Wednesday, 25 September 2019 17:52

ka

ကန်းစွန်ရွက်နီကို ကြိတ်ပြီး အရည်ကို အနာမှာ ဆွတ်လိမ်းပေးလိုက်မယ်ဆိုရင် အနာမန်း သိသိသာသာ လျော့ကျစေပါတယ်။

မြန်မာဆေးကျမ်းတွေမှာ ကန်စွန်းရွက်နီဟာ ရေမှာဖြစ်တဲ့ ပိုးတွကို ပယ်တယ်လို့ဖော်ပြထားပါတယ်။ ကန်စွန်းရွက်နီရဲ့ အရည်ဟာ အဆိပ်ကိုလည်းပြေစေပြီး မီးလောင်နာတွေနဲ့ ဆီးရောဂါတွေကို ပျောက်ကင်းစေတယ်လို့ ဖော်ပြထားပါတယ်။

(၁) ငန်းမန်းရှိရင် ဗူးရွက်နဲ့ကန်စွန်းနီရွက်ကိုရေစိမ်ပါ။ ရောစပ်ကြိတ်ပြီး အရည်ကို အနာမှာဆွတ်လိမ်းပေးလိုက်မယ်ဆိုရင် အနာမန်းသိသိသာသာကျပါတယ်။

Read More>>> မျက်နှာပေါ်ကအရေးကြောင်းတွေကို သက်သာစေမယ့် ဆောင်ရန်၊ ရှောင်ရန်အချက်များ

(၂) ဆီးရောဂါရှိတဲ့လူတွေအတွက် ကျိုသောက်လို့ရပါတယ်။ ကန်စွန်းနီရွက်ကိုထန်းလျက်၊မန်ကျည်းမည့်နဲ့ ဆားထည့်ပြီး ကျိုသောက်ရမှာဖြစ်ပါတယ်။ ဆီးကျောက်တည်တဲ့လူတွေအတွက် အထူးကောင်းမွန်ပါတယ်။

(၃) ကန်စွန်းနီရွက်သက်သက်ကိုပဲ ပြုတ်သောက်တယ်ဆိုရင် ရင်ပြည့်ဝမ်းကျရောဂါပျောက်ပါတယ်။

(၄) ဆီးမသွားတဲ့လူတွေအတွက် ဗူးရွက်နဲ့ ကန်စွန်းနီရွက်ကို ဆတူရောပြီးကျိတ်ပါ။ ရလာတဲ့အရည်ကို ဆန်မှုန့်ညက်နဲ့ဖျော်ပြီး ဆီးခုံပေါ်တင်ထားပေးလိုက်ပါ။ ၁၅ မိနစ်အတွင်း ဆီးသွားစေပါတယ်။ ဓမ္မတာလွန်တဲ့လူတွေလည်း ဒီနည်းအတိုင်း လုပ်လို့ရပါတယ်။

Read More>>> အမျိုးသားတွေ ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာ (၅) မျိုး

(၅) အရွက်သက်သက်ကိုပဲ ဟင်းချက်စားမယ်ဆိုရင်တော့ သွေးဝမ်းရောဂါပျောက်ပါတယ်။

 

Source: Shwechitthu


Read 296 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.