Tuesday, 17 September 2019 16:34

Trouble-sleeping_1.jpg

အရမ်းပင်ပန်းနေပြီး အိပ်ချင်နေသော်လည်း အိပ်မရဖြစ်နေပါသလား။ အိပ်ပျော်သွားလည်း ခဏခဏ ပြန်နိုးပြီး ပြန်အိပ်မရဖြစ်နေလား။ အစောကြီးနိုးနိုးနေလို့ ပင်ပန်းနေပြီလား။

ဒါဆို သင်ဟာအိပ်မပျော်ရောဂါ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ အိပ်မပျော်ရောဂါကိုဖြေရှင်းရာမှာ အဓိကဖြစ်ရတဲ့အကြောင်းအရင်းကို အရင်ဆုံးသိထားဖို့ ကြိုးစားခြင်းပဲဖြစ်ပါတယ်။ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နေတဲ့ အိပ်မပျော်ရောဂါဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ ရောဂါကိုသက်သာပျောက်ကင်းအောင် ကုသပေးဖို့ကတော့ ပထမဦးဆုံးအဆင့်ပါပဲ။ ရောဂါအခံတွေကြောင့်မဟုတ်တဲ့ အိပ်မပျော်ရောဂါကိုတော့ ဆေးဝါးအကူအညီမပါဘဲ ကိုယ်တိုင်ကုသဖြေရှင်းနိုင်ပါတယ်။

၁။ ပုံမှန်အိပ်ချိန်နဲ့ထချိန်ကို စနစ်တကျ သေသေချာချာသတ်မှတ်ထားပါ။ အားလပ်ရက်တွေမှာလည်း ကိုယ်သတ်မှတ်ထားတဲ့အိပ်ချိန်မှာ အိပ်ပြီး၊ ထချိန်မှာလည်း မပျက်မကွက်ထပေးဖို့ လိုအပ်ပါတယ်။

၂။ စိတ်ကိုနှိုးကြွစေတဲ့ပစ္စည်းတွေ၊ အလင်းရောင်လှိုင်းထွက်တဲ့ ပစ္စည်းတွေဖြစ်တဲ့ TV ကြည့်တာ၊ ဖုန်းသုံးတာ၊ လက်ပ်တော့ ကွန်ပျူတာသုံးတာတွေကို မအိပ်ခင်တစ်နာရီအလိုမှာတည်းက ရှောင်ပါ။

၃။ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်သောက်တာကို ညနေခင်းမှာတည်းက ရှောင်ပါ။ မအိပ်ခင် စိတ်ကိုနိုးကြွစေတဲ့ လေ့ကျင့်ခန်းတွေ၊ မိသားစုဝင်တွေနဲ့ စကားပြောဆိုငြင်းခုန်တာတွေ ရှောင်ပေးပါ။

Read More>>>ဆေးဖက်ဝင် ဝဥ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

၎။ ကိုယ်ရဲ့ ပုံမှန်သောက်နေတဲ့ ဆေးဝါးတွေရှိနေရင် ပြန်စစ်ပါ။ လိုအပ်ရင် ဆရာဝန်နဲ့ ပြန်ပြ၊ ပြန်စစ်ဆေးပါ။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးတွေကို မလိုအပ်ဘဲမသောက်ပါနဲ့။

၅။ နေ့ခင်းနေ့လည် တစ်ရေးတစ်မောအိပ်တာကို အချိန်ကန့်သတ်ထားပါ။ တတ်နိုင်သလောက်ရှောင်ပေးတာက ပိုကောင်းပါတယ်။ အရမ်းအိပ်ချင်၊ အနားယူချင်ရင်တော့ တစ်ခါအိပ်ရင် မိနစ် (၃၀) ထက်မကြာပါနဲ့။ နောက်ပြီး ညနေ (၃) နာရီနောက်ပိုင်း တစ်ရေးတစ်မောမအိပ်ပါနဲ့။

၆။ အိပ်ခါနီးမှာ အစာအလွန်အကျွံစားတာ၊ အအေးတွေအလွန်အကျွံသောက်တာ ရှောင်ပါ။ မုန့်လေးတော့ နည်းနည်းစားလို့ရပြီး အဲလိုစားတာက ရင်ပူတာကိုပါ သက်သာစေနိုင်ပါတယ်။

ဒီလိုလွယ်ကူတဲ့နည်းလမ်းတွေကို စနစ်တကျနဲ့ သေသေချာချာလိုက်နာလုပ်ဆောင်မယ်ဆိုရင် ကိုယ့်ရဲ့အိပ်စက်မှုအရည်အသွေးက သိသိသာသာတိုးတက်လာတာ တွေ့ရမှာပါ။ ကောင်းစွာအိပ်စက် အနားယူနိုင်ကြပါစေ။

Source; ကျန်းကျန်းမာမာ

 


Read 123 times Last modified on Tuesday, 17 September 2019 16:53
Rate :
(1 Vote)

Related items

  • စတိုင်ကျတဲ့ မိန်းကလေးဖြစ်ဖို့ ရှိတာလေးနဲ့ လှအောင်ဝတ်ကြမယ်

    smiling-woman-sitting-grass_13339-23149_1.jpg

     

    စတိုင်မကျချင်တဲ့ မိန်းကလေးဆိုတာ ဒီဘက်ခေတ်မှာ အလွန့်အလွန်ပဲရှားသွားပါပြီ။ မိန်းကလေးတယောက်အတွက် စတိုင်ကျဖို့ဆိုတာ Branded တွေကို ဈေးကြီးကြီးပေးဝယ်ပြီး ဝတ်ဆင်မှမဟုတ်တော့ပါဘူး။ ကိုယ့်မှာ ရှိတာလေးနဲ့ လှအောင် ဝတ်ဆင်လို့ရနေပါပြီ။ အဓိက ကတော့ အမြင်ရှိဖို့ပဲလိုတာပေါ့။

  • အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ သောက်လေ့ရှိတဲ့ Dolfenal ရဲ့ ဆိုးကျိုးများ

    Capture_4.jpg

    Dolfenal သောက်ရင် အကိုက်အခဲသက်သာတယ်လို့ အများစုက ယုံကြည်ထားကြပါတယ်။ အကိုက်အခဲသက်သာတယ်ဆိုပေမယ့် တဖက်မှာလည်း Dolfenal ရဲ့ ဆိုးကျိုးတွေကလည်း ရှိနေပြန်ပါတယ်။

  • Skin care ပစ္စည်းတွေရဲ့ အာနိသင်နဲ့ အသုံးပြုနည်းများ

    1488356_1437740639_1.jpg

    အခုခေတ်က မိတ်ကပ်ကြည်ကြည်လေးနဲ့ Glow အောင်လုပ်နေကြတဲ့ ခေတ်ဆိုတော့ Skin ကို သေချာလေးဂရုစိုက်နေကြပါပြီ။ Skin care တွေရဲ့ ဈေးတွေကလည်း အားလုံးသိကျတဲ့အတိုင်း ဈေးကောင်းတာကြောင့် တစ်ခါတစ်ခါဝယ်ဖို့ အတော်လေးစဉ်းစားရပါတယ်။ ဝယ်ပြီးမှ ကိုယ်နဲ့မတည့်ဖြစ်နေရင်လည်း အရမ်းနှမျောဖို့ကောင်းပါတယ်။ ဒါကြောင့် ပျိုမေတွေအတွက် Skin Care ဝယ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.