Friday, 05 July 2019 14:34

three-dead-from-h1n1-influenza-virus.jpg

တစ်နိုင်ငံလုံး အတိုင်းအတာအရ ဇန်နဝါရီ ၁ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲစစ်ဆေးသူ (၄၀၂) ဦးတွင် ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိလူနာ (၁၄၁) ဦးရှိပြီး သေဆုံးသူ (၂၉) ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူနှင့် သေဆုံးသူ အများဆုံး ဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း (၂၁၆) ဦးအနက် ဖြစ်ပွားသူဦးရေမှာ (၈၇) ဦးရှိပြီး သေဆုံးသူဦးရေမှာ (၂၃) ဦး ရှိနေပြီ ဖြစ်သည်။

ဒဂုံမြို့သစ်တောင်ပိုင်း - ဖြစ်ပွားသူဦးရေ ၉ ဦး၊ သေဆုံးသူဦးရေ ၁ ဦး
လှိုင်သာယာ - ဖြစ်ပွားသူဦးရေ ၉ ဦး၊ သေဆုံးသူဦးရေ ၄ ဦး
မြောက်ဥက္ကလာ - ဖြစ်ပွားသူဦးရေ ၈ ဦး၊ သေဆုံးသူဦးရေ ၁ ဦး
သင်္ဃန်းကျွန်း - ဖြစ်ပွားသူဦးရေ ၆ ဦး၊ သေဆုံးသူဦးရေ ၁ ဦး
ဒဂုံမြို့သစ်မြောက်ပိုင်း - ဖြစ်ပွားသူဦးရေ ၄ ဦး၊ သေဆုံးသူဦးရေ ၃ ဦး
ကြည့်မြင်တိုင်နှင့် မရမ်းကုန်း - ဖြစ်ပွားသူဦးရေ ၄ ဦးစီ၊ သေဆုံးသူဦးရေ ၁ ဦးစီ
သာကေတ - ဖြစ်ပွားသူဦးရေ ၄ ဦး၊ သေဆုံးသူဦးရေ ၂ ဦး
စမ်းချောင်း - ဖြစ်ပွားသူဦးရေ ၃ ဦး၊ သေဆုံးသူဦးရေ ၂ ဦး
ရန်ကင်း - ဖြစ်ပွားသူဦးရေ ၃ ဦး၊ သေဆုံးသူဦးရေ ၁ ဦး
မှော်ဘီ - ဖြစ်ပွားသူဦးရေ ၂ ဦး၊ သေဆုံးသူဦးရေ ၂ ဦး
အလုံ၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် သုံးခွ - ဖြစ်ပွားသူဦးရေ ၁ ဦးစီနှင့် သေဆုံးသူဦးရေ ၁ ဦးစီ ရှိသည်။

နိုင်ငံတကာနှင့် တစ်ပြေးညီ ရုံတင်ပြသနေသော SPIDER MAN ( Far From Home ) ရုပ်ရှင်ဇာတ်ကား

မန္တလေးတိုင်းဒေသကြီးတွင် ဓာတ်ခွဲစစ်ဆေးသူ (၂ ) ဦးရှိသော်လည်း ဖြစ်ပွားသူဦးရေမှာ ( ၁ ) ဦးသာဖြစ်ပြီး သေဆုံးသူမရှိသေးကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း (၁၆) ဦးအနက် ဖြစ်ပွားသူဦးရေ (၇) ဦးနှင့် သေဆုံးသူဦးရေ (၃) ဦး၊ စစ်ကိုင်းတိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း (၅) ဦးအနက် ဖြစ်ပွားသူဦးရေ (၄) ဦးနှင့် သေဆုံးသူဦးရေ (၂) ဦး၊ မွန်ပြည်နယ်တွင် ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း (၅) ဦးအနက် ဖြစ်ပွားသူဦးရေ (၂) ဦးနှင့် သေဆုံးသူဦးရေ (၁) ဦး ဖြစ်သည်။

အခြားသော ပြည်နယ်နှင့် တိုင်းများတွင် အဆိုပါရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူများ ရှိသော်လည်း လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

အစိုးရ ဆေးရုံများ နှင့် ပြည်ပဆေးရုံများ

 


Read 614 times Last modified on Friday, 05 July 2019 15:01
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.