Print this page
Thursday, 21 May 2020 12:24

dsc_1792.jpg

 

မန္တလေးဈေးချိုတော်၊ ရတနာပုံဈေး၊ မန်းမြန်မာပလာဇာ စသည့် ဈေးကြီးများအားလုံး မနက်ဖြန် မေ (၂၂) ရက် နံနက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဈေးချိုတော်နှင့် အထက်ပါဈေးများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ရေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်များအတိုင်း အပြည့်အ၀ လိုက်နာကာ ဖွင့်လှစ်ရမည်ဟု ဆိုသည်။ ဈေးဖွင့်ချိန်မှာ နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ ဖြစ်သည်။

ထို့အပြင် ဈေးများ ဖွင့်လှစ်ရာတွင် စည်းကမ်းချက်အသစ်များ သတ်မှတ်ထားပြီး ဈေးရုံများအတွင်း လေဝင်လေထွက် ကောင်းမွန်စေရန်၊ ဈေးသည်ဈေး၀၀ယ်များ သွားလာရာတွင် ထိတွေ့နီးကပ်မှု မဖြစ်စေရန် လျှောက်လမ်းများအတွင်း ကုန်ပစ္စည်းများ မထားရန်၊ ထိုင်ခုံမျာကို ခွင့်ပြုအရေအတွက်ထက် ပိုမထားရန်၊ ဆိုင်တိုင်းတွင် လက်သန့်စင်ဆေးရည်ဗူး ထားရှိရန်၊ ဈေးဝယ်များကို ဈေးဆိုင်ရှင်က အစားအသောက်များ ဆိုင်ထိုင်ဧည့်ခံခြင်း မပြုရန်၊ ကုန်အမှာစာများကို ဖုန်းဖြင့် လက်ခံထားပြီး ကုန်ပစ္စည်းများကို အိမ် သို့မဟုတ် ဂိုထောင်မှ ထုတ်ပေးကာ ဈေးဆိုင်ကို ရုံးခန်းသဖွယ် အသုံးပြု၍ ရောင်းဝယ်မှု ပုံစံသစ်ကို စတင်ပြောင်းလဲရန် စသည့် စည်းကမ်းချက်များ သတ်မှတ်ထားသည်။

ဈေးးများ ဖွင့်လှစ်ပြီးနောက်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ၊ မြို့တော်ဝန် အပါအဝင် စည်ပင်တာဝန်ရှိသူများက လိုက်လံစစ်ဆေးမည် ဖြစ်ပြီး စည်းကမ်းပျက်သည့် ဈေးဆိုင်များကို ဖွင့်လှစ်ခွင့် ပိတ်ပင်မည်ဟု စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

Mandalay In-depth News

==============================

မႏၲေလးေဈးခ်ိဳ အပါအဝင္ ေဈးႀကီးအားလုံး ေမလ ၂၂ ရက္ေန႔ ျပန္ဖြင့္မည္

မႏၲေလးေဈးခ်ိဳေတာ္၊ ရတနာပုံေဈး၊ မန္းျမန္မာပလာဇာ စသည့္ ေဈးႀကီးမ်ားအားလုံး မနက္ျဖန္ ေမ (၂၂) ရက္ နံနက္မွ စတင္ကာ ျပန္လည္ဖြင့္လွစ္ခြင့္ ျပဳမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ သိရသည္။

ေဈးခ်ိဳေတာ္ႏွင့္ အထက္ပါေဈးမ်ား ျပန္လည္ဖြင့္လွစ္ရာတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ COVID-19 ကာကြယ္ေရးႏွင့္ ပတ္သက္သည့္ သတ္မွတ္ခ်က္မ်ားအတိုင္း အျပည့္အ၀ လိုက္နာကာ ဖြင့္လွစ္ရမည္ဟု ဆိုသည္။ ေဈးဖြင့္ခ်ိန္မွာ နံနက္(၈)နာရီမွ ညေန(၄)နာရီအထိ ျဖစ္သည္။

ထို႔အျပင္ ေဈးမ်ား ဖြင့္လွစ္ရာတြင္ စည္းကမ္းခ်က္အသစ္မ်ား သတ္မွတ္ထားၿပီး ေဈး႐ုံမ်ားအတြင္း ေလဝင္ေလထြက္ ေကာင္းမြန္ေစရန္၊ ေဈးသည္ေဈး၀၀ယ္မ်ား သြားလာရာတြင္ ထိေတြ႕နီးကပ္မႈ မျဖစ္ေစရန္ ေလွ်ာက္လမ္းမ်ားအတြင္း ကုန္ပစၥည္းမ်ား မထားရန္၊ ထိုင္ခုံမ်ာကို ခြင့္ျပဳအေရအတြက္ထက္ ပိုမထားရန္၊ ဆိုင္တိုင္းတြင္ လက္သန႔္စင္ေဆးရည္ဗူး ထားရွိရန္၊ ေဈးဝယ္မ်ားကို ေဈးဆိုင္ရွင္က အစားအေသာက္မ်ား ဆိုင္ထိုင္ဧည့္ခံျခင္း မျပဳရန္၊ ကုန္အမွာစာမ်ားကို ဖုန္းျဖင့္ လက္ခံထားၿပီး ကုန္ပစၥည္းမ်ားကို အိမ္ သို႔မဟုတ္ ဂိုေထာင္မွ ထုတ္ေပးကာ ေဈးဆိုင္ကို ႐ုံးခန္းသဖြယ္ အသုံးျပဳ၍ ေရာင္းဝယ္မႈ ပုံစံသစ္ကို စတင္ေျပာင္းလဲရန္ စသည့္ စည္းကမ္းခ်က္မ်ား သတ္မွတ္ထားသည္။

ေဈးးမ်ား ဖြင့္လွစ္ၿပီးေနာက္တြင္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ဥကၠဌ၊ ၿမိဳ႕ေတာ္ဝန္ အပါအဝင္ စည္ပင္တာဝန္ရွိသူမ်ားက လိုက္လံစစ္ေဆးမည္ ျဖစ္ၿပီး စည္းကမ္းပ်က္သည့္ ေဈးဆိုင္မ်ားကို ဖြင့္လွစ္ခြင့္ ပိတ္ပင္မည္ဟု စည္ပင္ေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာသည္။

Mandalay In-depth News


Read 357 times
Rate :
(1 Vote)

Related items