Tuesday, 19 May 2020 16:36

Construction_2.jpg

 

အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ခွင့်ပြုမိန့် ရရှိပြီးသော ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၁၄,၅၃၈) ခုကို မေလ ၁၆ ရက်နေ့က စတင်ကာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြန်လည် လုပ်ဆောင်ခွင့်ပြုခဲ့သည်။

အဆိုပါ လုပ်ငန်းများထဲတွင် အဆောက်အဦ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ဝင်းခြံခတ်ခြင်း လုပ်ငန်းများ၊ ပြန်လည် စတင်ရန် လိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်သည်။

စည်ပင်နယ်မြေ တာဝန်ခံအင်ဂျင်နီယာများက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက် ( ၁၁ ) ချက် ပါ အကြောင်းကြားစာများကို လုပ်ငန်းခွင်အရောက် လိုက်လံ ပေးဝေဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်စေရေးအတွက် အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနခွဲမှူး၊ မြို့နယ်တာဝန်ခံအင်/ယာ၊ နယ်မြေတာဝန်ခံအင်/ယာ၊ မြို့နယ် EO ရုံး ဝန်ထမ်းများက စီမံချက်များ ချမှတ်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်သည်။

စည်းကမ်းချက်အတိုင်း လိုက်နာမှုရှိမရှိ သိရှိနိုင်ရန်အတွက် လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် ခွင့်ပြုထားပြီး စစ်ဆေးသည့် အချိန်တွင် လိုက်နာမှုမရှိပါက ပညာပေးပြီး (၃) ရက်အကြာ ပြန်စစ်မည် ဖြစ်သည်။

ထပ်မံ စစ်ဆေးချိန်တွင် လိုက်နာမှု စိတ်တိုင်းမကျပါက လုပ်ငန်းကို တစ်ပတ်ရပ်နားခိုင်းမည် ဖြစ်ပြီး နောက်တစ်ကြိမ် စစ်ဆေးချိန်တွင် ထပ်ပြီး ပျက်ကွက်ပါက လုပ်ငန်း နှစ်ပတ်ရပ်နားခိုင်းပြီး စိတ်တိုင်းကျမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်ထံမှ သိရသည်။

Su Mon Oo ( Mine )

==============================

မႏၲေလးရွိ ေဆာက္လုပ္ေရးလုပ္ငန္း (၁၅,၀၀၀) ခန႔္ကို သတ္မွတ္ခ်က္မ်ားျဖင့္ ျပန္လည္ စတင္ခြင့္ျပဳ

အေဆာက္အအုံႏွင့္ ကုန္႐ုံဌာနမွ ခြင့္ျပဳမိန႔္ ရရွိၿပီးေသာ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၁၄,၅၃၈) ခုကို ေမလ ၁၆ ရက္ေန႔က စတင္ကာ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ ျပန္လည္ လုပ္ေဆာင္ခြင့္ျပဳခဲ့သည္။

အဆိုပါ လုပ္ငန္းမ်ားထဲတြင္ အေဆာက္အဦ ေဆာက္လုပ္ျခင္း၊ ျပင္ဆင္ျခင္း၊ တိုးခ်ဲ႕ျခင္း၊ ဝင္းၿခံခတ္ျခင္း လုပ္ငန္းမ်ား၊ ျပန္လည္ စတင္ရန္ လိုအပ္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္း အေရာင္းဆိုင္မ်ားႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ပါဝင္သည္။

စည္ပင္နယ္ေျမ တာဝန္ခံအင္ဂ်င္နီယာမ်ားက COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လိုက္နာရမည့္ စည္းကမ္းခ်က္ ( ၁၁ ) ခ်က္ ပါ အေၾကာင္းၾကားစာမ်ားကို လုပ္ငန္းခြင္အေရာက္ လိုက္လံ ေပးေဝေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

ယင္းေဆာက္လုပ္ေရးလုပ္ငန္းမ်ားအေနျဖင့္ သတ္မွတ္စည္းကမ္းခ်က္မ်ား လိုက္နာေဆာင္႐ြက္ေစေရးအတြက္ အေဆာက္အအုံႏွင့္ ကုန္႐ုံဌာနမွ ဌာနခြဲမႉး၊ ၿမိဳ႕နယ္တာဝန္ခံအင္/ယာ၊ နယ္ေျမတာဝန္ခံအင္/ယာ၊ ၿမိဳ႕နယ္ EO ႐ုံး ဝန္ထမ္းမ်ားက စီမံခ်က္မ်ား ခ်မွတ္၍ ကြင္းဆင္းစစ္ေဆး ေဆာင္႐ြက္သြားမည္ ျဖစ္သည္။

စည္းကမ္းခ်က္အတိုင္း လိုက္နာမႈရွိမရွိ သိရွိႏိုင္ရန္အတြက္ လုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ရန္ ခြင့္ျပဳထားၿပီး စစ္ေဆးသည့္ အခ်ိန္တြင္ လိုက္နာမႈမရွိပါက ပညာေပးၿပီး (၃) ရက္အၾကာ ျပန္စစ္မည္ ျဖစ္သည္။

ထပ္မံ စစ္ေဆးခ်ိန္တြင္ လိုက္နာမႈ စိတ္တိုင္းမက်ပါက လုပ္ငန္းကို တစ္ပတ္ရပ္နားခိုင္းမည္ ျဖစ္ၿပီး ေနာက္တစ္ႀကိမ္ စစ္ေဆးခ်ိန္တြင္ ထပ္ၿပီး ပ်က္ကြက္ပါက လုပ္ငန္း ႏွစ္ပတ္ရပ္နားခိုင္းၿပီး စိတ္တိုင္းက်မွသာ ျပန္လည္ ဖြင့္လွစ္ခြင့္ျပဳမည္ ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ဝန္ ဦးရဲလြင္ထံမွ သိရသည္။

Su Mon Oo ( Mine )


Read 337 times Last modified on Tuesday, 19 May 2020 16:51
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.