Thursday, 14 May 2020 16:53

2112020-9141-scaled.jpg

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနမှ ဒုတိယဦးစားပေး ဖွင့်လှစ်မည့် ဈေးများကိုဖော်ပြလိုက်ပါသည်။ ၄င်းတို့မှာ...

၁။ ဈေးချို
၂။ တောင်/မြောက်တိုက်တန်းကြီး
၃။ မန်းမြန်မာ
၄။ ရွှေကံ့ကော်ရုံ
၅။ ဈေးချိုပလာဇာ
၆။ ရတနာပုံဈေး
၇။ ဈေးချို ညဈေးတို့ ဖြစ်သည်။

ဒုတိယဦးစားပေး ဖွင့်လှစ်မည့်ဈေးများကို အောက်ပါအတိုင်း အကျိုးတော်ဆောင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၁။ မေလ ၁၆ ရက်နေ့တွင် ဈေးရောင်းချခြင်း လုံးဝမပြုရဘဲ ဈေးရုံအတွင်း ဈေးဆိုင်များ လျှောက်လမ်းကျူး၊ လေဝဲကျူးများ အားလုံးကို ရှင်းလင်းစေရန်။
၂။ လေဝင်လေထွက်ကောင်းရေးစီစဉ်ဆောင်ရွက်ရန်၊ အားလုံး Mask စနစ်တကျတပ်ရန်။
၃။ ဈေးအကျိုးတော်ဆောင်က စိစစ်ပြီး ဆိုင်ခန်း (၁) ခန်းလျှင် ဆိုင်ရှင် (၁) ဦးနှင့် လုပ်သား (၁) ဦးကို မှတ်တမ်းတင်၍ လည်ဆွဲကဒ် ထုတ်ပေးရန်။ (ဃ)
၄။ ဈေးအပြင်ပရဝုဏ်အတွင်း အလုပ်သမားများ၊ အငှားယာဉ်မောင်းများ၊ ပစ္စည်းများ၊ ယာဉ်များစုပြုံး ပိတ်ဆို့မှုမဖြစ်ရေးကို ဈေးအကျိုးတော်ဆောင်များက ကြပ်မတ်ရန်။
၅။ ဈေးအတွင်း ဝင်ရောက်ကုန်ထမ်းပိုးရန် သင့်လျော်သောအရေအတွက်ကို စိစစ်ပြီး ဈေးအကျိုးတော်ဆောင်များက လည်ဆွဲကဒ်ထုတ်ပေးရန်။ ( ထုတ်ပေးမည့် အရေအတွက်ကို ဈေးဌာန အတည်ပြုချက်ယူရန်)
၆။ Social Distancing ဖြစ်ရေးကိုအဓိကထားရန်။
၇။ ဆိုင်ဝန်ထမ်းများကို ဆိုင်မဖွင့်မီ အပူချိန်တိုင်းတာပြီးမှ ဝင်ရောက်စေရန်။
၈။ အထက်ပါ (က မှ ဆ )အထိ အချက်များပြည့်စုံခြင်းရှိမရှိ ဈေးအကျိုးတော်ဆောင်များက ပဏာမ စစ်ဆေးပြီး ပြည့်စုံသဖြင့် ဈေးဖွင့်နိုင်ပြီဆိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးဌာနကို သတင်းပို့ရန်။
၉။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဈေးများကို လိုက်လံစစ်ဆေးပြီး ခွင့်ပြုရန် သင့်တော်သောဈေးများကို စတင်ဖွင့်လှစ်ပေးရန်။

Su Mon Oo ( Mine )

==============================

ေဈးခ်ိဳေတာ္အပါအဝင္ ေဈးႀကီး (၇) ခုကို ဒုတိယ ဦးစားေပးမွသာ ဖြင့္လွစ္ခြင့္ျပဳမည္

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ေဈးႏွင့္သားသတ္ဌာနမွ ဒုတိယဦးစားေပး ဖြင့္လွစ္မည့္ ေဈးမ်ားကိုေဖာ္ျပလိုက္ပါသည္။ ၄င္းတို႔မွာ...

