Tuesday, 13 August 2019 15:04

7_80.jpg

မိဘတိုင်းသိထားသင့်သည့် မွေးကင်းစကနေ တစ်နှစ်ခွဲအထိ ကလေးတိုင်း ထိုး/တိုက်ပေးရမည့် ကာကွယ်ဆေးများနှင့် ဆေးထိုးပြီးချိန်တွင် ဖြစ်တတ်သော လက္ခဏာများအပြင် သက်သာစေမည့် နည်းလမ်းများကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

မွေးကင်းစကနေ တစ်နှစ်ခွဲအထိ ကလေးတိုင်း ထိုး/တိုက်ပေးရမည့် ကာကွယ်ဆေးများ

(၁) ဘီစီဂျီ၊
(၂) အသည်းရောင်အသားဝါ(ဘီ)၊
(၃) ပိုလီယိုအစက်ချဆေး၊
(၄) ငါးမျိုးစပ်၊
(၅) ပိုလီယိုထိုးဆေး၊
(၆) ဝက်သက် - ဂျိုက်သိုး၊
(၇) ဂျပန်ဦးနှောက်ရောင်

ဆေးထိုးပြီးဖြစ်တတ်သော သာမာန်လက္ခဏာများ

(၁) ဘီစီဂျီကာကွယ်ဆေး ထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း(၁ဝဝ %) ဖြစ်ပေါ်နိုင်ပါတယ်။

(၂) အသည်းရောင်အသားဝါ(ဘီ) ထိုးပြီးလျှင် ဖျားခြင်း(၁% -၆%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅%) အထိဖြစ်စေနိုင်ပါတယ်။

(၃) ပိုလီယိုအစက်ချဆေး တိုက်ပြီးလျှင် ဖျားခြင်း(၁%)၊ မအီမသာဖြစ်ခြင်း (၁%) ဖြစ်စေနိုင်ပါတယ်။

(၄) ငါးမျိုးစပ်ဆေးတိုက်ပြီးလျှင် ဖျားခြင်း(၅ဝ%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း(၅ဝ%)၊ မအီမသာဖြစ်ခြင်း (၆၀%) အထိဖြစ်စေနိုင်ပါတယ်။

(၅) ပိုလီယိုထိုးဆေး တိုက်ပြီးလျှင် ဖျားခြင်း(၁%) ဖြစ်ပေါ်နိုင်ပါတယ်။

(၆) ဝက်သက် - ဂျိုက်သိုး ထိုးပြီးလျှင် ဖျားခြင်း(၁ဝ%)၊ ဆေးထိုးသောနေရာတွင်နာခြင်း၊ ရောင်ခြင်း(၅%)၊ အရေပြားတွင်အနီစက်ထွက်ခြင်း (၅%) အထိဖြစ်စေနိုင်ပါတယ်။

(၇) ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပြီးလျှင် ဖျားခြင်း(၅-၂ဝ%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၁-၃%)၊ ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း (၅-၁ဝ%)၊ အဆစ်ကိုက်ခြင်း (၃၀%) အထိဖြစ်စေနိုင်ပါတယ်။

အဆီများပေမဲ့ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အစားအစာ ( ၅ ) မျိုး

ကာကွယ်ဆေးထိုးပြီးချိန် ကလေးများသက်သာစေရန် ပြုစုရမည့်နည်းလမ်းများ

ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း ဖြစ်ပေါ်လျှင် ဆေးထိုးသောနေရာကို သန့်ရှင်းသော ရေအေးဖတ်ဖြင့်အုပ်ပါ။ Paracetamol တိုက်ပါ။

ဖျားလျှင် အရည်များများတိုက်ပါ။ အေးသောအဝတ်အစားများဝတ်ပေးပါ။ ရေပတ်တိုက်ပေးပါ။ Paracetamol တိုက်ပါ။

အခြားလက္ခဏာများ ဖြစ်ပေါ်လျှင် (၁) ရက်၊ (၂) ရက်အတွင်း အလိုလိုပျောက်ကင်းလေ့ရှိပါသည်။ လက္ခဏာပြင်းထန်လျှင်သော်လည်းကောင်း၊ အချိန် ကြာရှည်လျှင်သော်လည်းကောင်း၊ဆေးထိုးပေးသော သားဖွားဆရာမ(သို့မဟုတ်)ဆရာဝန်နှင့် ချက်ချင်းပြသပါ။

သတ်မှတ်ထားသည့် အသက်အရွယ်အတိုင်း အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးမှသာ ရောဂါများမှ အပြည့်အဝ ကာကွယ်နိုင်မည်ဖြစ်သည်။

>>> ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


Read 550 times Last modified on Tuesday, 13 August 2019 17:07
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.