Wednesday, 28 August 2019 17:22

Optimized-20151207_220854-1-1024x753-1024x753-1.jpg

မိုးတွင်းမှာ sneakers တွေ၊ Office သမားတွေ စီးတဲ့ Formal shoes တွေ မိုးရေစိုပြီး စိုထိုင်းမှုကြောင့် အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေ ပေါက်ပြီး အနံ့နံတာမျိုးကို လူတိုင်း ကြုံဖူးကြမယ် ထင်ပါတယ်။

တစ်ခါတစ်လေမှာ မိုးရေမစိုတောင် ခြေအိတ်ခံမဝတ်ရင် ခြေထောက်ကထွက်တဲ့ ခြေဆီတွေ၊ ချွေးတွေကြောင့် အနံ့နံတာတွေ ဖြစ်တတ်ပါတယ်။

ဒီတော့ ရှူးဖိနပ်တွေကနေ အနံ့ဆိုးတွေ ထွက်ပြီဆိုရင် ဖယ်ရှားနိုင်မယ့် လွယ်လွယ်ကူကူ နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ Baking Soda ( မုန့်ဖုတ်ဆိုဒါ )

Baking soda ကို အဝတ်ပါးလေးထဲ ထည့်ထုတ်ပြီး essential oil (lemon oil) ပါ ထည့်ချင်ထည့်လို့ရပါသေးတယ်။ ပြီးရင် ဖိနပ်ထဲ တစ်ညထားပေးလိုက်ပါ။ Baking soda က natural deodorizer ဆိုတဲ့အတိုင်း အနံ့တွေကို စုပ်ပေးသွားပါလိမ့်မယ်။ အထုပ်မထုပ်ချင်လည်း ဒီတိုင်း ဖြူးပြီး တစ်ညထားလိုက်ပါ။ နောက်နေ့ မနက်ကြမှ ခါထုတ်လိုက်လို့လည်း ရပါသေးတယ်။

၂။ Sunshine

နောက်တစ်နည်းကတော့ အားလုံးသိကြတဲ့တိုင်း နေရောင်ပြတာပါ။ နေရောင်က ဖိနပ်တွေကို ခြောက်သွေ့စေပြီးတော့ ဘက်တီးရီးယား ပေါက်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။

၃။ lemon peels (လီမွန်ခွံ )

လီမွန်ခွံလေးတွေကို တစ်ညထည့်ထားပြီးလည်း အနံ့ဆိုးတွေ ဖယ်ရှားလို့ရပါသေးတယ်။

>>>မုတ်သုန်မိုးစက်ထဲက တိုးထွက်ပြီး ခေါင်းစခြေဆုံး ဖက်ရှင်ကျစေဖို့

၎။ A bar of soap

နောက်ထပ်တစ်နည်းကတော့ လွယ်လွယ်ကူကူဘဲ ဆပ်ပြားတုံး ထည့်ထားတဲ့ နည်းပါ။ အနံ့ဆိုးတွေလည်းဖယ်၊ မွှေးလည်းမွှေးပေါ့ ။

၅။ Newspaper

သတင်းစာစက္ကူကလည်း အနံ့တွေ ဖယ်ရှားပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သတင်းစာမှာပါတဲ့ carbon filled ink တွေက အစိုဓါတ်တွေကို စုပ်ယူပေးတဲ့အတွက် bacteria တွေကို မပေါက်ပွားတော့ဘဲ အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

>>> ရှူးဖိနပ်အရောင်းဆိုင်များ

၆။ Tea bags

နောက်ဆုံးတစ်နည်းကတော့ tea bags လေးတွေထည့်ပြီး အနံ့ဆိုးဖယ်ရှားခြင်းဘဲဖြစ်ပါတယ်။

Shoes Studio


Read 286 times Last modified on Wednesday, 28 August 2019 17:38
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.