Thursday, 25 June 2020 13:01

mdy_5_0.jpg

 

ကိုဗစ်ကာလတွင် တောင်သူများစိုက်ပျိုးရေး၌ အဆင်ပြေစေရန် ကိုဗစ်အထူးချေးငွေ (COVID-19 Special Relief Loan) အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား တစ်ဧကလျှင် ငါးသောင်းနှုန်းဖြင့် စိုက်ပျိုးဧကပေါ် အခြေခံ၍ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ သိရသည်။

အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ဇွန်လ ၂၂ ရက်မှ စတင်ကာ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးဧကပေါ် အခြေခံ၍ တောင်သူတစ်ဦးလျှင် အများဆုံး (၁၀) ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကာ ပြန်ဆပ်ကာလမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၅) ရက်အတွင်း ဖြစ်သည်။

ကိုဗစ်အထူးချေးငွေ (COVID-19 Special Relief Loan) ဖြင့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ရန်ပုံငွေ (၃၇.၂၆) ဘီလီယံ ခွင့်ပြုထားကြောင်း၊ ဇွန် ၂၂ ရက်တွင် စတင်ထုတ်ချေးခဲ့ပြီး စတင်ထုတ်ချေး သည့်နေ့တွင် တိုင်းဒေသကြီးအတွင်းရှိ တောင်သူ (၁၃၈) ဦး မှ စိုက်ပျိုးဧက (၆၄၅) ဧကအတွက် ငွေကျပ် (၃၂၂.၅ သိန်း) ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ ယခုလမှ စက်တင်ဘာလ အထိ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊

တစ်နှစ်အတိုးနှုန်းမှာ (၅) ရာခိုင်နှုန်းဖြစ်ပြီး ပြန်ဆပ်ကာလမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ကြောင်း၊ သတ်မှတ်ကာလ ကျော်လွန်ပါက ဒဏ်ကြေးအဖြစ် ငွေကျပ် (၁၀၀) လျှင် ပြား (၅၀) ထပ်မံပေးရမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ( မန္တလေး) မှ မန်နေဂျာ ဒေါ်ယဉ်နွဲ့ က ပြောကြားသည်။

ကိုဗစ်အထူးချေးငွေက လယ်ဖြစ်ဖြစ်/ ယာဖြစ်ဖြစ် စိုက်ဧကပေါ် အခြေခံပြီး ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မြေတစ်မျိုးအတွက် တစ်ကြိမ်သာ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ယခင်စိုက်ပျိုးစရိတ်ချေးငွေများသည် သီးနှံဧကကို အခြေခံပြီး ထုတ်ချေးပေးခြင်းဖြစ်ပြီး ယခုချေးငွေသည် စိုက်ဧကကို အခြေခံထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ အချိန်ပြည့်ကြွေးကျေတောင်သူများသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲများက တောင်သူများအား ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ စပါးသီးနှံအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့်အခြားသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ဖြစ်ကြောင်း သိရပြီး ယခုအခါ ကိုဗစ်အထူးချေးငွေအဖြစ် စိုက်ဧကပေါ်အခြေခံ၍ တစ်ဧကလျှင်ငွေကျပ်ငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ တစ်နှစ်အတိုးနှုန်းမှာ (၅) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

MOI

==============================

မႏၲေလးတိုင္းအတြင္းရွိ ေတာင္သူမ်ားအား တစ္ဧကလွ်င္ ငါးေသာင္းထုတ္ေခ်းေပး

ကိုဗစ္ကာလတြင္ ေတာင္သူမ်ားစိုက္ပ်ိဳးေရး၌ အဆင္ေျပေစရန္ ကိုဗစ္အထူးေခ်းေငြ (COVID-19 Special Relief Loan) အစီအစဥ္ျဖင့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ေတာင္သူမ်ားအား တစ္ဧကလွ်င္ ငါးေသာင္းႏႈန္းျဖင့္ စိုက္ပ်ိဳးဧကေပၚ အေျခခံ၍ ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲ (မႏၲေလး) မွ သိရသည္။

အဆိုပါစိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို တစ္ႏွစ္အတိုးႏႈန္း (၅) ရာခိုင္ႏႈန္းျဖင့္ ဇြန္လ ၂၂ ရက္မွ စတင္ကာ စက္တင္ဘာလအထိ ထုတ္ေခ်းေပးသြားမည္ျဖစ္ၿပီး စိုက္ပ်ိဳးဧကေပၚ အေျခခံ၍ ေတာင္သူတစ္ဦးလွ်င္ အမ်ားဆုံး (၁၀) ဧကအထိ ထုတ္ေခ်းေပးသြားမည္ျဖစ္ကာ ျပန္ဆပ္ကာလမွာ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလ (၁၅) ရက္အတြင္း ျဖစ္သည္။

ကိုဗစ္အထူးေခ်းေငြ (COVID-19 Special Relief Loan) ျဖင့္ ေတာင္သူမ်ားအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြ ရန္ပုံေငြ (၃၇.၂၆) ဘီလီယံ ခြင့္ျပဳထားေၾကာင္း၊ ဇြန္ ၂၂ ရက္တြင္ စတင္ထုတ္ေခ်းခဲ့ၿပီး စတင္ထုတ္ေခ်း သည့္ေန႔တြင္ တိုင္းေဒသႀကီးအတြင္းရွိ ေတာင္သူ (၁၃၈) ဦး မွ စိုက္ပ်ိဳးဧက (၆၄၅) ဧကအတြက္ ေငြက်ပ္ (၃၂၂.၅ သိန္း) ထုတ္ေခ်းေပးႏိုင္ခဲ့ေၾကာင္း၊ ယခုလမွ စက္တင္ဘာလ အထိ ထုတ္ေခ်းေပးသြားမည္ ျဖစ္ေၾကာင္း၊

တစ္ႏွစ္အတိုးႏႈန္းမွာ (၅) ရာခိုင္ႏႈန္းျဖစ္ၿပီး ျပန္ဆပ္ကာလမွာ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလအတြင္း ျဖစ္ေၾကာင္း၊ သတ္မွတ္ကာလ ေက်ာ္လြန္ပါက ဒဏ္ေၾကးအျဖစ္ ေငြက်ပ္ (၁၀၀) လွ်င္ ျပား (၅၀) ထပ္မံေပးရမည္ျဖစ္ေၾကာင္း၊ ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္ခြဲ ( မႏၲေလး) မွ မန္ေနဂ်ာ ေဒၚယဥ္ႏြဲ႕ က ေျပာၾကားသည္။

ကိုဗစ္အထူးေခ်းေငြက လယ္ျဖစ္ျဖစ္/ ယာျဖစ္ျဖစ္ စိုက္ဧကေပၚ အေျခခံၿပီး ထုတ္ေခ်းေပးသြားမည္ျဖစ္ၿပီး ေျမတစ္မ်ိဳးအတြက္ တစ္ႀကိမ္သာ ထုတ္ေခ်းေပးသြားမည္ ျဖစ္ေၾကာင္း၊ ယခင္စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားသည္ သီးႏွံဧကကို အေျခခံၿပီး ထုတ္ေခ်းေပးျခင္းျဖစ္ၿပီး ယခုေခ်းေငြသည္ စိုက္ဧကကို အေျခခံထုတ္ေခ်းေပးျခင္း ျဖစ္ေၾကာင္း၊ အခ်ိန္ျပည့္ေႂကြးေက်ေတာင္သူမ်ားသာ ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း၊ ၎က ဆက္လက္ေျပာၾကားသည္။

ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရး ဘဏ္ခြဲမ်ားက ေတာင္သူမ်ားအား ရာသီအလိုက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းေပးလ်က္ရွိရာ စပါးသီးႏွံအတြက္ တစ္ဧကလွ်င္ ေငြက်ပ္တစ္သိန္းခြဲႏွင့္အျခားသီးႏွံမ်ားအတြက္ တစ္ဧကလွ်င္ ေငြက်ပ္တစ္သိန္း ျဖစ္ေၾကာင္း သိရၿပီး ယခုအခါ ကိုဗစ္အထူးေခ်းေငြအျဖစ္ စိုက္ဧကေပၚအေျခခံ၍ တစ္ဧကလွ်င္ေငြက်ပ္ငါးေသာင္းႏႈန္းျဖင့္ ထုတ္ေခ်းေပးလ်က္ရွိရာ တစ္ႏွစ္အတိုးႏႈန္းမွာ (၅) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။

MOI


Read 396 times Last modified on Thursday, 25 June 2020 13:22
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.