ့ ရေစစ်သွားအောင် သုတ်ပေးပါ။ ရေတွေကို ခြောက်နိုင်သမျှ သုတ်ပေးပါ။ ပြီးမှ နေနည်းနည်းပြပေးပါ။

ဒီနည်းလေးအတိုင်းသာ သန့်စင်ပေးမယ် ဆိုရင်တော့ မျက်နှာသုံး Brush တွေက တာရှည်ခံမှာ ဖြစ်သလို အမြဲသန့်စင်နေမှာပဲ ဖြစ်ပါတယ်။ Brush တွေကို မသန့်စင်ပေးဘူး ဆိုရင်တော့ မျက်နှာ အလှကို အနှောင့်အယှက်ပေးနိုင်မယ့် ဝက်ခြံတွေ ပေါက်လာတာမျိုး၊ အသားအရေတွေ မကြည်လင်တာမျိုးကို ဖြစ်စေနိုင်တာအတွက် မျက်နှာသုံးတဲ့အရာတွေကို အမြဲသန့်ရှင်းနေအောင် ထားဖို့ ပြောပြပေးလိုက်ရပါတယ်။

Source; Cosmatic Myanmar

 


Read 132 times
Rate :
(2 votes)

Related items

  • စတိုင်ကျတဲ့ မိန်းကလေးဖြစ်ဖို့ ရှိတာလေးနဲ့ လှအောင်ဝတ်ကြမယ်

    smiling-woman-sitting-grass_13339-23149_1.jpg

     

    စတိုင်မကျချင်တဲ့ မိန်းကလေးဆိုတာ ဒီဘက်ခေတ်မှာ အလွန့်အလွန်ပဲရှားသွားပါပြီ။ မိန်းကလေးတယောက်အတွက် စတိုင်ကျဖို့ဆိုတာ Branded တွေကို ဈေးကြီးကြီးပေးဝယ်ပြီး ဝတ်ဆင်မှမဟုတ်တော့ပါဘူး။ ကိုယ့်မှာ ရှိတာလေးနဲ့ လှအောင် ဝတ်ဆင်လို့ရနေပါပြီ။ အဓိက ကတော့ အမြင်ရှိဖို့ပဲလိုတာပေါ့။

  • အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ သောက်လေ့ရှိတဲ့ Dolfenal ရဲ့ ဆိုးကျိုးများ

    Capture_4.jpg

    Dolfenal သောက်ရင် အကိုက်အခဲသက်သာတယ်လို့ အများစုက ယုံကြည်ထားကြပါတယ်။ အကိုက်အခဲသက်သာတယ်ဆိုပေမယ့် တဖက်မှာလည်း Dolfenal ရဲ့ ဆိုးကျိုးတွေကလည်း ရှိနေပြန်ပါတယ်။

  • Skin care ပစ္စည်းတွေရဲ့ အာနိသင်နဲ့ အသုံးပြုနည်းများ

    1488356_1437740639_1.jpg

    အခုခေတ်က မိတ်ကပ်ကြည်ကြည်လေးနဲ့ Glow အောင်လုပ်နေကြတဲ့ ခေတ်ဆိုတော့ Skin ကို သေချာလေးဂရုစိုက်နေကြပါပြီ။ Skin care တွေရဲ့ ဈေးတွေကလည်း အားလုံးသိကျတဲ့အတိုင်း ဈေးကောင်းတာကြောင့် တစ်ခါတစ်ခါဝယ်ဖို့ အတော်လေးစဉ်းစားရပါတယ်။ ဝယ်ပြီးမှ ကိုယ်နဲ့မတည့်ဖြစ်နေရင်လည်း အရမ်းနှမျောဖို့ကောင်းပါတယ်။ ဒါကြောင့် ပျိုမေတွေအတွက် Skin Care ဝယ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.