Wednesday, 21 August 2019 08:16

11_1.jpg

ကျွန်တော်တို့ဆီမှာ Air con တွေကို အသုံးပြုကြတဲ့အခါ အိမ်တွေမှာပဲဖြစ်ဖြစ် ကားတွေပေါ်မှာပဲဖြစ်ဖြစ် အများဆုံးတွေ့ရတာက Air con temperature setting မှာပါတဲ့ အနိမ့်ဆုံးအပူချိန်ကို ထားကြတယ် အမြင့်ဆုံး Fan speed မှာထားကြတယ် ဒါဟာ အန္တရာယ် ကို ဖိတ်ခေါ်နေခြင်းပင်ဖြစ်ပါတယ်။

အရာရာတိုင်းမှာ စည်းနဲ့စနစ်နဲ့ Theory တွေပုံသေနည်းတွေ အစစအရာရာ တွက်ချက်ပြီးတီထွင်ခဲ့ကြတဲ့သူတွေက အရူးတွေမဟုတ်ပါဘူး အများတကာထက် ပိုတတ်ပိုသိပိုနားလည်လို့ အများတကာအတွက် အကောင်းဆုံးတွေကို စုစည်းညီညွတ်မှုအားနဲ့ တီထွင်ဖန်တီးမှုတွေကိုပြုလုပ်ရင်း ဘဝကိုရင်းနှီးမြှပ်နှံကြတာပါ

သူတို့တွေလို ဘဝနဲ့ရင်းပြီးဒီနယ်ပယ်တွေမှာလေ့လာဖို့မလိုဘူးဆိုရင်တောင် သူတို့တွေတီထွင်ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုသုံးမယ်ဆိုရင် အသုံးပြုပုံလေးတော့ လိုက်နာသင့်တယ်မဟုတ်လား ဒါမှ ဘေးဥပါဒ် အန္တရာယ်တွေက ကင်းမယ်လေTemperature setting နဲ့ပတ်သတ်လို့ သတ်မှတ်ထားတဲ့အပူချိန် (လူအတွက်) ထားရှိရမယ့်အပူချိန်ဆိုတာရှိပါတယ်။ စက်တွေအတွက်ကတော့ သူ့ Specification နဲ့သူပေါ့။

အဲယားကွန်း အနံ့ဆိုးမထွက်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း ( ၅ ) သွယ်

Air con မှာထားရှိရမယ့် အပူချိန်တွက်နည်းလေးရှိပါတယ်။ ဒါပေမယ့် လိုက်ပါလုပ်ဆောင်ကြသူတွေကတော့ အင်မတန်နည်းပါးပါတယ်။

ဒီတွက်ချက်နည်းကတော့....

{ (ပြင်ပအပူချိန် – ၄)÷၂ } + ၁ဝ = Air con တွင် ထားရှိရမယ့်အပူချိန် (တစ်နည်း) အခန်းတွင်း အပူချိန်ပဲ ဖြစ်ပါတယ်။

ဥပမာ။ ။ ပြင်ပ ပတ်ဝန်းကျင် အပူချိန်က ၄၀° ရှိတယ်ဆိုပါတော့ ဒါဆိုရင်

၄၀- ၄ = ၃၆

အဲ့ဒီ ၃၆ ကို ၂ နဲ့ စား၊

ရတဲ့အဖြေက ၁၈

အဲ့ဒီအဖြေကို ၁ဝ ပေါင်းတော့ ၂၈ ရပါတယ်။

အဲတော့ ၄၀ ဒီဂရီ အပူချိန်ရှိတဲ့ အပြင်ကပြန်လာတဲ့သူအဖို့ အခန်းထဲက အပူချိန် (Air con မှာ ထားရမယ့်အပူချိန်) ကို ၂၈ ဒီဂရီ နဲ့ တွေ့ကာမှ တော်ကာကျပါမယ်။ ၄၀ ဒီဂရီ အပူချိန်ရှိနေတဲ့ပြင်ပကနေ ၁၈° တို ၁၆° တို့ ရှိတဲ့ အခန်းထဲဝင်ရင် ဘာဖြစ်မလဲ ၁၈° တို့ ၁၆° တို့ အပူချိန်ရှိတဲ့ အခန်း(သို့) ကား ထဲကနေ ကိစ္စရှိလို့ ၄၀° တို့ ၄၁° တို့ ရှိတဲ့ ပြင်ပ ပတ်ဝန်းကျင်ကို ရုတ်တရက် ထွက်ရင် ဘာဖြစ်မလဲ …..