၁။ ေဈးခ်ိဳ
၂။ ေတာင္/ေျမာက္တိုက္တန္းႀကီး
၃။ မန္းျမန္မာ
၄။ ေ႐ႊကံ့ေကာ္႐ုံ
၅။ ေဈးခ်ိဳပလာဇာ
၆။ ရတနာပုံေဈး
၇။ ေဈးခ်ိဳ ညေဈးတို႔ ျဖစ္သည္။

ဒုတိယဦးစားေပး ဖြင့္လွစ္မည့္ေဈးမ်ားကို ေအာက္ပါအတိုင္း အက်ိဳးေတာ္ေဆာင္မ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြးၿပီး ဆက္လက္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

၁။ ေမလ ၁၆ ရက္ေန႔တြင္ ေဈးေရာင္းခ်ျခင္း လုံးဝမျပဳရဘဲ ေဈး႐ုံအတြင္း ေဈးဆိုင္မ်ား ေလွ်ာက္လမ္းက်ဴး၊ ေလဝဲက်ဴးမ်ား အားလုံးကို ရွင္းလင္းေစရန္။
၂။ ေလဝင္ေလထြက္ေကာင္းေရးစီစဥ္ေဆာင္႐ြက္ရန္၊ အားလုံး Mask စနစ္တက်တပ္ရန္။
၃။ ေဈးအက်ိဳးေတာ္ေဆာင္က စိစစ္ၿပီး ဆိုင္ခန္း (၁) ခန္းလွ်င္ ဆိုင္ရွင္ (၁) ဦးႏွင့္ လုပ္သား (၁) ဦးကို မွတ္တမ္းတင္၍ လည္ဆြဲကဒ္ ထုတ္ေပးရန္။ (ဃ)
၄။ ေဈးအျပင္ပရဝုဏ္အတြင္း အလုပ္သမားမ်ား၊ အငွားယာဥ္ေမာင္းမ်ား၊ ပစၥည္းမ်ား၊ ယာဥ္မ်ားစုၿပဳံး ပိတ္ဆို႔မႈမျဖစ္ေရးကို ေဈးအက်ိဳးေတာ္ေဆာင္မ်ားက ၾကပ္မတ္ရန္။
၅။ ေဈးအတြင္း ဝင္ေရာက္ကုန္ထမ္းပိုးရန္ သင့္ေလ်ာ္ေသာအေရအတြက္ကို စိစစ္ၿပီး ေဈးအက်ိဳးေတာ္ေဆာင္မ်ားက လည္ဆြဲကဒ္ထုတ္ေပးရန္။ ( ထုတ္ေပးမည့္ အေရအတြက္ကို ေဈးဌာန အတည္ျပဳခ်က္ယူရန္)
၆။ Social Distancing ျဖစ္ေရးကိုအဓိကထားရန္။
၇။ ဆိုင္ဝန္ထမ္းမ်ားကို ဆိုင္မဖြင့္မီ အပူခ်ိန္တိုင္းတာၿပီးမွ ဝင္ေရာက္ေစရန္။
၈။ အထက္ပါ (က မွ ဆ )အထိ အခ်က္မ်ားျပည့္စုံျခင္းရွိမရွိ ေဈးအက်ိဳးေတာ္ေဆာင္မ်ားက ပဏာမ စစ္ေဆးၿပီး ျပည့္စုံသျဖင့္ ေဈးဖြင့္ႏိုင္ၿပီဆိုပါက မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေဈးဌာနကို သတင္းပို႔ရန္။
၉။ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေဈးမ်ားကို လိုက္လံစစ္ေဆးၿပီး ခြင့္ျပဳရန္ သင့္ေတာ္ေသာေဈးမ်ားကို စတင္ဖြင့္လွစ္ေပးရန္။

Su Mon Oo ( Mine )


Read 331 times Last modified on Thursday, 14 May 2020 17:02
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.