Friday, 02 August 2019 15:24

cloths.jpg

မိမိတို့ရဲ့ အဝတ်အစားတွေ တစ်ခုခု စွန်းထင်းတာတို့၊ အရောင်ကျတာတို့ ဖြစ်ပေါ်ခဲ့ရင် လွယ်လွယ်ကူကူ အစွန်းဖယ်ရှားနိုင်မယ့် နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) အဝတ်အထည် အရောင်ကျွတ်ခြင်းကို ကာကွယ်ဖို့အတွက် အဝတ်လျှော်စက်ထဲကို ဆား ၁ ဇွန်း ထည့်လျှော်ပါ ။

(၂) မိတ်ကပ် စွန်းထင်းခဲ့ရင် ဆပ်ပြာရည်ကို ရေအေး ၂ ခွက်နဲ့ရောပြီး အဝတ်ကိုစိမ်ထားပါ။ ပြီးရင် ချွတ်ဆေးအနည်းငယ် သုံးပြီး လျှော်ပါ။

(၃) ဝိုင် စွန်းထင်းခဲ့ရင် ဆပ်ပြာရည် ကို ဗီနီကာ ၁ ဇွန်းနဲ့ ရောလျှော်ပါ။

>>>အဝတ်လျှော်စက် အပျက်အစီး သက်သာအောင် လျှော်စက်ထဲ ထည့်မလျှော်သင့်တဲ့ အရာများ

>>>လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းနဲ့ အဝတ်လျှော်စက်ကို သန့်ရှင်းရေးပြုလုပ်မယ်

>>>အဝတ်လျှော်စက်ပြုပြင်ရောင်းဝယ်ရေးလုပ်ငန်းများ

(၄) သွေးစွန်းထင်းခဲ့ရင် soda ထဲမှာ တစ်ညလုံးစိမ်ထားပြီး နောက်နေ့မှာ လျှော်ပါ။

(၅) ဆီစွန်းထင်းခဲ့ရင် စွန်းနေတဲ့ နေရာကို မြေဖြူနဲ့ ပွတ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ဘရက်ရှ်နဲ့ သေချာတိုက်ပြီး လျှော်ပါ။

Zeddite


Read 457 times Last modified on Friday, 02 August 2019 16:23
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.