Tuesday, 19 May 2020 14:38

Express.jpg

 

COVID-19 ဖြစ်ပွားမှု ကာကွယ်ရန် အဝေးပြေးခရီးသည်ယာဉ်များ ပြေးဆွဲမှုကို ဧပြီလဆန်းပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထွက်ခွာပြေးဆွဲ ဝင်ရောက်မှုကန့်သတ်ထားခဲ့ရာ လက်ရှိတွင် ဖြေလျော့မှုအရ မေ ၁၆ ရက်မှစတင်ကာ တိုင်းဒေသကြီးအတွင်းရှိမြို့များသို့ပြေးဆွဲနေသော ယာဉ်များအား ပြန်လည် ပြေးဆွဲခွင့်ပြုပြီဖြစ်သည်။

တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော မိုင် ၁၀၀ အောက်ခရီးစဉ် ယာဉ်အသင်းများအနေဖြင့် မေ ၁၆ ရက်နေ့မှစတင်ကာ ထွက်ခွာပြေးဆွဲမည်ဖြစ်ပြီး အဆိုပါ ယာဉ်အသင်းများရှိသည့် ယာဉ်ရပ်နားစခန်း ၃ ခုအားပြန်လည်ဖွင့်လှစ်ရန် ပိုးသတ်ဆေးဖြန်းခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (အဝေးပြေး) မှ သိရသည်။

“ ကားကွင်းတွေကနေ မန္တလေးတိုင်းအတွင်းပြေးဆွဲတဲ့ ယာဉ်အသင်းပေါင်း ၁၀၀ ကျော် စပြေးမှာပါ။ ကားကွင်းအနေနဲ့ ၅ ကွင်းရှိတဲ့ထဲက သီရိမန္တလာကားကွင်း၊ မဟာအောင်မြေကားကွင်း၊ ချမ်းမြရွှေပြည်ကားကွင်းတွေမှာရှိတဲ့ မိုင် ၁၀၀ အောက်ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ် အကုန်ပြေးဆွဲမှာပါ။ ခရီးသည်တင်ဖို့အတွက်ကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ညီ ပြေးဆွဲနိုင်ဖို့ဆောင်ရွက်နေပါတယ်” ဟု တိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (အဝေးပြေး) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းကပြောသည်။

ဖြေလျော့မှုအရ ယာဉ်အသင်းများ စနစ်တကျ ပြေးဆွဲရန်အတွက် ကိုရိုနာရောဂါ ကာကွယ်ရေးအဖြစ် လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ကာ ယာဉ်ဂိတ်များ၊ ခရီးသည်များ၊ ယာဉ်ပိုင်ရှင်များအနေဖြင့် အသိပေးထုတ်ပြန်ထားမည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောက်ရွက်ရမည်ဖြစ်ပြီး အဆိုပါစည်းကမ်းချက်များကို ယာဉ်အသင်းများသို့ ဖြန့်ဝေအသိပေးခြင်းများ စတင်ဆောင်ရွက်လျက် ရှိသည်။

မန္တလေးမြို့ပေါ်ရှိ ယာဉ်ရပ်နားစခန်းများမှ အမြို့မြို့အနယ်နယ်သို့ပြေးဆွဲနေသော ယာဉ်အသင်းများအနက် ပုဂံ၊ညောင်ဦး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်းမြို့များသို့ပြေးဆွဲနေသော ယာဉ်အသင်း ၅၀ ရာခိုင်နှုန်းမှာ ပြန်လည်ပြေးဆွဲခွင့်ရပြီး ကျန် တိုင်းပြင်ပ မြို့များသို့ပြေးဆွဲနေသော ယာဉ်အသင်းများအနေဖြင့် ပြေးဆွဲခွင့် မရှိသေးကြောင်း သိရသည်။

EMG

==============================

မႏၲေလးတိုင္းတြင္ ခရီးသည္တင္ယာဥ္လိုင္း (၁၀၀) ေက်ာ္ ျပန္လည္ ေျပးဆြဲခြင့္ရ

COVID-19 ျဖစ္ပြားမႈ ကာကြယ္ရန္ အေဝးေျပးခရီးသည္ယာဥ္မ်ား ေျပးဆြဲမႈကို ဧၿပီလဆန္းပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ထြက္ခြာေျပးဆြဲ ဝင္ေရာက္မႈကန႔္သတ္ထားခဲ့ရာ လက္ရွိတြင္ ေျဖေလ်ာ့မႈအရ ေမ ၁၆ ရက္မွစတင္ကာ တိုင္းေဒသႀကီးအတြင္းရွိၿမိဳ႕မ်ားသို႔ေျပးဆြဲေနေသာ ယာဥ္မ်ားအား ျပန္လည္ ေျပးဆြဲခြင့္ျပဳၿပီျဖစ္သည္။

