Tuesday, 30 July 2019 17:41

Nepal-monsoon-Common-Wanderer.jpg

မိုးတွင်းက ခရီးသွားလို့ ကောင်းလှတဲ့ ရာသီတော့ မဟုတ်ဘူးဆိုပေမယ့် ဒီရာသီရဲ့ အားသာချက်ကလည်း ဒီမိုးအေးအေး စိုစိမ့်စိမ့် စေးထန်းထန်းပဲ မဟုတ်လား။

မဖြစ်မနေ ခရီးသွားရတာပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ ကြိုက်လို့ကို ခရီးထွက်ချင်တာပဲဖြစ်ြဖစ် မပါမဖြစ် ဆောင်သွားရမယ့် အရာလေးတွေ ရှိပါတယ်။ သဘောချင်း ညီမညီတော့ ကြည့်လိုက်ပေါ့နော့။

Bug Stick

အဲဒါကတော့ Bug Stick ဆိုပြီး ဈေးကွက်ထဲ ဝယ်လို့ရပါတယ်။ ဒါလေး ဆောင်ထားလို့ မှားနိုင်တဲ့ပစ္စည်းမှ မဟုတ်ဘဲ။ ဒါလေး လိမ်းထားပြီး ညဘက် အပြင်ထွက်ရမယ်၊ မြစ်ကမ်းနား ထိုင်ရမယ်၊ ဘား တစ်ခုခုမှာ ထိုင်ရမယ်၊ ခြင်ကိုက် ပိုးကောင်ကိုက် အမျိုးမျိုး ဖြစ်လာနိုင်တဲ့ ရန်က ကာကွယ်နိုင်မယ်လေ။

1850-CON-100_BST_1.jpg

CC Cream

ဒါကတော့ ကိုယ်ပုံမှန်လိမ်းနေကျ ရှိပြီးသားနေမှာပါ။ နေရောင်ဒဏ်လည်း ကာကွယ်နိုင်တဲ့ SPF လည်း ပါတာနဲ့ Moisturiser ပါပြီးသားကို ရွေးဆောင်ပါ။ စာရေးသူကတော့ KLARITY Lasertox Miracle White CC (11 In 1)ကို recommend လုပ်ပါတယ်နော်။ Natural Look ဖြစ်စေပြီး ဒီတစ်မျိုးတည်းမှာပဲ မျက်နှာရော ဘော်ဒီအတွက် အရေပြားအတွင်းပိုင်း Layer တွေထဲအထိ laser technique နဲ့ detoxification လုပ်ပေးထားတာမို့ အသားအရေအတွက် လိုအပ်ချက် ၁၁မျိုးကို အပြည့်အဝ ဖြည့်စွမ်းပေးရုံသာမက ဝက်ခြံဖုနဲ့ အမာရွတ်အစက်လေးပါမကျန်၊ တင်းတိတ် အစက်အပြောက်တွေအတွက်ပါ ထိရောက်သိသာစေလို့ အတော်သဘောကျပါတယ်။ ခရီးသွားနေတာဆိုတော့ Skincare အဆင့်ဆင့် လိမ်းနေဖို့ထက် ဒါလေးတစ်ခုနဲ့ ပြီးသွားတာက ဘယ်လောက်ကောင်းသလဲ။

travel-tips3.jpg

နှုတ်ခမ်းနီ

စာရေးသူကတော့ ဂျာမဏီနိုင်ငံ ထုတ် GOSH ရဲ့ Forever Lip Shine ကို ထောက်ခံပေးပါရစေ။ စေးထန်းထန်းလည်း ဖြစ်မနေဘူး။ နှုတ်ခမ်းပေါ်တင်လိုက်တဲ့ ခံစားမှုနဲ့တင် သူကတန်နေပြီ။ ခရီးသွားတဲ့အချိန်ဆိုတော့ နှုတ်ခမ်းသားကို အစိုဓာတ် ဖြည့်ပေးနိုင်တာမျိုးက ပိုလိုအပ်တယ်မဟုတ်လား။

travel-tips1.jpg

 

Clinique blended face powder and Brush

Clinique က ဒီ loose powder ကတော့ Brush လေး တစ်ခါတည်း ပါတာရော ကိုယ့်အသားအရောင်နဲ့ လိုက်တဲ့ အရောင်ပါ ရွေးလို့ရတာရောနဲ့ နောက် Brush က အဖုံးလည်းပါတယ်။ လက်ကိုင်လည်း တိုတယ်ဆိုတော့ ခရီးသွားတာနဲ့ အံကိုက်ပဲ။ မိတ်ကပ်အနံ့ မကြိုက်တဲ့သူတွေ အတွက် တကယ်အဆင်ပြေတဲ့ တံဆိပ်ပါ။

 

travel-tips2.jpg

Bio-Oil

ဒါကတော့ မပါမဖြစ်ဘဲ။ နေပူထဲပဲ ထွက်ထွက်၊ အရေပြားပဲ ခြောက်သွားသွား၊ ဘယ်လိုဒဏ်ရာပဲ ရလာလာ သူနဲ့ပဲ အကာအကွယ်ယူရမှာ ဖြစ်သလို သူနဲ့ပဲ ပြန်ကုစားရမှာပါ။ အစိုဓာတ်ကို ပြန်ဖြည့်ပေးပြီး ကော်လာဂျင်အသစ်တွေကို ပြန်ဖြစ်စေတာမြန်သလို အရေပြားနဲ့ ဖြစ်တတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လေ။ သယ်ယူသွားရတာလည်း လွယ်တယ်ဆိုတော့ မပါမဖြစ်ဆောင်သွားတာ အပန်းမကြီးလှဘူးပေါ့။

bio-oil-web.jpg

 

 


Read 230 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.