Friday, 24 April 2020 12:53

91174900_3980038678703407_7589557647003615232_o.jpg

 

မန္တလေးအဆင့်မြင့် စျေးချိုတော်နှင့် တိုက်တန်းကြီးကို လာမည့် မေလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးပြီး သက်ဆိုင်ရာသို့ တင်ပြထားကြောင်း စျေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။

စျေးများ ပြန်လည်ဖွင့်နိုင်ရေးအတွက် အစည်းအဝေးကို ဧပြီ၂၃ရက် နံနက်ပိုင်း စျေးချိုတော်​သဇင်ရုံ မြေညီထပ်ရုံဘေးတွင် ပြုလုပ်ရာ စျေးအကျိုးတော်ဆောင်အဖွဲ့က သတ်မှတ်ထားသောကျန်းမာရေးထုတ်ပြန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး သက်ဆိုင်ရာသို့ တင်ပြ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

" စျေးမှာ ကျန်းမာရေးအဖွဲ့တွေ ထားရှိမှာဖြစ်ပြီး စျေးသည်စျေးဝယ်တွေကို ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်ဆေးတာတွေလုပ်မယ် ရောင်းကုန်တွေကို အများကြီးခင်းကျင်းတာ မပြုပဲလေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်သွားမယ် ကျွန်တော်တို့ စျေးချိုဖွင့်သလို တဖက်က မန်းမြန်မာပလာဇာတို့ စျေးချိုပလာဇာတို့လည်း ဖွင့်လိမ့်မယ်ထင်ပါတယ် " ဟု စျေးအကျိုးတော်ဆောင် အတွင်းရေးမှူး ကိုမင်းမင်းက ပြောသည်။

စျေးချိုတော်နှင့် တိုက်တန်းကြီးကို မေလ ၁ရက်နေ့တွင် စတင် ဖွင့်လှစမည် ဖြစ်ပြီး နံနက် ၉နာရီမှ နေ့လည် ၂နာရီအထိသာ ဖွင့်လှစ်မည်ဟု သိရသည်။

မြေညီထပ်စီရုံမှ အထည်ရောင်းသူတစ်ဦးက " ကောင်းတာပေါ့ ပြန်ဖွင့်မယ်ဆိုတော့ အိမ်မှာထိုင်နေရတာ ကြာပြီလေ ခုပြန်ဖွင့်ရမယ်ဆိုတော့ဝင်ငွေအနည်းအကျဥ်းတော့ ရလာနိုင်တာပေါ့ " ဟု ပြောသည်။

==============================

မန္တလေးဈေးချိုတော်နှင့် တိုက်တန်း မေလ ၁ ရက်နေ့ ပြန်ဖွင့်နိုင်မည်လား

မန္တလေးအဆင့်မြင့် ဈေးချိုတော်နှင့် တိုက်တန်းကြီးကို လာမည့် မေလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးပြီး သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။

ဈေးများ ပြန်လည်ဖွင့်နိုင်ရေးအတွက် အစည်းအဝေးကို ဧပြီ၂၃ရက် နံနက်ပိုင်း ဈေးချိုတော်​သဇင်ရုံ မြေညီထပ်ရုံဘေးတွင် ပြုလုပ်ရာ ဈေးအကျိုးတော်ဆောင်အဖွဲ့က သတ်မှတ်ထားသောကျန်းမာရေးထုတ်ပြန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး သက်ဆိုင်ရာသို့ တင်ပြ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

" ဈေးမှာ ကျန်းမာရေးအဖွဲ့တွေ ထားရှိမှာဖြစ်ပြီး ဈေးသည်ဈေးဝယ်တွေကို ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်ဆေးတာတွေလုပ်မယ် ရောင်းကုန်တွေကို အများကြီးခင်းကျင်းတာ မပြုပဲလေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်သွားမယ် ကျွန်တော်တို့ ဈေးချိုဖွင့်သလို တဖက်ကမန်းမြန်မာပလာဇာတို့ ဈေးချိုပလာဇာတို့လည်း ဖွင့်လိမ့်မယ်ထင်ပါတယ် " ဟု ဈေးအကျိုးတော်ဆောင် အတွင်းရေးမှူး ကိုမင်းမင်းက ပြောသည်။

ဈေးချိုတော်နှင့် တိုက်တန်းကြီးကို မေလ ၁ရက်နေ့တွင် စတင် ဖွင့်လှစမည် ဖြစ်ပြီး နံနက်၉နာရီမှ နေ့လည် ၂နာရီအထိသာ ဖွင့်လှစ်မည်ဟု သိရသည်။


Shwe Mandalay News


Read 443 times Last modified on Friday, 24 April 2020 13:13
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.