Thursday, 25 July 2019 11:48

hmoe.jpg

မှိုများတွင် အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိသကဲ့သို့ အဆိပ်ရှိသော မှိုများလည်းရှိပါသည်။ အဆိပ်ရှိမှိုများအနက်အချို့မှာ ပြင်းထန်စွာ အဆိပ်သင့်စေပြီး၊ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

အဆိပ်ရှိမှို၏ လက္ခဏာများ

-မှိုပွင့်၏အခြေတွင် အခွက်ပါရှိသည်။
- မှိုပွင့်၏ရိုးတံတွင် ခြေချင်းပါရှိသည်။
- မှိုထီးရွက်ပေါ်တွင် အကြေးမတ်ငယ်များပြန့်ကျဲပါရှိသည်။
- မှိုထီးရွက်အောက်ဘက်ရှိ ပါးဟက်များသည် အဖြူရောင်ဖြစ်နေတတ်သည်။
- မှိုထီးရွက်သည် အရောင်အဆင်းတောက်ပ၍ လှနေတတ်သည်။
- အစိမ်းရောင်မှိုမျိုးမှုန်များ ထုတ်လွှတ်တတ်သည်။

မှိုတွင်အဆိပ်ရှိ / မရှိစမ်းသပ်ရန်နည်းလမ်းများ

- မှိုကိုလက်ဖြင့်ညှစ်ကြည့်ပါက အညိုကွက်များ ဖြစ်ပေါ်လာခြင်းနှင့် ချေကြည့်ပါက သွေးရောင်ထွက်လာခြင်း၊
- မှိုဟင်းအတွင်း စတီးဇွန်း(သို့) ဓါးဖြင့်မွှေကြည့်ပါက မှိုဟင်းမဲသွားခြင်း၊
- မှိုဟင်းအတွင်း ကြက်သွန်နီဥထည့်လိုက်ပါက ကြက်သွန်နီဥမဲသွားခြင်း၊
- မှိုကိုဆားရည်တွင် စိမ်လိုက်ပါက အရောင်မဲလာခြင်း၊

အခုလိုမိုးရာသီမှာ ခြင်ကိုက်မခံရအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းများ

မှိုဆိပ်သင့်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော လက္ခဏာများ

မှိုစားပြီး(၂၀)မိနစ်မှ(၄)နာရီအတွင်း မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့အပြင် ဦးနှောက်နှင့်အာရုံကြောအဆိပ်သင့်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓါတ်ကျခြင်းတို့ ဖြစ်စေနိုင်ပါသည်။

သတိပြုရန်

မိမိစားနေကျ၊ စားဖူးသောမှိုများကိုသာစားပါ။
အများစားသုံးသောမှိုများကိုသာစားပါ။
အဆိပ်ရှိသည်ဟုသံသယဖြစ်ဖွယ်မှိုများ၊ သေချာစွာမသိသောမှိုများ၊ မစားဖူးသော မှိုများကို မစားပါနှင့်။
မှိုဆိပ်သင့်လက္ခဏာများပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံသို့ ချက်ချင်းပို့ဆောင်၍ ကုသမှုခံယူပါရန်။

>>> ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ

မိမိမသိသော၊ မစားဘူးသောမှိုကို မစားသုံးခြင်းသည် အကောင်းဆုံး ကာကွယ်နည်းဖြစ်သည်။

Source Ministry of Health


Read 759 times Last modified on Thursday, 25 July 2019 16:27
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.