Print this page
Tuesday, 24 September 2019 17:50

1461637939578.jpg

မျက်နှာပေါ်မှာ အရေးအကြောင်းတွေဖြစ်တာဟာ အသက်အရွယ်ကြီးလာမှ မဟုတ်ပါဘူး။

တစ်ခါတစ်ရံ ကိုယ့်အသားအရည်နဲ့ပတ်သက်ပြီး လက်လွတ်စပယ် နေထိုင်မိရင်လည်း အရေအကြောင်းတွေဟာ ငယ်ငယ်ရွယ်ရွယ်မှာပဲ ဖြစ်လာနိုင်ပါတယ်။ အဓိကအားဖြင့်တော့ အသက်ကြီးရင်ဖြစ်ဖြစ်၊ ငယ်ရွယ်တုန်းမှာပဲဖြစ်ဖြစ် အရေးကြောင်းတွေဖြစ်ပေါ်ခြင်းက သက်သာစေချင်ရင် ဒီဆောင်ရန်ရှောင်ရန်လေးတွေကိုတော့ သိရှိထားဖို့လိုအပ်ပါတယ် ။

၁။ နေပူထဲသွားမယ်ဆိုရင်

နေ့လည်နေ့ခင်းတွေ အပြင်ထွက်တိုင်း ဦးထုတ်၊ ထီး အစရှိသည်တို့ကို မမေ့မလျော့ယူသွားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် UV ray တွေက အရေပြားပေါ်က collagen တွေကို ပျက်စီးစေပါတယ်။ တကယ်လို့ ထီးတွေ၊ ဦးထုတ် တွေ မဆောင်ဖြစ်ရင်တောင် sun cream တစ်ခုခုတော့ သုံးသင့်ပါတယ်။

၂။ ဆေးလိပ်

ဆေးလိပ်သောက်ခြင်းက အသားအရေကိုပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းပါပဲ။ မျက်နှ အသားအရေကို အိုမင်းရင့်ရော်စေပြီး မျက်တွင်းချိုင့်တာ မျက်ရစ်ဖောင်းတာတွေ ဖြစ်စေပါတယ်။

Read More>>>အမျိုးသားတွေ ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာ (၅) မျိုး

၃။ Moisturizer

ဈေးကြီးတဲ့ brand တွေ အကောင်းစားတွေမှ မဟုတ်ပါဘူး။ သာမန် low end brand တွေထဲက moisturizer တွေထဲမှာလည်း အရေးအကြောင်းတွေကို ပျောက်ကင်းစေတဲ့ moisturizer တော်တော်များများ ရှိပါတယ်။

၎။ Fillers

Fillers တွေနဲ့ ပတ်သက်လို့တော့ Beauty blogger nay chi oo ပြောပြတာလေးကို recommed ပေးချင်ပါတယ်။ ဘယ်လောက်ပဲ Fake ဖြစ်တယ်၊ အတုအယောင်တွေပြောပြောပါ၊ မိန်းကလေးဆိုတော့ အနည်းနဲ့ အများလှချင်ကြတာပါပဲ။ ကျွန်မကိုယ်တိုင်လည်း smile line ဆိုပြီးရယ်လိုက်တိုင်း ပါးနှစ်ဖက်မှာအကြောင်းကြီး ပေါ်နေတာကို fillers ထိုးဖို့ စိတ်ကူးရှိပါတယ်။ ဒါပေမယ့် ၄၀ ကျော် အန်တီတွေအတွက်တော့ ပိုသင့်လျော်ပါတယ်။ သူတို့အနေနဲ့က သဘာဝတရားရဲ့အိုမင်းမှုကြောင့် အရေးအကြောင်းတွေဖြစ်လာတာ ဖြစ်တဲ့အတွက် fillers နဲ့ပဲ ဖယ်ရှားပစ်ဖို့က အကောင်းဆုံးပါ။

>>>အလှုပြင်ခန်းမများ<<<

၅။ DIY mask

လည်ပင်းနဲ့ ရင်ဘက်မှာဖြစ်တဲ့ အရေးအကြောင်းတွေအတွက်ကတော့ သံလွင်ဆီ၊ Vaseline၊ ဗီတာမင်အီး အစရှိတဲ့ (၃) မျိုးကို အချိုးကျဆ တူရောထည့်၊ မွှေပြီး ညအိပ်ယာဝင်ခါနီးတိုင်း လိမ်းပေးနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး (၃) ရက်လောက် လုပ်ရင်တောင် (၂) လ လောက်ကြာတာနဲ့ သိသာတဲ့ result ကို ခံစားရမှာပါ။

Source; လူငယ်မီဒီယာ

 


Read 557 times Last modified on Tuesday, 24 September 2019 18:10
Rate :
(1 Vote)

Related items