Friday, 26 July 2019 17:04

maggi-and-coke-hoax-3.jpg

ဈေးနှုန်းချိုသာတဲ့အသင့်စား စားသောက်ကုန်တွေဟာ အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ စားရတာ လွယ်ကူအဆင်ပြေတဲ့အတွက် မစားသုံးဖို့ ကန့်သတ်ထားပေမဲ့ အထောက်အကူ မဖြစ်ပါဘူး။

အခုတော့ သည်အစားအသောက်တွေကို ဘာကြောင့် မစားသုံးသင့်လဲဆိုတဲ့အချက်သုံးချက် ထပ်ထွက်လာပါတယ်။

အသင့်စားအစားအစာတွေကို တာရှည်ခံအောင် အခြောက်လှန်းခြင်း၊ ခဲအောင်အအေးခံခြင်း၊ အမှုန့်ကြိတ်ခြင်း သို့မဟုတ် အပူပေးခြင်းစတဲ့နည်းတစ်မျိုးမျိုးကို အသုံးပြုထားတာကြောင့်ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

ဆိုဒါ၊ ကွတ်ကီးထုပ်၊ ခေါက်ဆွဲခြောက်ထုပ် စတာတွေဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်တဲ့အသင့်စားအစားအစာတွေဖြစ်သလို မနက်စာအဖြစ်စားသုံးနေတဲ့ ဂျုံမှုန့်တွေ၊ အာဟာရချောင်းတွေနဲ့ ဒိန်ချဉ်အချို့ဟာလည်း သည်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

တစ်အချက်အနေနဲ့အမျိုးသားကျန်းမာရေးတက္ကသိုလ်မှ ပြုလုပ်တဲ့သုတေသနအရ အသင့်စားအစားအစာကို စားသုံးပါက တစ်ရက်ကို ပျမ်းမျှကယ်လိုရီ ၅ဝဝ လောက် ပိုလျှံကြောင်းတွေ့ရှိတဲ့အတွက် အဝလွန်ရောဂါကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်သောရောဂါလက္ခဏာများကို သိထားပါက ကာကွယ်နိုင်မည့်နည်းလမ်းများ

နှစ်အချက်အနေနဲ့ ပြင်သစ်သုတေသီတွေပြုလုပ်ထားတဲ့လေ့လာချက်အရ အသင့်စားအစားအသောက်ကို ပိုမိုစားသုံးပါက နှလုံးရောဂါကို ပိုမိုဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

နောက်ဆုံးအချက်ကတော့ စပိန်လေ့လာချက်တစ်ခုမှာ အဆင့်ဆင့်မွမ်းမံ ချက်ပြုတ်ထားတဲ့အစားအသောက်တွေဟာ သေဆုံးမှုနှုန်းကို ပိုမိုမြင့်မားစေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲသည်အစားအသောက်တွေဟာ အရသာကောင်းမွန်ရုံသာမက ဈေးနှုန်းချိုသာသလို လွယ်ကူစွာ စားသုံးနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်အစားအစာတွေနဲ့ နှိုင်းယှဉ်ပါက အသင့်စားအစားအစာတွေဟာ အဆီနဲ့အငန်ဓာတ်တွေ ပိုမိုပါဝင်ကြောင်း တွေ့ရှိရပါတယ်။

>>> ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ

အစားအသောက်နဲ့ပတ်သက်ပြီး အချိန်နဲ့ပိုက်ဆံကုန်ကျမခံနိုင်သူအဖို့ အစားအသောက်ပုံစံပြောင်းပါဆိုတဲ့ အကြံပေးချက်ကို လိုက်နာနိုင်ဖို့ ခက်ပါတယ်။

Source kumudra


Read 290 times Last modified on Friday, 26 July 2019 17:51
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.