ကိုယ်ခံအားကောင်းနေရင်တော့ ခုခံမှုစနစ် အပူထိန်းချုပ်မှုစနစ်တွေကို ဦးနှောက် နဲ့ ခန္ဓာ ချိတ်ဆက်ပြီး သူ့ဖာသာလုပ်သွားမယ်။ အဲ့လိုမှမဟုတ်ရင်တော့ ရုတ်တရက် လဲကျသေဆုံးတာတွေထိဖြစ်နိုင်ပါတယ်။

မိုးလင်းမိုးချုပ် Air con ခန်းထဲကမထွက်ဘူးဆိုတဲ့ လူတွေအတွက်တော့မသိဘူးပေါ့ဗျာ Air con ခန်းထဲအကြာကြီးနေလိုက် ခဏနေ အပြင်ထွက်ထမင်းစား လက်ဘက်ရည်သောက်ဘာညာ လုပ်နေတဲ့သူတွေဆို နွေရာသီမှာ အခန့်မသင့်ရင် လေဖြတ်တာတွေ ဦးနှောက်သွေးကြောပြတ် သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။

ဒီတွက်နည်းလေးဟာ အင်မတန်ရိုးရှင်းလွယ်ကူပါတယ်။ နောက်ပြီး အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့သူတွေဟာ Air con အသုံးပြုတဲ့အခါ အပူချိန်ကို ၂၅ ဒီဂရီအောက် လျော့နည်းပြီး မထားသင့်ဘူးလို့လည်း စာတွေမှာ လေ့လာဖူးပါတယ်

>>> လေအေးပေးစက်ပြုပြင်ရောင်းဝယ်ရေးလုပ်ငန်းများ

နောက်တစ်နည်းကတော့ လျှပ်စစ်သုံးစွဲမှုကို လျော့ကျစေတဲ့နည်းလေးပါ အဲ့ဒါကတော့....

% saving ကို လိုချင်ရင် မိမိထားရှိမယ့်အပူချိန်ထဲက Air con မှာ ထားထားတဲ့ အပူချိန်ကိုနှုတ် ရလာဒ်ကိုတည်ပြီး ပြင်ပအပူချိန်ထဲက Air con မှာ ထားထားတဲ့ အပူချိန်ကိုနှုတ်လို့ရလာတဲ့ ရလာဒ်နဲ့စား ထွက်လာတဲ့အဖြေကို ၁၀၀ နဲ့မြှောက် ပေးရင် ကိုယ်ဘယ်လောက်လျှော့ချလိုက်သလဲဆိုတာထွက်လာမှာပါ

(New T – Old T) % Saving =

__ x 100 (Tout – Old T)

New T = မိမိထားရှိမည့်အပူချိန်

Old T = Air con ဖွင့်ကတည်းကရှိနေသော အပူချိန်

Tout = ပြင်ပပတ်ဝန်းကျင်အပူချိန်

ဥပမာ။ ။ Air con ဖွင့်ကတည်းကရှိနေတဲ့အပူချိန်က ၂၀ ဒီဂရီ စင်တီဂရိတ်၊ မိမိထားလိုတဲ့အပူချိန်က ၂၅ ဒီဂရီ နဲ့ ပြင်ပ အပူချိန်က ၄၅ ဒီဂရီ ဆိုပါတော့

ဒါဆို ၂၅ – ၂၀ = ၅ ဒါက ပိုင်းဝေ ၄၅ – ၂၀ = ၂၅ ဒါကပိုင်းခြေ စားလိုက်တော့ ၀.၂ ရတယ်။ ရတဲ့ ၀.၂ ကို ၁၀၀ နဲ့ မြှောက်တော့ ၂၀ ရမယ် ဒီ ၂၀ ရာခိုင်နှုန်းဟာ မိမိ လျှော့ချလိုက်တဲ့ % saving of electicity ပဲ ဖြစ်ပါတယ် မှတ်ချက်။ ။ အပူချိန်ကို ဒီဂရီစင်တီဂရိတ်( °C) နဲ့သာ အသုံးပြုထားသည်။

Source: ဝေဇင်ကျော်ထွန်း


Read 453 times Last modified on Wednesday, 21 August 2019 16:52
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.