Tuesday, 17 September 2019 16:04

hair

 

ထိပ်ပြောင်ခြင်းဟာ အမျိုးသားတွေ အသက်အရွယ်ရလာတာနဲ့အမျှကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာ တခုဘဲ ဖြစ်ပါတယ်။

မျိုးရိုးလိုက်ခြင်းကြောင့် ထိပ်ပြောင်တာ မဟုတ်ရင်တော့ အခုဖော်ပြပေးမယ့် အစားအစာတွေကို စားသုံးပေးခြင်း အားဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၁) ဟင်းနုနွယ်

ဟင်းနုနွယ်ဟာ သံဓာတ် ပြည့်ဝတဲ့ အစားအစာတမျိုးဖြစ်ပြီး မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတမျိုးလည်း ဖြစ်တာကြောင့် ဦးရေပြားကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေပြီး ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓာတ်ပါဝင်မှု နည်းပါးခြင်းဟာလည်း ဦးရေပြား ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပြီး ဟင်းနုနွယ်မှာတော့ အမျှင်ဓာတ် ၆၈ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

Read More>>> ဆေးဖက်ဝင် ဝဥ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

(၂) နာနတ်သီး

နာနတ်သီးဟာ Antioxidant နဲ့ ဗီတာမင်စီ ကြွယ်ဝတာကြောင့် ဦးရေပြား အားနည်းခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ ဆံသားအရင်းအားနည်းခြင်းကြောင့် ဆံပင်မပေါက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) ပန်းသီး

ပန်းသီးမှာ ဆံကေသာနဲ့ ဦးရေပြား ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ Procyanidin B2 ဓာတ် ပါဝင်တာကြောင့် ဆံသားပြန်မပေါက်ခြင်းနဲ့ ထိပ်ပြောင်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

Read More>>> ဒူးရင်းသီးနဲ့ တွဲဖက်စားပါက သေစေနိုင်တဲ့အထိ ဖြစ်စေသော အစားအစာ(၆)မျိုး

(၄) အစေ့အဆန်များ

အစေ့အဆန်တွေဟာ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစတွေ ဖြစ်တာကြောင့် ဆံသားကျန်းမာရေးနဲ့ ဦးရေပြား ပြဿနာတွေအတွက် သင်မထင်မှတ်ထားလောက်အောင် ကောင်းကျိုးတွေ ပေးနိုင်တဲ့ အစားအစာတမျိုးဖြစ်ပါတယ်။

(၅) ကန်စွန်းဥ

ဆံသားအရှည် မြန်ဖို့နဲ့ ဆံပင်ပြန်ပေါက်ဖို့အတွက် အလိုအပ်ဆုံး ဓာတ်တမျိုး ဖြစ်တဲ့ ဗီတာမင်အေဓာတ်ဟာ ကန်စွန်းဥမှာ ပါဝင်တာကြောင့် ထိပ်ပြောင်ခြင်းကို ကာကွယ်ဖို့ စားပေးသင့်တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။

Source:Irrawaddy


Read 341 times Last modified on Tuesday, 17 September 2019 16:48
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.