Monday, 16 September 2019 17:36

app-store-7-2-iphone6-hero-2-3_1.jpg

တချို့သောဖုန်း applications တွေဟာ ဖုန်းအတွက်တင်ကမပဲ ဖုန်းပိုင်ရှင်အတွက်ပါ အန္တာရာယ်ရှိစေပါတယ်။

ဥပမာ ဖုန်းနေရာတွေအများကြီးယူသွားတာ၊ ဘက်ထရီပုံမှန်ထက်စားတာ၊ တချို့ apps တွေဆိုရင် ပိုက်ဆံအလိုလိုဖြတ်သွားတာ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ခွင့်ပြုချက်မပါဘဲစုဆောင်းတာတွေ လုပ်ကြပါတယ်။ Google Play ဒါမှမဟုတ် App Store တို့တွေလည်း ဒီအန္တာရာယ်ရှိတဲ့ apps တွေကို အမြဲတမ်းပိတ်မထားနိုင်ကြဘူး။ ဒါကြောင့် ကိုယ့်ဖုန်းလုံခြုံမှုက ကိုယ့်လက်ထဲမှာပဲရှိပါတယ်။

(၁) အလကားရတဲ့ ဂိမ်းတွေ

ဂိမ်းတခုကိုတီထွင်ထုတ်လုပ်ဖို့ဆိုတာ ပိုက်ဆံတွေအများကြီးကုန်ကြပါတယ်။ ဒါကြောင့် ဂိမ်းတီထွင်တဲ့သူတွေက ပိုက်ဆံတွေပြန်ရအောင် ဂိမ်း apps တွေမှာ ကြော်ငြာတွေထည့်သွင်းကြပါတယ်။ ဒီကြော်ငြာတွေကို ထည့်သွင်းရတာကြောင့် သင့်ဖုန်းရဲ့နေရာတွေကို ပုံမှန်ထက်ပိုယူလေ့ရှိပါတယ်။ ပြီးတော့ သင့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလတ်တွေကို ခွင့်ပြုချက်မပါဘဲ စုဆောင်းလေ့ရှိကြပါသေးတယ်။ ဒါကြောင့် အလကားရတဲ့ဂိမ်းတွေကို download လုပ်တော့မယ်ဆိုရင် user agreement (သုံစွဲသူ သဘောတူညီချက်) ကိုသေချာဖတ်ဖို့ အကြံပေးပါရစေ။

(၂) Fast charge apps (ဖုန်းအားအမြန် သွင်းပေးတဲ့ apps)

ဖုန်းကို အားအမြန်သွင်းပေးနိုင်တယ်ဆိုတဲ့ apps တွေက မရေမတွတ်နိုင်အောင်ရှိပါတယ်။ ဒါပေမဲ့ တခုသိထားရမှာက ဘယ် apps ကမှ ဖုန်းအားသွင်းတာ မမြန်စေပါဘူး။ဒီ apps တွေက ကြော်ငြာတွေ နဲ့ပြည့်နှံ့ နေတာပါ။ တခါတလေ ဖုန်း screen ပိတ်ထားတဲ့အချိန်မှာ တောင် ကြော်ငြာတွေ တတ်လာပါသေးတယ်။ ဒါကြောင့် Fast charge apps ဖုန်းထဲ မထည့်ကြဖို့ အကြံပေးချင်ပါတယ်။

(၃) Wi-Fi apps

အလကားရတဲ့ Wi-Fi apps တွေကို ဖုန်းထဲမထည့်ကြဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ apps တွေဟာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ တွေကိုခွင့်ပြုချက်မပါပဲ စုဆောင်းတတ်ကြပါတယ်။

(၄) Location trackers

ဒီ apps တွေက ဖုန်းဘက်ထရီအားကို ပုံမှန်ထက်အသုံးပြုသည့်အပြင် သင့်ရဲ့အချက်အလတ်တွေကို စုဆောင်းတတ်ကြပါတယ်။ Navigation apps, delivery apps နဲ့ တချို့ဂိမ်းတွေ ဥပမာ Pokémon Go တို့လိုဂိမ်းတွေက သင့်ဖုန်းရဲ့တည်နေရာကို ရယူလေ့ရှိကြတယ်။ ဒါကြောင့် ကိုယ်လိုအပ်မဲ့လမ်းပြမြေပုံ apps ကလွဲရင် ကျန်တာကို ဖုန်းထဲမထည့်ကြဖို့ အကြံပေးပါရစေ။

(၅) အသုံးမလိုတဲ့ apps တွေ

ဖုန်းအသုံးပြုတဲ့သူတော်တော်များများဟာ အသုံးမလိုတဲ့ apps တွေကို download လုပ်ထားပြီး မေ့ထားလေ့ရှိကြတယ်။ တခါတလေ (၂) လနေမှတခါတောင် ဖွင့်မကြည့်တတ်ကြဘူး။ ဒီလို apps တွေက ဖုန်းဘက်ထရီစားတဲ့အပြင် ဖုန်းအလုပ်လုပ်တာကိုလည်း နှေးကွေးစေပါတယ်။ ဒါကြောင့် အချိန်အနည်းငယ်ယူပြီး ကိုယ်အသုံးမလိုတဲ့ apps တွေကိုရှာပြီး ဖျက်ပစ်လိုက်တာ ပိုကောင်းပါတယ်။

Credit; Kwee

 


Read 371 times Last modified on Monday, 16 September 2019 17:41
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.