တိုင္းေဒသႀကီးအတြင္း ေျပးဆြဲေနေသာ မိုင္ ၁၀၀ ေအာက္ခရီးစဥ္ ယာဥ္အသင္းမ်ားအေနျဖင့္ ေမ ၁၆ ရက္ေန႔မွစတင္ကာ ထြက္ခြာေျပးဆြဲမည္ျဖစ္ၿပီး အဆိုပါ ယာဥ္အသင္းမ်ားရွိသည့္ ယာဥ္ရပ္နားစခန္း ၃ ခုအားျပန္လည္ဖြင့္လွစ္ရန္ ပိုးသတ္ေဆးျဖန္းျခင္းမ်ားလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း တိုင္းေဒသႀကီး ယာဥ္လုပ္ငန္းႀကီးၾကပ္မႈေကာ္မတီ (အေဝးေျပး) မွ သိရသည္။

“ ကားကြင္းေတြကေန မႏၲေလးတိုင္းအတြင္းေျပးဆြဲတဲ့ ယာဥ္အသင္းေပါင္း ၁၀၀ ေက်ာ္ စေျပးမွာပါ။ ကားကြင္းအေနနဲ႔ ၅ ကြင္းရွိတဲ့ထဲက သီရိမႏၲလာကားကြင္း၊ မဟာေအာင္ေျမကားကြင္း၊ ခ်မ္းျမေ႐ႊျပည္ကားကြင္းေတြမွာရွိတဲ့ မိုင္ ၁၀၀ ေအာက္ေျပးဆြဲတဲ့ ခရီးသည္တင္ယာဥ္ အကုန္ေျပးဆြဲမွာပါ။ ခရီးသည္တင္ဖို႔အတြက္ကိုေတာ့ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြနဲ႔ညီ ေျပးဆြဲႏိုင္ဖို႔ေဆာင္႐ြက္ေနပါတယ္” ဟု တိုင္းေဒသႀကီး ယာဥ္လုပ္ငန္းႀကီးၾကပ္မႈေကာ္မတီ (အေဝးေျပး) မွ ဥကၠ႒ ဦးေအာင္ေက်ာ္လင္းကေျပာသည္။

ေျဖေလ်ာ့မႈအရ ယာဥ္အသင္းမ်ား စနစ္တက် ေျပးဆြဲရန္အတြက္ ကို႐ိုနာေရာဂါ ကာကြယ္ေရးအျဖစ္ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ား သတ္မွတ္ကာ ယာဥ္ဂိတ္မ်ား၊ ခရီးသည္မ်ား၊ ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ အသိေပးထုတ္ျပန္ထားမည့္ စည္းကမ္းခ်က္မ်ားအတိုင္း လိုက္နာေဆာက္႐ြက္ရမည္ျဖစ္ၿပီး အဆိုပါစည္းကမ္းခ်က္မ်ားကို ယာဥ္အသင္းမ်ားသို႔ ျဖန႔္ေဝအသိေပးျခင္းမ်ား စတင္ေဆာင္႐ြက္လ်က္ ရွိသည္။

မႏၲေလးၿမိဳ႕ေပၚရွိ ယာဥ္ရပ္နားစခန္းမ်ားမွ အၿမိဳ႕ၿမိဳ႕အနယ္နယ္သို႔ေျပးဆြဲေနေသာ ယာဥ္အသင္းမ်ားအနက္ ပုဂံ၊ေညာင္ဦး၊ ေပ်ာ္ဘြယ္၊ ရမည္းသင္း၊ ျပင္ဦးလြင္၊ မိုးကုတ္၊ တေကာင္းၿမိဳ႕မ်ားသို႔ေျပးဆြဲေနေသာ ယာဥ္အသင္း ၅၀ ရာခိုင္ႏႈန္းမွာ ျပန္လည္ေျပးဆြဲခြင့္ရၿပီး က်န္ တိုင္းျပင္ပ ၿမိဳ႕မ်ားသို႔ေျပးဆြဲေနေသာ ယာဥ္အသင္းမ်ားအေနျဖင့္ ေျပးဆြဲခြင့္ မရွိေသးေၾကာင္း သိရသည္။

EMG


Read 373 times Last modified on Tuesday, 19 May 2020 14:41
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.